အခန်း (၆)
"မာရှူး!"
- လမ်းထဲမှပြေးထွက်လာသော မက်သရူးတစ်ယောက် လူသံကြား၍ ခေါင်းငုံ့ပြီးပြေးနေရာမှ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။
- "ဆောင်းဟန်ဘင်း..." မက်သရူးစိတ်ထဲကနေ ဟန်ဘင်း၏ နာမည်ကို ရေရွတ်လိုက်မိသည်။
- ဒီချိန်ကြီး ဒီကောင် ဒီနေရာမှာ ဘာလာလုပ်နေတာလဲဟူ၍လည်း တဆက်တည်းဆိုသလိုပင် တွေးမိသွားသည်။
- ထို့နောက် သူတွန်းလှဲခဲ့သော အနောက်တွင် ကျန်ခဲ့သည့် လူများအား လှမ်းကြည့်လိုက်ရာ မက်သရူး နောက်သို့ ဒေါသတကြီး ပြေးလိုက်လာကြသည်ကို တွေ့လိုက်ရလေသည်။
- မက်သရူးလည်း ပြေးနေသော အရှိန်ကိုတင်ပြီး ဟန်ဘင်းအနားရောက်သောအခါ ဟန်ဘင်း၏လက်တစ်ဖက်ကို လှမ်းဆွဲ၍ သူနှင့်အတူပြေးစေတော့သည်။
-------------------------------------------------
"မာရှူး! ဘာလို့ပြေးနေတာလဲ"
-ဘုမသိ ဘမသိနှင့် ယောရောင်ကာ လိုက်ပြေးနေရသော ဟန်ဘင်း၏အမေးကို မက်သရူးက
"မသေချင်ပြေး!!!!"
"ပြီးတော့ ငါ့နာမည် မာရှူးမဟုတ်ဘူး မက်သရူးပါလို့ မင်းကိုငါဘယ်နှစ်ခါပြောရမလဲ"- ပြေးလွှားနေရင်းနဲ့မှ သူ့ကိုရန်ပြန်လုပ်နေသေးသော မက်သရူးကို သဘောကျကာ ရယ်မောလိုက်သည်။
- အနောက်ကလူများကို သတိရ၍ လှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်နှင့် သိပ်မဝေးသော အကွာအဝေးတွင်ရှိနေသည်ကို မြင်လိုက်ရ၏။
- ထို့ကြောင့် ဟန်ဘင်းလည်း မက်သရူး၏လက်ကို ပို၍ တင်းကျပ်စွာ ကိုင်ကာ ရှေ့မှဦးဆောင်ပြီး အသားကုန်ပြေးလေတော့သည်။
- နောက်မှပြေးလိုက်နေသော လူစုအား မျက်ခြေဖြတ်နိုင်သော နေရာသို့ရောက်သောအခါ နှစ်ယောက်သား ပြေးနေရင်းနှင့် မှ ရပ်လိုက်ကြသည်။
- သူတို့နှစ်ယောက်၏ လက်များကတော့ တွဲလျက်သားပင်။
---------------------------------------------------- မောနေသောကြောင့် တစ်ယောက်ကိုတစ်ယောက် တော်တော်နှင့် စကားမပြောမိ။
YOU ARE READING
In Our Own World
Fanfictionbinthew fanfic (complete) "မင်းနဲ့ငါက ဘာဆိုင်လို့လဲ" - (ဆော့မက်သရူး) "ငါကဆိုင်ချင်တယ် ဆိုရင်ရော.. ငါမင်းကို ပိုင်ဆိုင်ချင်တယ် ဆော့မက်သရူး" - (ဆောင်းဟန်ဘင်း)