အချပ်ပို

471 21 0
                                    





U version



ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင်







“ အလင်္ကာသွေး!! ”

“ ဗျာ ဖေဖေ ”

“ ပြန်ပြင်လိုက်စမ်း!! ”

သူ့အရှေ့မှာ ခပ်ကုတ်ကုတ်ကလေးဖြင့် ရို့ရို့လေးရပ်နေသည့် ရှစ်နှစ်အရွယ်ကလေးငယ်နှစ်ယောက်အား မျက်မှောင်ကုတ်ကာကြည့်ရင်း ပြောလိုက်တော့

“ ရှ ရှင် ဖေဖေ ”

“ အလင်္ကာသွေး ကိုယ့်ကိုယ်ကို မိန်းကလေးဆိုတာရောသိသေးရဲ့လား? ”

“ မသိပဲရှိရိုးလား ဖေဖေရယ် သိတာပေါ့…ဟုတ်တယ်မလား မမ ”

သူ့အမေးအား ဖြတ်ကာဖြေလာသည့် သားဖြစ်သူကြောင့်

“ သု တ တေး! ”

“ ခင်ဗျာ ဖေဖေ ”

“ မင်းတို့နော် မင်းတို့… ”

အပိုးကျိုးစွာဖြင့် ရှိနေသည့် သားနှင့်သမီးကိုကြည့်ရင်း သူသွေးတက်ရပေါင်းမနည်း။ ဖခင်ရဲ့ အမွေကို အပြည့်အဝဆက်ခံရရှိထားပုံပါတော့ တစ်ရွာလုံးပြောင်းဆန်အောင် မွှေလိုက်တဲ့ အမွှေဆိုတာ ပြောတောင်ကုန်မယ်မထင်။

အခုလည်း ရွာလယ်က ဘကြီးအောင်ရဲ့ အိမ်မြောက်ဘက်မှာစိုက်ထားတဲ့ သရက်ပင်မှ သရက်သီးအကင်းလေးတွေအား တုတ်ဖြင့်ရိုက်ကာဖျက်ဆီးခဲ့ကြသည်ဟု လာရောက်တိုင်တော‌ခြင်းခံရ၏။

“ တေးရယ် စိတ်လျော့ပါ စိတ်လျော့ ”

“ မင်းနော် ကာစီး ကာစီးမလုပ်နဲ့… ငါ ဒီနေ့တော့ သူတို့ကိုသေချာပေါက်ဆုံးမ မှရမယ် မဟုတ်ရင်ရောင့်တက်လာလိမ့်မယ် ”

“ ဖေကြီး ”²

နေ့လယ် ယာထဲမှပြန်လာသည့် သံစဉ့်အသံကြား၍ ငိုမဲ့မဲ့လေးဖြင့် သံပြိုင်ခေါ်လိုက်သည့် သွေးနှင့်တေး မောင်နှမနှစ်ယောက်

“ လာပါဦး ဖေကြီးရဲ့ အသည်းတုံးလေးတွေ ”

သူခေါ်လိုက်တော့ ချက်ချင်းဆိုသလိုပေ ရွှင်ပြသွားသည့် မျက်နှာလေးဖြင့် သူရှိရာဆီကိုလာဖို့ဟန်ပြင်ပြီးမှ သူတို့အရှေ့မှာ အနည်းငယ်မာထန်နေသည့်မျက်နှာဖြင့် ရပ်နေသည့် တေးကြောင့် တွန့်ဆုတ်နေကြဟန်ရှိသည်။

ဆည်းလည်းလေး (သို့) သူကြီးက ကျုပ်အပိုင် {Short Story} [Completed]Where stories live. Discover now