အပိုင်း(၆)

57 11 1
                                    

ည၇ချက်တီးးကျော်ချိန်တွင် နန်းတော်ရဲ့မြောက်ဘက်အုတ်မြို့ရိုးးကို မမှီမကမ်းဖြင့်လှမ်းတွယ်တက်ကာ နန်းတော်အပြင်ကိုခိုးထွက်နေပါသော အသက်၁၇နှစ်အရွယ် မင်းသားငယ်လေးဟုန်းးး

"အာ့ ရပြီ အဟင်းးဟင်းး"

"အိုက်ဂူးးးရား မင်းသားလေးး အရှင်မင်းကြီးသိရင် ကျွန်တော်မျိုးတော့ လည်ပင်းပြတ်တော့မှာပါပဲ "

"မလိုက်ရဲရင်နေခဲ့လိုက် ရီဆန်းကုန်းးး ကျွန်တော်ကတော့သွားမှာပဲ "

"ပြောရခက်ပါတယ် မင်းသားရယ်"

ဂျီဆူးရီဆန်းကုန်းကို ခက်ပြတ်ပြတ်ပြောလိုက်ပြီးး ကိုယ့်ကိုကိုယ့်ပြန်ငုံ့ကြည့်လိုက်သည်။မင်းသားအဆောင်အယောင်တန်ဆာပလာတွေကို အကုန်ချွတ်ချခဲ့ကာ သာမန် အထက်တန်းစားတို့၏သားလိုမျိုး အစိမ်းနုရောင်ဝတ်စုံကိုဝတ်ထားကာ ဆံပင်ရှည်တွေကို တဝက်စည်းနှောင်ကာ ကျောက်စိမ်းဆံထိုးလေးထိုးထားလိုက်သည်။ကိုယ့်ပုံစံကို သဘောကျကာ တချက်ပြုံးလိုက်ပြီးးး ဂျီဆူးဖွက်ထားတဲ့ မြင်းပေါ်သို့လွှားခနဲခုန်တက်ကာ မျက်စိပျက်မျက်နှာပျက်နေတဲ့ ရီဆန်းကုန်းကို အပြုံးတချက်ပေးလိုက်ပြီးးး

"မနက်လေးနာရီမှာ ပြန်ရောက်မယ် ဒီနားမှာစောင့်နေ ရီဆန်းကုန်းလည်းသွားချင်တဲ့နေရာသွားနှင့်"

"မင်းသားလေးးးး!"

"ကျွန်တော်သွားပြီ"

တဟီးဟီးးးမြင်းဟီးသံနှင့်အတူ ညဘက်လေနုအေးတွေကို တဟုန်းထိူးခွင်း၍ ရွှေနန်းတော်အပြင်က  လွတ်လပ်သော နိဗ္ဗာန်ဘုံလေးများဆီ

---------

"အမလေး ကျွန်မတို့သခင်ငယ်လေးရောက်လာပါပြီလားး ကြွပါရှင် ကြွပါ"

"ဟုတ်ကဲ့ အဟီးဟီးး"

ဆောင်ကြာမြိုင်အပေါက်ဝကိုရောက်ရောက်ချင်းး မိန်းမပျိုတို့၏ခေါင်းဆောင်က သူမ၏ဝဲကားနေသော ဂါဝန်စကို မ ကာအပြေးလေး ဂျီဆူးသခင်လေး၏ လက်မောင်းကိုပြေးတွဲလာ၏။အမြဲတမ်းမဟုတ်တောင် လစ်ရင်လစ်သလို နန်းတွင်းထဲကခိုးထွက်တိုင်းး ရောက်လာတက်တဲ့ ဂျီဆူးကို ဒီအမျိုးသမီးကမှတ်မိနေတာ ဆန်းတော့မဆန်းတန်ရာ။ဒီနေရာက တော်ရုံပိုက်ဆံရှိတဲ့လူတွေတောင်ဝင်ဖို့ရာ မလွယ်ကူလှ။ကုန်သည်တွေ လူကုံထန်တွေသာ အသပြာကိုရေလို သုံးစွဲနိုင်တဲ့သူတွေသာ ဝင်လို့ရသည့် ကျယ်ပြောလှသည် အဆောက်အအုံ အခမ်းအနားကြီးထဲတွင် ‌အခန်းပေါင်းမြောက်များစွာရှိသည်။

Royal Blood (တော်ဝင်သွေး)Where stories live. Discover now