အပိုင်း - ၅

645 17 0
                                    



U version



ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်




“ အာ့! အမေကလည်းနာတယ်ဗျ! ”

ဗိုက်ခေါက်လိန်ဆွဲလာသည့် အမေကြောင့် ထိုလိန်ဆွဲထားသည့်လက်အားဆုပ်ကိုင်လိုက်ရင်း ပြောလိုက်တော့

“ ဒီထက်တောင်ပိုလုပ်ချင်တာ…ဘယ့်နှယ့်တော် ကြားလို့မှကောင်းကြသေးရဲ့လား? တစ်ရွာလုံးကိုအုပ်ချုပ်နေတဲ့ သူကြီးကိုမှ ခိုးပြေးရတယ်လို့! နင်…နင်ကတော့နော် လုပ်ရင်လည်းနာဦးမယ် ”

“ အမေကလည်း ကျုပ်မှ တေးကိုအဆုံးရှုံးမခံနိုင်တာ အဲ့တာကြောင့်ခိုးပြေးတာပေါ့…‌အခုတောင် တေးကကျုပ်နဲ့ 'လက်ထပ်မယ် အိမ်ပြန်ပို့ပေးပါ' ဆိုလို့ပြန်လာတာ နို့မို့ဆို ပြန်တောင်လာမှမဟုတ်ဘူး ”

“ တယ်! ငါလုပ်ထည့်လိုက်ရ! ”

တစ်ခွန်းမကျန်ပြန်ခံပက်နေသည့်သားတော်မောင်လူဆိုးကောင်အား မကြည်ကြည့်ဖြင့်ကြည့်လိုက်ပြီး သူမတို့အရှေ့မှာ ထိုနေသည့် သူကြီးဖြစ်သူအား အားနာနာဖြင့်ကြည့်လိုက်ရင်း

“ ဟို…သူကြီး ကျွန်မသားရဲ့… ”

“ နေပါ…ဖြစ်ပြီးတာလဲ ဖြစ်ပြီးနေပြီပဲလေ နောက်ပြီး ကျွန်တော်က ယောင်္ကျားသားတစ်ဦးပါ ဒါ… ”

“ တေး! ခင်ဗျား ကျုပ်ကိုထားသွားဖို့စိတ်မကူး‌နဲ့! ခင်ဗျားကျုပ်နဲ့လက်ထပ်မှာလို့ပြောပြီးသားနော်!  ”

သူ့စကားတောင်မဆုံးသေးဘူး ဖြတ်ပြောလာသည့် သံစဉ်မှာ စကားကိုဆုံးအောင်နားမထောင်ပါပဲ ထင်ချင်ရာထင်နေဟန်ပင်။

“ ဟဲ့! သား… ”

“ အမေကလည်း တေးကကျုပ်ကိုငြင်းဖို့ပြင်နေတာလေ… ”

“ သံစဉ်…ငါမင်းကိုငြင်းတဲ့စကားတစ်ခွန်းတောင်ပြောရသေးလို့လား? ”

“ ဒါ…ဘယ်လိုပဲဖြစ်ဖြစ် ငြင်းချင်နေတာပဲမဟုတ်လား? ခင်ဗျား ”

သံစဉ်ရဲ့အပြောကြောင့် သက်ပြင်းသဲ့သဲ့တစ်ချက်ချလိုက်ရင်း

“ ငါပြောမယ့်စကားကို အရင်ဆုံးအောင်နားထောင်… အစောကစကားလိုပါပဲ ကျွန်တော်က ယောင်္ကျားသားတစ်ယောက်ဆိုဦးတော့ အရှက်သိခ္ပါနဲ့လူလုပ်‌နေတဲ့သူပါ ပတ်ဝန်းကျင်ဆိုတာလဲ ရှိသေးတယ်မို့လား?… ထိုအတွက်ကြောင့် သံစဉ်နဲ့လက်ထပ်ဖို့အတွက်လိုအပ်ပါတယ်…ဒါကြောင့် အရီးလေးတို့ဘက်က ကျွန်တော့ကို လူကြီးစုံရာရှေ့မှာ လာတောင်းရမ်းပြီး သံစဉ်နဲ့ထိမ်းမြှားလက်ထပ်ပေးဖို့တောင်းဆိုချင်ပါတယ် ”

ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင် {Short Story} [Completed]Where stories live. Discover now