အပိုင်း - ၆ End...

757 26 0
                                    




{စာလုံးပေါင်းပြန်မစစ်ရသေးပါ}

______&&&&&___&&_


U version



ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်




“ သောတရေ မင်းရဲ့ရေကြည်အေးလေးလာပြီဟေ့ ”

ပဲကျဲနေသည့် သူ့အား ရယ်သံလေးနှောလို့ပြောလာသည့် ကိုကြိုင်ရဲ့စကားကြောင့် ကင်းတဲရှိရာဆီကိုကြည့်လိုက်မိတော့ ငါးဆင့်ချိုင့်လေးကိုဆွဲပြီး သူ့ကိုပြုံးကာကြည့်နေသည့် ချစ်ရသောအားတွေ့လိုက်ရသည်။

သူလည်းလက်ထဲက ပဲတောင်းကိုချလိုက်ပြီး ကင်းတဲရှိရာဆီဦးတည်၍ ခြေလှမ်းကျဲကြီးများနဲ့လျှောက်သွားလိုက်သည်။

“ ဒီနေ့စောသား ”

“ အင်း…စောစောချက်ပြုတ်ပြီးလို့လေ ”

“ မောနေရောပေါ့ အင့် ”

ပြောလိုက်ရင်း ‌တဲထောင့်တွင်တည်ထားသည့် ရေအိုးစင်မှ ရေတစ်ခွက်ခပ်လိုက်ပြီး ကမ်းပေးလိုက်တယ်။ပြီးသည်နှင့် သူလေး၏လက်ထဲမှချိုင့်ကိုယူလိုက်ပြီး

“ လာ ဒီမှာထိုင် ”

ဆိုကာ ရေသောက်ရန်ဟန်ပြင်နေသည့်သူ့အား ပေါင်လည်လောက်ထိအမြင့်ရှိသည့် ဝါးကွပ်ပျစ်ပေါ်တွင်ထိုင်စေလိုက်သော သူကြောင့် ဦးစွာထိုင်လိုက်တော့ သူ့ကို ထန်းဖူးခမောက်လေးဖြင့် ယပ်အသာခတ်ပေးလာသည်မို့ နှုတ်ခမ်းထက်မှအပြုံးဟာပိုလို့ပီပြင်လာရသည်။

“ မင်းကပိုပင်ပန်းနေမယ့်ဟာ တော်ပြီ မခတ်နဲ့တော့ နေ့လယ်စာစားကြရအောင် ”

“ ဟွန်းး…တေး ကိုယ်တို့လက်ထပ်ထားတာဖြင့် နှစ်ပြည့်တော့မယ် အခုထိအဲ့ဒီ ' မင်း ' ဆိုပြီးတော့ပဲ သုံးနှုန်းနေတုန်း ”

“ သံစဉ် မင်းဟာလေ… ”

မကျေမနပ်လေးဖြင့် နှုတ်ခမ်းတစ်ထော်ထော်နှင့်ပြောလာသည့် သူကြောင့် သဘောကျကရယ်မိရင်း ပြေးလိုက်မိသည်။

ဟုတ်ပါတယ်လေ။သူတို့နှစ်ယောက်လက်ထပ်ထားတာ နှစ်ပြည့်ဖို့သိပ်ပင်မလိုတော့ပေ။ လအနည်းငယ်ဆိုရင်ပဲ ပြည့်တော့မည်ဖြစ်သည်။

ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင် {Short Story} [Completed]Where stories live. Discover now