6

76 8 0
                                    

နေ၀င်နေတဲ့အချိန်ကို နောက်ခံထားပြီး အကိုဆောင်ဟွန်းက သူ့ကိုတစ်ခါမှမကြည့်ဖူးတဲ့ အကြည့်တွေနဲ့ ဂျယ်ယွန်းဟျောင်းရဲ့ ခါးကိုဖက်ပြီး နှစ်နှစ်ကာကာမြတ်နိုးသလို ကြည့်နေတာ... ကြည့်ရတာ ဒီကိုရီးယား‌ေမြတော့မဟုတ်။

ဂျယ်ယွန်းဟျောင်းနဲ့ အကိ‌ုဆောင်ဟွန်းက ဘယ်လိုပတ်သတ်မှုမျိူးလဲ။ ဆောနူလိုက်စဉ်းစားကြည့်တော့ ဂျယ်ယွန်း ဩဇီမှာစာသွားသင်တဲ့ သုံးနှစ်တာ။ အကိုဆောင်ဟွန်းလဲ နိုင်ငံခြားမှာ သုံးနှစ်လောက် စာသင်ဖူးတယ်ပြောတယ်ဟုတ်?? မဟုတ်မှလွဲကော အဲ့သုံးနှစ်အတွင်း...

ထိုအချိန် မျက်စိထဲပေါ်လာတဲ့ ပုံရိပ်တွေ..

အကို့ကိုတွေ့တော့ ပျက်ယွင်းကုန်တဲ့ မေမေ့အမူအရာနဲ့ ဂျယ်ယွန်းဟျောင်းရဲ့အမူအရာ..

ပြီးတော့ ဂျယ်ယွန်းဟျောင်းကိုတွေ့တော့ ဖြစ်ကုန်တဲ့ အကို့မိဘတွေရဲ့အမူအရာ...

ဟားးးးးး သူက တကယ်ကိုအရူးတစ်ယောက်ဖြစ်နေပါလား

တကယ် သူထင်သလိုသာဆိုရင် အားလုံးက သူ့ကို အရူးလုပ်နေခဲ့တာလား။ ဘာမှမသိတဲ့သူ့ကိုလေ.... ဂျယ်ယွန်းဟျောင်းက ဘာလို့ သူ့ကိုညာခဲ့တာလဲ။ ပြောတော့ တစ်ခါမှမမြင်ဖူးတဲ့သူတွေပါဆို အမူအရာတွေ ပုံမမှန်လို့ သူမေးခဲ့တုန်းက..။ ဘာလို့ညာရတာလဲ။
ဆောနူ သူဘယ်လိုမှမယုံကြည်နိုင်လို့။ အကို့ကို တိုက်ရိုက်မေးရမည်။ အကို့ပါးစပ်က ထွက်တဲ့စကားကို သူယုံမည်။ မဟုတ်ဘူးလိုဖြေပေးမယ်မလား အကို။

ဆောနူဓာတ်ပုံကို ကိုင်ပြီး ဆောင်ဟွန်းကို အခန်းထဲမှာ ထိုင်စောင့်နေခဲ့သည်။  အခုချိန်မှာ သူ့စိတ်ထဲ ဆောက်တည်ရာမရ။ တကယ်ကြီးသာဆို... သူတို့အချင်းချင်း စိတ်ရှိနေသေးကြရင်ကော... အကိုက ဂျယ်ယွန်းဟျောင်းနဲ့ နီးစပ်ဖို့ သူ့ဆီကို ချဉ်းကပ်လာခဲ့တာဆိုရင် သူဘယ်လိုလုပ်ရပါ့။ ဓာတ်ပုံကိုတောင် အခုထိသိမ်းထားပုံထောက်ရင် မမေ့သေးဘူးဆိုတဲ့ အဓိပ္ပာယ်မလား။ ဆောနူတကယ် ရင်တွေန‌ာနေပြီ။

ထို့နောက် ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့ အိမ်ထဲ ၀င်လာတဲ့ခြေသံကြောင့် သူအလိုလို မတ်တပ်ရပ်လိုက်မိသည်။ ထိုခြေသံရဲ့ဦးတည်ရာက ဆောင်ဟွန်းအဖေရှိနေတဲ့ စာဖတ်ခန်းဆီသို့။

Love & Lies ✅Where stories live. Discover now