ဂျိုဆွန်းခေတ်ရဲ့နက္ခတာရာတွေစုံလင်လျှက်ကောင်းကင်တခွင်လုံးးးးကြယ်တာရာတွေစုံလင်ကာ လပြည့်ဝန်းးကြီးးကလည်းးဝိုင်းစက်ကာ သာယာလှပလွန်းတဲ့ဂျိုဆွန်းပြည်ရဲ့ညအလှကို ပံပိုးပေးလျှက်ရှိပါသည်။
လပြည့်ညမရောက်ခင် 3ရက်အလို-
"ရှင်မရေ ကိုယ်တကယ်စိတ်မချဘူးကွာ မဖြစ်မနေမို့သာသွားရမယ် မင်းဗိုက်ကမွေးးလုမွေးခင်ကြီးကွ "
"သွားစရာရှိတာတော့သွားရမှာပေါ့အကိုကြီးးရယ် ဘယ်တက်နိုင်ပါ့မလဲ မင်းမိန့်ပဲကို ကျွန်မကိုစိတ်မပူပါနဲ့"
"ဟုတ်ပါရဲ့ကွာ မင်းကြီးကလည်းးငါ့ကိုတကယ်အားနာနေတာကွ သူလည်းမဖြစ်မနေမို့သာငါ့ကိုစေလွှတ်ရတာ "
"စိတ်မပူပါနဲ့ အကိုတော် ရှင့်ရဲ့ညာလက်ရုံးးးကိုထားခဲ့မှာမလားး အထိန်းတော်ယွန်းတို့လည်းပဲရှိပါတယ်။စိတ်ချလက်ချနဲ့လုပ်စရာရှိတာကိုစိတ်အေးလက်အေးလုပ်ခဲ့ပါရှင် ရှင်ပြန်လာတာနဲ့ ရှင့်ခလေးတွေနဲ့အတူနှမတော်ကစောင့်ကြိုနေပါ့မယ်။"
"ဟုတ်ပါပြီနှမတော် ကိုယ့်ကိုကိုယ်သေချာဂရုစိုက်ပါကွယ်"
-"Nae စိတ်ချပါ ရှင်လဲအစစအရာရာအဆင်ပြေပါစေ"
နိုင်ငံရဲ့အားကိုးရတဲ့ဘုရင်ရဲ့ညာလက်ရုံးးးးစစ်သူကြီးတဖြစ်လဲ ဘုရင်ရဲ့အကြံပေးးကြီးး ပတ်ဆွန်းးးဝူ စစ်သူကြီးပတ်လို့ပဲခေါ်ကြပါတယ်။တဖက်နယ်မြေဆီ ချစ်ကြည်ရေးးသံတမန်အဖြစ်သွားရောက်ရန်ဖြစ်လာရသည်။ပုံမှန်အချိန်ဆို စစ်သူကြီးပတ်ဒီလောက်နောက်ဆံတင်းနေရမည်မဟုတ် ခုဟာက ချစ်ရတဲ့အမျိုးသမီးငယ်လေးကမွေးလုမွေးခင်အခြေအနေကြီးဖြစ်နေသောကြောင့် တွေဝေနေရခြင်းး။မင်းကြီးကလဲ လွှတ်သာလွှတ်ရတယ် စစ်သူကြီးပတ်ရဲ့ဇနီးသည်ရဲ့အခြေအနေကိုသိနေတာမို လွန်စွာစိတ်ပူနေရခြင်းးးဖြစ်သည်။
ဒါပေမယ့်လည်း နိုင်ငံတာဝန်ကိုထမ်းဆောင်နေရတဲ့စစ်သူကြီးပေပဲမလားးး လွှဲရှောင်လို့မရတဲ့တာဝန်တွေဟာ ပခုံးပေါ်မှာထမ်းတင်ထားရသည်မို့ ရှောင်လွှဲနိုင်စွမ်းးမရှိစွာနဲ့ပဲ နောက်ဆံတင်းနေတဲ့ကြားမှပဲ ထွက်ခွာခဲ့ရပါတော့သည်။
YOU ARE READING
Royal Blood (တော်ဝင်သွေး)
Fanfictionနန်းတော်ရဲ့ရှုပ်ထွေးပွေလီမှုတွေ အာဏာလုမှုတွေနှင့်ပြိုင်ဆိူင်မှုတွေကြားကဖြစ်ပေါ်လာသော ဖုံးကွယ်ထားခဲ့ရသောနှလုံးသားများအကြောင်း