အပိုင်း - ၃ - ၁

695 23 0
                                    


U version




ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်







" ဗျို့ ဒေါ်ပုမ... "

" ဘာတုန်း မောင်ခွေရဲ့ "

" သူကြီးကအကြမ်းရည်နဲ့ထန်လျက်ခဲလေးတွေထည့်ပြီးလာပို့ပါဦးတဲ့ "

" အေးအေး ခုပဲသွားပို့လိုက်မယ် "

မောင်ခွေရဲ့အ‌မှာစကားကိုပြန်ဖြေရင်း သူကြီးမှာသည့် အကြမ်းရည်နှင့်ထန်လျက်ခဲ တို့အားသေချာထည့်ပိုးလိုက်ပြီး ထိုတင်းတောင်းလေးကိုရွက်ကာ ရွာကျောင်းရှိရာရွာအရှေ့ပိုင်းကိုထွက်လာခဲ့လိုက်သည်။

:::::::::::::::::::::

" ကဲ...အားလုံးလည်း ပင်ပန်းနေလောက်ရောပေါ့ ...နေကလည်းပြင်းတော့ ခဏလောက်နားကြရအောင် ဒေါ်ပုမကို အကြမ်းရည်လာပို့ခိုင်းထားတယ်...ခဏလောက်ဖြစ်ဖြစ်နားပြီးမှ ဆက်လုပ်ကြတာပေါ့ "

အုတ်စီကာအချောသပ်နေကြသည့် ရွာသားတွေကိုပြောလိုက်တော့ တစ်ယောက်တစ်ပေါက်နှင့်ပြန်ဖြေရင်း အရိပ်ရသစ်ပင်တွေအောက်ကို ဝင်ရောက်ကာအနားယူကြလေသည်။သူသည်လည်းပဲ တမာပင်ငယ်လေးရဲ့အရိပ်အောက်မှာဝင်ထိုင်ရင်း အမောဖြေမိသည်။

ဒီနေ့ဟာ ရွာ‌စာသင်ကျောင်းကိုပြန်လည်ပြုပြင်တာ လေးရက်မြောက်နေ့ပင်ဖြစ်သည်။ ရွာသားတွေမှာ အားတက်တရောဖြင့်ပါဝင်ကာဝိုင်းဝန်းကူညီပေးကြသည်မို့ မြန်မြန်ဆန်ဆန်ပင် ဆောက်လုပ်ပြီးစီးသည်ဖြစ်ရာ ယခုတွင် ပြုပြင်မှုရဲ့တစ်ဝက်လောက်ပင်ပြီးစီးခဲ့ပြီဖြစ်သည်။

သူလည်း ယပ်တစ်ခပ်ခပ်နှင့်အမောဖြေနေကြသည့် ရွာသားတွေကိုကြည့်ရင်းစိတ်လိုလက်ရပြုံးမိသည်။

" တေး "

သူခေါ်လိုက်တော့ရွာသားတွေကိုကြည့်ရင်းပြုံးနေသည့် သူကြီးအလှလေးမှာ ချက်ချင်းဆိုသလို မျက်နှာမှာတည်တံ့သွားရလျက် မျက်ခုံးတန်းနှစ်ခုကိုစုကြုံ့ပြီး သူ့ကိုအလိုမကျသလိုကြည့်လာပေမယ့် ချက်ချင်းပင်မျက်နှာကိုတစ်ဖက်လှည့်သွားသည်မို့ ခဏမျှပြောစရာစကားတို့မဲ့သွားရသည်။

ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင် {Short Story} [Completed]Where stories live. Discover now