Intro & POV

183 20 10
                                    

မင်ကြီးးKim Mingyu: မင်းကိုမချစ်ဘူးရယ်လို့ မင်းကတော့ စိတ်နာနေလောက်မယ် ယွန်းငယ်။တကယ်ဆို ချစ်ချင်တဲ့သူကို ချစ်ချင်တိုင်းချစ်ခွင့်မရတဲ့ ကိုယ့်ဘဝကမင်းထင်တာထက်အများကြီး ပင်ပန်းရပါတယ်။

ကြင်ယာတော်ယွန်းး: အဆိပ်ပြင်းတယ်လို့စွပ်စွဲရက်လိုက်တာ မင်းကြီးရယ်။အပေါ်ယံမြင်နေရတာတွေနဲ့ပဲ ဆုံးဖြတ်ရက်လိုက်တာ ဘာကြောင့် ဘာကြောင့်များကျွန်တော်မျိုးနှလုံးသားကိုမြင်အောင်မကြည့်ရတာလဲဟင်။ကျွန်တော်တို့နှလုံးသားတွေနီးစပ်ခဲ့ကြတယ်လေ မဟုတ်ဘူးလား ကျွန်တော်ဘက်ကပဲ အထင်လွဲနေခဲ့တာလားးး

စစ်သူကြီးLee Seok Min: ပေါ့ပျက်ပျက်အပြုအမူတွေနဲ့ ဘာကိုမှအလေးအနက်မရှိပဲဘဝကိုပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေတဲ့မင်း အကျင့်တွေကိုမုန်းလိုက်တာ ။မုန်းလွန်းးလို့ မျက်လုံးထဲကကောရင်ဘတ်ထဲကပါ ထုတ်မရနိုင်တော့ဘူးးး...........

မင်းသားငယ်ဟုန်းးး: အဟင်းး မြင်ရတာကအကုန်မဟုတ်ဘူးး စစ်သူကြီးလီ ခင်ဗျားသိထားဖို့က ကျွန်တော့်အားနည်းချက်ကိုရှာပြီးး အနိုင်ယူနင်းခြေတက်တဲ့ခင်ဗျားကို ခင်ဗျားထက်မလျော့တဲ့အမုန်းမျိူးနဲ့မုန်းတယ်.........

မင်းသားငယ်ဝန်ဝူးးး: မင်း ကိုယ့်အချစ်တွေကိုမြင်ဖို့နဲ့ကိုယ်တို့အတူရှိရဖို့့ ကိုယ်ဘယ်လောက်ထိပေးဆပ်ပြရအုံးမလဲ ယောင်းငယ်။ကိုယ်မင်းအချစ်ကိုရဖို့ မင်းသမီးဘယ်နှပါးနဲ့လက်ဆက်ပေးရအုံးမလဲ တကယ်ဆိုကိုယ်လဲမင်းသားအဖြစ်နဲ့မမွေးဖွားချင်ခဲ့ပါဘူးးကွာ ကိုယ့်မှာရွေးချယ်စရာမရှိခဲ့ပါဘူးး‌ေလ........

ကိုယ်ရံတော်ဆွန်းယောင်း: တောင်းပန်ပါတယ်မင်းသားငယ် ကျွန်တော်တို့ဟာ အစကထဲကမဆုံခဲ့သင့်တဲ့ရေစက်တွေပါပဲ။မင်းသားမသိပါဘူး ကျွန်တော့်ကိုဆိုအမြဲတမ်းအလျော့ပေးအလိုလိူက်တက်တဲ့ မင်းသားရဲ့ကြင်နာမှုတွေမြင်ရတိုင်းး ကျွန်တော်ရုန်းမထွက်နိူင်ခဲ့တာတွေအများကြီး............

ဟွမ်အို့မင်းသမီးးး: တည်ငြိမ်ရင့်ကျက်ခြင်းရဲ့နောက်ကွယ်က တစစီပြိုလဲပျက်စီးနေတဲ့ဘဝနဲ့နှလုံးသားကို ဘယ်သူတွေများးမြင်ကြပါသလဲ။ဘဝတလျှောက်လူံးးး‌ခမည်း‌ေတာ်နဲ့မယ်‌ေတာ်ရဲ့မျှော်လင့်ချက်တွေကိုတာဝန်တခုလိုဖြည့်ဆည်းပေးရင်းရှင်သန်ခဲ့ရာက မင်းသားလေးကိုစတွေ့ချိန်မှာတော့ တသက်တာတည်ငြိမ်ခဲ့တဲ့ ဒီနှလုံးသားရဲ့သစ္စာဖောက်ခြင်းကိုစပြီးခံစားခဲ့ရပါတယ် မင်းသားငယ်........

Royal Blood (တော်ဝင်သွေး)Where stories live. Discover now