စစ်သူကြီးပတ်နဲ့ဘယ်လက်ရုံးကြီးးးတို့နှယောက်သားး ဘာဆက်လုပ်ရမည်မှန်းး ဝေခွဲမရစွာဖြင့် ဟန်ယန်းးမြို့တွင်နှရက်ခန့်သောင်တင်နေသည်။မင်းကြီးကိုပဲ လှမ်းအကြောင်းကြားရမလားးး မွေးလုမွေးခင်ဇနီးသည်ကိုစိတ်မချရသည်ကတကြောင်းဖြင့် ပတ်စစ်သူကြီးးတုံ့ဆိုင်းနေရသည်။လေးနှစ်ကျော်ခလေးတယောက်ရဲ့ စကားမို့လည်းယုံရခက်မယုံရခက်ဖြစ်နေရသည်။ ဒီနေ့ညက လပြည့်ညဖြစ်၍ လပြည့်ဝန်းကြီးက ဝိုင်းစက်ပြည့်တင်းကာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းအောင် ငြိမ်သက်နေခဲ့သည်။
"ဟူးးးး အဆင်မှပြေနေပါ့ရဲ့လားးးယူရာရေ။အကိုတော့ ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူးကွာ"
ပတ်စစ်သူကြီးး နဖူးးပေါ်လက်တင်ကာ အတွေးပေါင်းများစွာဖြင့် သက်ပြင်းမောကိုသာ ခနခနချနေရသည်။ယူရာရဲ့ဗိုက်က နေ့စေ့လစေ့ကြီးနဲ့ ဆိုတော့ ပို၍ပင် ပူပန်သောကတွေရောက်နေရပါသည်။မင်းကြီးနဲ့မိဖုရားကြီးးးကတော့ ပစ်မထားလောက်ပါဘူးးလေ။ယွန်းဆန်းကုန်းနဲ့ ညာလက်ရုံးကြီးလည်းရှိနေတာပါပဲ။
"ဝုန်းးးး!ဂွမ်းးး ဒိုင်းးးးးး!
နဖူးလက်တင်ကာ အတွေးလွန်နေတုန်းးး အခန်းတံခါးကို ဆောင့်ကန်ဖွင့်ကာ ဝင်လာသော စစ်သည်တော်များကြောင့် စစ်သူကြီးပတ် ဆက်ခနဲထထိူင်ကာ လက်ဆွဲတော်ဓားကိုဆွဲထုတ်ထားလိူက်ကာ ဝင်လာသူများကိုစူးစမ်းလိုက်တော့
"မြို့စားမင်းးးး!ဒါကဘာသဘောပါလဲ!"
ထင်မထားတဲ့ မြို့စားမင်းရဲ့ခပ်ပြုံးပြုံးမျက်နှာထားကြောင့် စစ်သူကြီးပတ် ခပ်တင်းတင်းမေးလိုက်သည်။
"အဟင်းးး စိတ်လျော့မှပေါ့ စစ်သူကြီးပတ်ရဲ့ အများကြီးလန့်သွားတယ်မလားးး ကျစ် ဒီကောင်တွေကတော့ ဖြေးဖြေးသက်သာဝင်မှပေါ့ ငါတို့စစ်သူကြီးပတ် အထင်လွဲစရာတွေဖြစ်ကုန်ပြီမလား"
တဟင်းဟင်းရီကာ ဝိုင်းရံထားတဲ့သူ့လူတွေကို ငေါက်ငမ်းဟန်ပြုနေပုံက တဖတ်လူကို မထီမဲ့မြင်ပြုနေသလိုခံစားရစေသည်။
"မြို့စားဂျောင် အပိုတွေပြောမနေပဲ လိုရင်းကိုပဲ ရှင်းပြပါ"
YOU ARE READING
Royal Blood (တော်ဝင်သွေး)
Fanficနန်းတော်ရဲ့ရှုပ်ထွေးပွေလီမှုတွေ အာဏာလုမှုတွေနှင့်ပြိုင်ဆိူင်မှုတွေကြားကဖြစ်ပေါ်လာသော ဖုံးကွယ်ထားခဲ့ရသောနှလုံးသားများအကြောင်း