U version
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်
“ သူကြီး ”
“ ဘာလဲ!? ”
သူတို့ဘေးတွင် ခြင်ဆေးခွေထွန်းပေးနေသည့် သူကြီးအားခေါ်လိုက်တော့ ဘောက်ဆက်ဆက်ဖြင့်ပြန်ဖြေလာသည့်လေသံမှာ အနည်းငယ်မာကျောလို့နေသည်ပေ။
ညနေမှောင်ရီပျိုးပြီမို့ တောရွာဘက်ဖြစ်သည့်အလျောက် ခြင်အတော်ပေါ်များသည်ဖြစ်ရာ ခြင်အလာနည်းပါးစေရန် ခြင်ဆေးခွေထွန်းကြခြင်းပေ။ယခုတွင်လည်း လူဆိုးကောင်တစ်သိုက်ကို ခြင်အကိုက်လွန်ပြီးသေသွားမည်ဆိုး၍ ခြင်ဆေးခွေလာထွန်းပေးခြင်းဖြစ်သည်။ စိတ်ပူ၍တော့မဟုတ် သေရင်အမှုပတ်မည်ဆိုး၍သာဖြစ်သည်။
“ သူကြီးကလည်း… ”
“ ပိတ်ကန်ခံချင်နေတာလား!? ”
“ ….... ”
ပြောလိုက်တော့ ဘာစကားမှထပ်မဆိုလာတော့သည့် သူကြောင့် သူလည်းဘာမှဆက်မပြောတော့ပဲ ခြင်ဆေးထွန်းပေးပြီးသည်နှင့် အိမ်အပေါ်ကိုပြန်တက်လာခဲ့လိုက်သည်။ ပြီးသည်နှင့် ဘုရားဝတ်ပြုလိုက်ကာ သတ္တဝါတွေအားလုံးအတွက်မေတ္တာပို့အမျှဝေပေးပြီးသည်နှင့် ဦးသုံးကြိမ်ချကာကန်တော့ပြီး ညစာစားရန်ပြင်ဖို့လုပ်ချိန် ကြားလိုက်ရသည့် အသံဆိုးအသံကြောင်ကြောင့် ဒေါသကထောင်းခနဲ့
“ အမလေး သူကြီးရေ! သူကြီးရဲ့!… ”
“ ဟေ့ကောင် ငါမသေသေးဘူးကွ! အသံဗြဲနဲ့အော်ငိုနေတာကိုရပ်လိုက်! ”
သူ့ကိုပြောပြီးအိမ်ပေါ်တက်သွားသည့်သူကြီးမှာ အချိန်တစ်နာရီကျော်ကြာသည်အထိ အရိပ်အယောင်ပင်မမြင်ရတော့သည်မို့ အဓိပ္ပာယ်ပါပါတစ်ချက်ပြုံးလိုက်မိရင်း အော်ကာပြောလိုက်တော့ သူ့အသံကြောင့်ထင် ဘေးကဒဏ်ရာရှိန်ကြောင့်မှိန်းနေကြသည့် ကောင်တွေမှာလည်း အလန့်တကြားဖြင့်ထလာကြသည်ပေ။
ထိုချိန်မှာပဲ အိမ်ပေါ်ကနေ လှမ်းအော်ပြောရင်း ဆင်းလာသည့် သူကြီးလေးကြောင့် အကြံအောင်ပြီဟူသည့် အပြုံးကိုပြုံးလိုက်ရင်း အနည်းငယ်ငိုမဲ့မဲ့ပုံစံလေးပြောင်းလိုက်သည်။
YOU ARE READING
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင် {Short Story} [Completed]
Short Storyတစ်နေ့ တစ်နေ့ ခင်ဗျားရဲ့ ဆူပူကြိမ်းမောင်းတဲ့ဆဲဆိုအော်ဟစ်သံလေးတွေကိုမှမကြားရရင် ကျုပ်ရင်ထဲမှာဟာတာတာကြီးနဲ့ နေလို့မကောင်းဘူးဗျ...