အပိုင်း(၉)

42 13 1
                                    

အိမ်ရှေ့စံမင်ဂယူ မယ်တော့်အဆောင်ဆီမှပြန်လာတော့ နောက်ကအထိန်းတော်တွေဟာ တိတ်ဆိတ်ငြိမ်သက်စွာ မင်းသားရဲ့‌ေခြလှမ်းတွေအတိုင်းး ဖြေးညှင်းစွာ တစီတတန်းလိူက်ပါလာကြသည်။နန်းဆောင်လယ်က တော်ဝင်ဥယျာဉ်သို့ စာပေလေ့လာဖတ်ရှုရန် သွားနေခြင်းဖြစ်သည်။

အိမ်ရှေ့စံမင်ဂယူသည် နန်းဆောင်လယ်က တိတ်ဆိတ်စွာလှပနေသော ဥယျာဉ်အလယ်၌ ရာဇအိန္ဒြေဖြင့် တင်ပလ္လင်ခွေထိုင်ကာ လေ့လာရမည့်စာပေများကို ထိုင်ကာလေ့လာနေသည်။အနီးနားတွင် ကိုယ်ရံတော်သက်တော်စောင့်တစ်ဖြစ်လဲ စစ်သူကြီးအီဆော့မင်းက ထည်ဝါစွာဖြင့် သူ၏လက်စွဲတော်ဓားကို ကိုင်ဆောင်ကာ စောင့်နေလျှက်ရှိသည်။ဆယ်ယောက်လောက်ရှိသော အထိန်တော်တွေဟာ မလှမ်းမလှမ်းတွင် ခေါင်းငုံ့လျှက်ငြိမ်သက်စွာနေနေကြသည်။

"ဆော့မင်းရေ"

"ဟုတ်ကဲ့ အိမ်ရှေ့စံ"

"အထိန်းတော်တွေကို နေ့လည်နေ့ခင်းသွားနားခိုင်းလိုက်ပါ့လား ငါ့မှာမင်းတယောက်လုံးရှိနေတာပဲ။"

"မဇြစ်ပါဘူးမင်းကြီး ဒါသူတို့ရဲ့တာဝန်ပါ"

စစ်သူကြီးအီက ပြတ်သားစွာ ငြင်းပယ်ပါ၏။

"ကဲပါ ဆော့မင်းရယ် ပြန်လွှတ်လိုက် မင်းနဲ့ထအင်ဆန်းကုန်းပဲနေခဲ့"

"မင်းသား မဖြစ်ပါ.......ဟူးးးဟုတ်ကဲ့သိပါပြီ"

မဖြစ်ဘူးဟုငြင်းဆန်ချင်နေသော ဆော့မင်းသည် မင်းသားငယ်၏ တောင်းဆိုသောမျက်ဝန်းများကြောင့် အငယ်ပိုင်းနန်းတွင်းသူတွေကိုပြန်လွှတ်လိုက်ပါသည်။

"မင်းလည်းသင့်တော်ရာမှာ သက်သာသလိုနေ အာ အင်ဆန်းကုန်းကောပဲ"

"ရပါတယ် အိမ်ရှေ့စံ"

အခုဆို ဥယျာဉ်ထဲတွင် အိမ်ရှေ့စံရယ် စစ်သူကြီးလီရယ် အင်ဆန်းကုန်းရယ်ပဲကျန်ခဲ့တော့သည်။ထိုအခါမှ မင်းသားက စိတ်ပေါ့ပါးသလိုပြုံးကာ စာအုပ်ထဲပဲ ပြန်ခေါင်းစိုက်သွား၏။

အိမ်ရှေ့စံသည် စာအုပ်ထဲတွင် ခေါင်းစိူက်လျှက် စိတ်ပါဝင်စားစွာ စာလေ့လာနေသည်မှာ အချိန်တခုကြာသွား၏။

Royal Blood (တော်ဝင်သွေး)Where stories live. Discover now