ဟန်ယန်းတွင်
"ကြိုဆိုပါတယ် စစ်သူကြီးးပတ်ဆွန်းးဝူ လမ်းခရီးမှာ အဆင်မှပြေခဲ့ပါရဲ့လားးး"
စစ်သူကြီးပတ် နှရက်လောက်ခရီးပြင်းနှင်ပြီးသကာလဟန်ယန်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိခဲ့ပြီဖြစ်သည်။ဟန်ယန်းရဲ့မြို့စားကိုယ်တိုင် လာရောက်ခရီးဦးကြိုပြုပါ၏။
"ဟုတ်ကဲ့ မြို့စားမင်းဂျောင်ရဲ့ကျေးဇူးတော်ကြောင့် ခရီးလမ်းဖြောင့်ဖြူးခဲ့ပါတယ်-
"ထိုင်ပါ"
မြို့စားမင်းဂျောင်ဟာ အရိုအသေပေးပြီးနောက် အခန်းထဲသို့ခေါ်ကာ ဒေသထွက်စားစရာများဖြင့် ဧည့်ဝတ်ကျေပွန်ရှာပါသည်။
"မိဖုရားဆွန်းကော ကျန်းခန့်သာလို့မာပါစ "
"ဟုတ်ကဲ့ မင်းသားငယ်ဂင်မင်ဂယူလေးတောင် လေးနှစ်ရှိလှပါပေါ့ မြို့စားမင်းး"
"အဟင်းဟင်းးးကျန်းမာတယ်ကြားရရင်ပဲကျေနပ်လှကြောင်းးပါ"
-ဟုတ်ကဲ့ ဒါနဲ့မြို့စားကတော်နဲ့သားဖြစ်သူကိုမတွေ့ပါ့လားးး"
"ရှိပါရဲ့ဗျာ အနှောက်အယှက်ဖြစ်မှာစိုးလို့ ခေါ်မထားတာပါ"
လ္ဘက်ရည်ကြမ်းသောက်ကာ မင်းကြီးပြောခိုင်းလိူက်တဲ့ အကြောင်းအရာများကို သေချာပြန်ေပြာပြရသည်။မြို့စားမင်းပိုင်တဲ့ ဤနယ်မြေဟာ တအားကျယ်ဝန်းးပြီးးး ရေခံမြေခံလည်းကောင်းလှသဖြင့် အသီးအနှံများစိုက်ပျိုးရာတွင်လည်းဖြစ်ထွန်းလှသည်။လူဦးရေလည်း ထူထပ်သော နယ်မြေဖြစ်သဖြင့် ဂျိုဆွန်းကိုပင်ခြိမ်းခြောက်နိုင်လောက်တဲ့ အားအင်မျိုးမရှိဘူးလို့ ပြောမရနိုင်။မထူးသဖြင့် စိတ်ကိုခန့်မှန်းရခက်တဲ့ မြို့စားမင်းဂျောင်ကြောင့် ဂျိုဆွန်းခေတ်လက်အောက်ခံ ဖြစ်ပေးပါ့မလားဆိုတာမသေချာ။ချစ်ကြည်ရေးနဲ့မှသိမ်းပိုက်လို့မရရင် စစ်ရေးနဲ့ဖြစ်ဖြစ်ရအောင်သိမ်းရမည်ဖြစ်သည်။
"သေချာစဉ်းစားပေးပါ မြို့စားမင်းဂျောင် မင်းကြီးကအရမ်းကို မျှော်လင့်နေပါတယ်။ဂျိုဆွန်းရဲ့ ဒေသထွက် လက်ဆောင်ပဏ္ဍာများကိုလည်းးး ပေးကမ်းလိူက်ပါတယ်။"
YOU ARE READING
Royal Blood (တော်ဝင်သွေး)
Fanficနန်းတော်ရဲ့ရှုပ်ထွေးပွေလီမှုတွေ အာဏာလုမှုတွေနှင့်ပြိုင်ဆိူင်မှုတွေကြားကဖြစ်ပေါ်လာသော ဖုံးကွယ်ထားခဲ့ရသောနှလုံးသားများအကြောင်း