U version
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်
နေ့လည်နှစ်ချက်တီးချိန်မို့ ရွာလမ်းတွင်အနည်းငယ်တိတ်ဆိတ်သယောင်ရှိတယ်။တောအရပ်ပေမို့ ယာထဲဆင်းကာကောက်စိုက်ပျိုးနုတ်လုပ်ကြသည်များ၏။ အိမ်တိုင်းလိုလိုကယာထဲဆင်းကြသည်ဖြစ်၍ ယခုလိုနေ့လယ်ခင်းချိန်မျိုးဆိုလျှင်တိတ်ဆိတ်နေတတ်သည်။
ရွာတောင်ပိုင်းရှိမန်ကျည်းပင်တန်းနားတွင်တော့ အနည်းငယ်ကသိကအောက်နိုင်လှသည့်လေထုကလွှမ်းခြုံးနေလျက်ရှိ၏။
“ တေး ”
“ ငါ့လက်ကိုလွှတ်ပေး သောတသံစဉ် ”
အနည်းငယ်ညှိုးငယ်နေသည့်မျက်နှာလေးဖြင့်သူ့လက်ကိုဆွဲကိုင်ထားသည့် သံစဉ်ကြောင့် အသာရုန်းရင်းလွှတ်ပေးရန်ပြောလိုက်သော်လည်း သူ့စကားဟာအရာမဝင်ခဲ့ပေ။
“ တေး ကျုပ်ကိုနည်းနည်းလေးတောင်မှစဉ်းစားပေးလို့မရဘူးလား?…ကျုပ်လိမ္မာပါ့မယ် ပြောစကားလည်းနားထောင်ပါ့မယ်၊ရန်လည်းမဖြစ်ဘူး၊ထန်းရည်လည်းမသောက်တော့ဘူး၊အလုပ်လည်းကြိုးစားပါ့မယ်…ကျုပ်တကယ်လိမ္မာမှာမို့ ကျုပ်ကိုပြန်ချစ်ပါဗျာ နော် ”
“ အဟင်း…မင်းလိုကောင်ကလား? ဖြစ်နိုင်တာလေးပဲပြောစမ်းပါ သံစဉ်ရာ ”
“ ကျုပ်အတည်ပြောနေတာ တေး ”
သူ့စကားကိုလှောင်ရယ်ရင်းမယုံကြည်ကြောင်းပြောလာသည့် သူလေးကြောင့် သူ့စကားဟာအတည်ဖြစ်ကြောင်းပြန်ပြောလိုက်သည်။
“ အဟားဟားး…ဒီမှာ အပျိုကြီးဒေါ်ဘုတ်ယောင်္ကျားနောက်လိုက်သွားတယ်ဆိုရင်တောင်ယုံလိုက်ဦးမယ် မင်းစကားကိုတော့ဘယ်တော့မှမယုံဘူး သောတသံစဉ် ”
“ တေး!… ”
“ မင်းမှာငါ့ကိုအဲ့လိုလေသံနဲ့ပြောစရာအကြောင်းမရှိဘူးနော် သောတသံစဉ် ”
စူးဝါးစွာစိုက်ကြည့်ရင်းပြောလာသည့် မိမိရှေ့မှမြတ်နိုးရသူလေးကြောင့် သူတကယ်ကိုဒေါသထွက်မိသည်။သူ့ကိုဘယ်လိုကြောင့်များမယုံကြည်နိုင်ရတာလဲ?။သူ့စကားကအဲ့လောက်တောင်မှ အယုံအကြည်မဲ့စရာကောင်းနေခဲ့တာလား?။
YOU ARE READING
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင် {Short Story} [Completed]
Short Storyတစ်နေ့ တစ်နေ့ ခင်ဗျားရဲ့ ဆူပူကြိမ်းမောင်းတဲ့ဆဲဆိုအော်ဟစ်သံလေးတွေကိုမှမကြားရရင် ကျုပ်ရင်ထဲမှာဟာတာတာကြီးနဲ့ နေလို့မကောင်းဘူးဗျ...