အပိုင်း(၇)

62 13 1
                                    

နန်းတော်ကြီးရဲ့ဆိတ်ငြိမ်လှတဲ့ တနေရာ။နန်းတော်ရဲ့တောင်အရပ်တွင်ရှိသော ဆိတ်ငြိမ်လှသော ကန်ရေပြင်ကြီးးးး။ထိုကန်ရေပြင်ကိုကို ယခင်မင်းကြီးနဲ့သူ၏မိဖုရား အဟင်း ယခုသူ့ဖခမည်းတော်၏မိဖုရားပေါ့ တနည်းအားဖြင့် ဝန်ဝူးမင်သား၏မိထွေးတော်ပေါ့။သူတို့မိသားစု လာရောက်အပန်းဖြေလေ့ရှိတဲ့နေရာ။အခုတော့ ဤရေကန်ကြီးကိုရှိသည်ဟုမျှသတိရကြပါသေးရဲ့လားမသိ။နန်းတော်ထဲကမည်သူမျှ အဖတ်မလုပ်ကြတော့ပေ။

တခုတော့ကောင်းပါတယ် ဝန်နူးမင်းသားအတွက်တော့။နဂိုထဲက တိတ်ဆိတ်ငြိမ်သက်မှုနဲ့အေးဆေးတည်ငြိမ်မှုကိုလိုလားနှစ်ခြိုက်သော သူ့အတွက်တော့ အမြဲလိုလိုရှုပ်ထွေးနေတက်တဲ့နန်းတွင်းထဲက အိုအေစစ်လေးလို့ပြောရမလားး။ဤ နေရာဟောင်းလေးတွင် ဝန်နူးအမြဲတမ်းလာလေ့ရှိကာ ပန်းချီဆွဲခြင်းး စာဖတ်ခြင်းးးစသဖြင့်လုပ်လေ့ရှိသည်။

"မင်းကတော့အေးချမ်းလိုက်တာနော်။"

ပန်းချီဆွဲနေတုန်း အေးတိအေးစက်ခနဲ့တဲ့တဲ့အသံကြောင့် ဝူးမင်းသား အသံကြားရာဆီလှည့်ကြည့်မိသည်။

"မင်းကြီးးး"
ခပ်တိုးတိုးရေရွတ်ကာ ထပြီးးအရိုအသေပေးလိုက်သည်။

"တခြားသူတွေ ဓားရေးလှံရေး တိုင်းရေးပြည်ရေးး ရေကုန်ရေခမ်းကြိုးစားနေချိန် မင်းကတော့ ဒီရေကန်အစုတ်ပလုတ်နားလာထိုင်ပြီး တန်ဖိုးရှိတဲ့အချိန်‌ေတွကိုဖြုန်းနေ‌တယ်ပေါ့ အသုံးမကျလိုက်တာ ငါ့သားလို့ပြောရမှာတောင်ရှက်တယ်။"

'ကျွန်တော်လည်းးခမည်းတော်သားမဖြစ်ချင်ပါဘူးးး'ဆိုတဲ့စကားကိုတော့ ဝန်နူးစိတ်ထဲကသာပြောမိပါသည်။

"ကျွန်တော်လုပ်ရမယ့် တာဝန်တွေမနက်ကထဲကလုပ်ပြီးပါပြီ ခမည်းတော်။ကျွန်တော့်တာဝန်တွေအကုန်ပြီးမှ ကျွန်တော့်လုပ်ချင်ရာလုပ်တာပါ ခမည်းတော်။"

"ဟမ့် ခမည်းတော်ကိုအာခံဖို့တော့တက်တယ်။ဘာလုပ်ပြီးတာလဲ မင်းသားတွေမဖြစ်မနေတက်ကိုတက်ရမယ်လို့ငါအမိန့်ထုတ်ထားလို့ ဝတ္တရားအရမင်းတက်လာတဲ့ ဓားရေးသင်တန်းလောက်ကို စကားထဲထည့်ပြောမနေစမ်းပါနဲ့ကွာ"

Royal Blood (တော်ဝင်သွေး)Where stories live. Discover now