"သားး ဒီနေ့အခြေအနေကော အဆင်ပြေရဲ့လားးး မယ်တော့်သားကလေးး"
အိမ်ရှေ့စံမင်ဂယူသည် မယ်တော့်တောင်နန်းဆောင်တွင်ရောက်နေခြင်းဖြစ်သည်။
"ဒီလိုပါပဲမယ်တော် မင်းကြီးကကျွန်တော့်ကို နန်းတော်အပြင်ဘက်က အစွန်အဖျားကရွာတွေဆီ စေလွှတ်နေတယ်"
"သားက မသွားချင်ဘူးလား။မသွားချင်ရင် ငြင်းလိုက်လေသူ့ကို"
ဆွန်းမိဖုရားကြီးက မကျေမနပ်ပြောသည်။မတက်သာလို့သာ ငြင်းဆန်နိုင်စွမ်းမရှိပဲ ဒင်းကိုလက်ခံခဲ့ရသည်။ကိုယ့်ချစ်ခင်ပွန်း တော်ဝင်မင်းကြီးကိုသတ်ပြစ်ကာ သူမကို မိဖုရားအဖြစ်မတရားရယူခဲ့သည်။ဆယ်ကျော်သက်အရွယ် တမြို့ထဲအတူနေခဲ့ကြပြီး အချိန်အတော်အကြာ သူငယ်ချင်းတွေအဖြစ်ရှိခဲ့ကြတဲ့မျက်နှာမှမထောက် သူမခင်ပွန်းကိုသတ်ကာ တိုင်းပြည်နဲ့အတူ သူမနဲ့သားတော်ကိုပါသိမ်းပ်ိုက်ခဲ့သည်။
မင်းကြီးဂင်ရဲ့အလောင်းကိုတောင်ကြည့်ရှုနှုတ်ဆက်ခွင့်မရခဲ့တဲ့ သူမတို့သားအမိ။လေးနှစ်အရွယ် ခလေးငယ်ကို သူ၏သားနဲ့မခြားဂရုစိုက်ခဲ့ပေမယ့် စိတ်ရင်းဟုတ်မဟုတ်မသေချာ။သူ၏အရင်မိန်းမကိုတော့ မြောက်ဘက်နန်းဆောင်မှာထားသတဲ့ စိတ်မဝင်စားပါ။သူ့ကိုတောင်မလွန်ဆန်နိုင်လို့ အားမတန်မာန်လျော့ခဲ့ရတဲ့ဂင်ဆွန်းက သူ့မိသားစုအထိစိတ်ထဲထည့်မနေနိုင်။မင်းသားငယ် ဝန်နူးကိုတော့ သဘောကျမိပါ၏။အမြဲလိုလို တည်ငြိမ်အေးချမ်းနေတက်တဲ့မျက်နှာက ဖအေ၏သွေးနဲ့လားလားမျှမဆိုင် မိခင်ကိုတူသလားပေါ့။
"မယ်တော် သားလာတယ်"
အသံကြည်လေးနဲ့အတူ လုံးတုံးတုံးပြေးလာသော ဟုန်းဂျီဆူးမင်းသားငယ်။
"ဪ ရောက်ပြီလားးး"
"ဟုတ်ကဲ့ အာ ငါတို့အကိုတော်ပါရှိနေတာပဲ"
စိမ်းနုရောင်မင်းသားဝတ်စုံပြည့် ကျောလယ်လောက်ဆံပင်ရှည်တွေကိုပေါ့ပေါ့ပါးပါး တဝက်စီးထားတဲ့ နုနယ်ပျိုမြစ်နေသော သူမ၏သားတော်။အဟင်း အလိုမတူမကြည်ဖြူပဲမွေးခဲ့ရတဲ့ခလေး။ရှေ့က သားတော်ကြီးအိမ်ရှေ့စံဂင်မင်ဂယူနဲ့ဆို အမေတူဖအေကွဲတော်မှာပေါ့။
YOU ARE READING
Royal Blood (တော်ဝင်သွေး)
Fanfictionနန်းတော်ရဲ့ရှုပ်ထွေးပွေလီမှုတွေ အာဏာလုမှုတွေနှင့်ပြိုင်ဆိူင်မှုတွေကြားကဖြစ်ပေါ်လာသော ဖုံးကွယ်ထားခဲ့ရသောနှလုံးသားများအကြောင်း