သခင်ငယ်လေးရဲ့ စိုးရိမ်နေတဲ့ ဖြူစင်ကြည်လင်တဲ့မျက်လုံးလေးတွေကို ပြန်မြင်မိရင် ပတ်စစ်သူကြီး ဘာလုပ်ရမလဲတွေးနေမိသည်။ညာလက်ရုံးကြီးက ဇနီးဖြစ်သူအနားကျန်ခဲ့သောကြောင့် ဘယ်လက်ရုံးကြီးနဲ့စားပွဲပေါ်မှာခေါင်းချင်းဆိုင်ရင်းးး တွေးနေကြသည် ဘာဆက်လုပ်သင့်သလဲဆိုတာကို။အလောတကြီးဆုံးဖြတ်ချက်ချလိုက်လို့ကမရ။ကိုယ်ကသူတို့နယ်မြေမှာပဲရှိနေသေးသည်။မြို့စားက ဘယ်လိုစီစဉ်ထားတယ်ဆိုတာ အတိအကျမသိရသေး။အင်အားဘယ်လောက်ရှိသည်ဆိုတာကိုလည်းး ခန့်မှန်းလို့မရသေးးးး ။သို့ပေမယ့် လျော့တွက်လို့ကတော့မရ ဂျိုဆွန်းကိုတောင် သိမ်းဖို့ကြံတယ်ဆိုကထဲက တော်ရုံအင်အားတော့ မဟုတ်တန်ရာ။
"ဘယ်လိုလုပ်မယ်စိတ်ကူးပါသလဲ စစ်သူကြီး"
"ငါလည်းးးစဉ်းစားနေပါတယ်ကွာ။ခုဟာက သခင်ငယ်လေးရဲ့စကားနဲ့ဆိုတော့ ယုံရခက်မယုံရခက်ကွာ။"
"ခလေးတွေဟာ မလိမ်တက်ပါဘူးးစစ်သူကြီးးးး"
ဘယ်လက်ရူံးကြီး၏ တွေးတွေးဆဆပြောလာသောစကားး။စစ်သူကြီးပတ်လည်းးး အမျိူးမျိူး ဘက်ပေါင်းစုံးမှတွေးရသည်။ခလေးစကားမို့မဖြစ်နိုင်ဟုလည်းပြောမရ။မြို့စားဂျောင်ရဲ့ စိတ်ဟာခန့်မှန်းရခက်လှသည်။အကြည့်စူးစူးတွေနဲ့အမြဲလိုပြုံးနေတက်တဲ့မျက်နှာရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာ စစ်သူကြီးပတ် မစဉ်းစားတက်။
________________
ဂျိုဆွန်းးးတွင်
"အားးးးးး အမလေးးးး မယ်တော်တို့ရေ ကျွတ် ကျွတ် ကျွတ်!"
ညကြီးသန်းခေါင်တွင် စစ်သူကြီးပတ်၏ ဇနီးသည်ဗိုက်နာနေခြင်းဖြစ်သည်။အထိန်းတော်ယွန်းနှင့် တခြားသောအပ်ျုတော်တွေဟာ နန်းတွင်းသမားတော်ကြီးကို ရင်တမမနှင့်စောင့်နေကြရသည်။အထိန်းတော်ယွန်းလည်း အကိုတော်ဖြစ်သူ နန်းတွင်းသမားတော်ကြီးကို လည်တဆန့်ဆန့်ဖြင့်မျှော်နေရသည်။အထိန်းတော် ယွန်းးတို့မောင်နှမနှယောက်သည် မိဘတွေဆုံးပြီးကထဲက ဆွေမျိူးနီးစပ်ဦးလေး၏ အကူအညီဖြင့် နန်းတွင်းထဲဝင်လာကြခြင်းဖြစ်သည်။ပြေးကြည့်မှ ဒီအကိုဒီနှမပဲရှိကြသဖြင့် နန်းတွင်းထဲမှာပဲ စည်းစည်းလုံးလုံးဖြင့်နေခဲ့ကြသည်။အထိန်းတော်ယွန်းလည်းမိမိကိုယုံကြည်လို့ အနားမှာထားခဲ့သော စစ်သူကြီးကတော်၏ဘေးတွင်နေထိုင်ရင်း သစ္စာရှိစွာ အလုပ်အကျွေးပြုနေသလို အကိုတော်သည်လဲ သူတက်မြောက်ရာ ဆေးပညာကိုကိုယ်စွမ်းညဏ်စွမ်းရှိသလောက် သင်ယူလေ့လာခဲ့ခြင်းဖြင့် ဒီမောင်နှမနှယောက် နန်းတွင်းထဲမှာပဲ နေလာခဲ့ကြတာဖြစ်သည်။ခုလည်း စစ်သူကြီးကတော်၏ ပထမဆုံးကိုယ်ဝန်ဖြစ်သဖြင့် သေချာဂရုစိုက်ဖို့ စစ်သူကြီးပတ်ကမှာခဲ့ရှာတာ။
YOU ARE READING
Royal Blood (တော်ဝင်သွေး)
Fiksi Penggemarနန်းတော်ရဲ့ရှုပ်ထွေးပွေလီမှုတွေ အာဏာလုမှုတွေနှင့်ပြိုင်ဆိူင်မှုတွေကြားကဖြစ်ပေါ်လာသော ဖုံးကွယ်ထားခဲ့ရသောနှလုံးသားများအကြောင်း