U version
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်
“ ဟဲ့ နင်ကြားပြီးပြီလား? ”
“ ဘာကိုတုန်း မိအေးရဲ့ ”
“ ဟယ် နင်မသိသေးဘူးလား?…သောတ တစ်ယောက်မြို့ကလာတဲ့မြို့သူမချောချောလေးနဲ့တစ်ပူးတွဲတွဲဖြစ်နေတာလေ ရွာထဲမှာမမြင်ချင်မှအဆုံးပဲ ”
“ ဪ…အဲ့ကိစ္စလား? ငါလည်းနားစွန်နားဖျားတော့ကြားမိပေမယ့် မျက်မြင်တော့မကြုံသေးဘူးအေ့ ”
“ ငါလည်းအစကမယုံချင်ဘူး…မနေ့ညနေကမျက်မြင်တွေ့လိုက်ရမှယုံသွားတာ တကယ်ကြီးဟ ”
ကျောင်းဆောက်တာ လက်စသတ်ပြီးပြီမို့ အပင်ရိပ်မှာထိုင်နားနေတုန်း ကြားလိုက်ရသည့် မိအေးနဲ့ဂျမ်းပုံတို့နှစ်ယောက်ရဲ့တီးတိုးစကားတွေကြောင့် ရင်ထဲမယ်သိပ်အလိုမကျလှ။
ထိုနေ့ပြီးတည်းက သူ့ဆီကိုလူဆိုးကောင်ရောက်မလာသည်မှာသုံးပတ်မြောက်ပင်ရှိပြီဖြစ်သည်။ရွာကျောင်းကိုပြုပြင်တာလည်းပြီးသွားခဲ့လေပြီ။သူလည်းအဲ့ကိစ္စနဲ့ပက်သက်ပြီးကြားမိပါတယ်။ ရွာထဲကလူတိုင်းနီးပါးထိုအကြောင်းကိုပဲပြောနေကြသည်မို့ နားပင်ယဉ်နေပြီဖြစ်သည်။မျက်မြင်သာမတွေ့ရပေမယ့် မြင်သူများရဲ့အပြောက သူ့နားစည်အတွင်းတဝဲဝဲလည်လည်ပေမို့ ကြာတော့ နားပင်ကန်းချင်မိတော့သည်။ထိုသို့ဆိုလျှင် မည်သည်ကိုမျှမကြားရတော့ပဲ နားအေးရမယ်မဟုတ်လား?။
အဲ့ကိစ္စတွေကိုပဲကြားနေရတာစိတ်ပျက်မိတယ်။ ရွာထဲကလူတစ်ချို့ကလည်း သူ့ကိုမြင်ရင် ဘယ်လိုအဓိပ္ပာယ်ဖော်လို့ဖော်ရမှန်းမသိတဲ့အကြည့်တွေနဲ့ရံဖန်ရံခါကြည့်တတ်ကြသည်ကြောင့် စိတ်ကျဉ်းကျပ်သလိုခံစားရသည်။အဲ့လိုအကြည့်တွေကိုသူတကယ်မနှစ်မြို့ပေ။မလိုချင်ဘူး။
“ ဟူးးး…ခက်လိုက်တာ ”
တစ်ကိုယ်တည်းရေရွတ်ရင်း ထိုသစ်ရိပ်အောက်မှထွက်လာလိုက်ပြီး အိမ်ပြန်ရန်စိတ်လောမိသည်။ဘာကြောင့်ဆို မိအေးတို့နှစ်ယောက်တင်မက ထိုနေရာရှိလူတိုင်းက သူ့ကိုထူးဆန်းတဲ့အကြည့်တွေနဲ့ဝိုင်းကြည့်နေကြသည်ကိုး။
YOU ARE READING
ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင် {Short Story} [Completed]
Short Storyတစ်နေ့ တစ်နေ့ ခင်ဗျားရဲ့ ဆူပူကြိမ်းမောင်းတဲ့ဆဲဆိုအော်ဟစ်သံလေးတွေကိုမှမကြားရရင် ကျုပ်ရင်ထဲမှာဟာတာတာကြီးနဲ့ နေလို့မကောင်းဘူးဗျ...