Part 12

68 9 2
                                    

အခန်း (၁၂)

- ကျယ်ပြန့်သော ကျောင်းခေါင်မိုးထပ်တွင် ကျောင်းသားများစုဝေး နေကြသည်။

- ထိုကျောင်းသားများ​၏ အလယ်တွင်တော့ ကျောင်းသားနှစ်ဦးက လုံးထွေးကာ သတ်ပုတ်နေကြ​၏။

- တစ်ယောက်က သူဌေးသားပီပီ မာနကြီးကာ သွေးဆူလွယ်သောစိတ်ကြောင့် ရန်ခဏခဏဖြစ်တတ်သော အထက်တန်း ဒုတိယနှစ်မှ ဆောင်းဟန်ဘင်းဖြစ်ပြီး...

- နောက်တစ်ယောက်ကတော့ ကျောင်းလူမိုက်စာရင်းဝင် အထက်တန်း တတိယနှစ်မှ ယွန်းဂျုံဝူးဆိုသူပင်။ တပည့်တပန်းလည်း ပေါများသောကြောင့် ကျောင်းသားတော်တော်များများက စီနီယာဂျုံဝူးဆိုလျှင် ဝေးဝေးက ရှောင်ကြသည်သာ။

- ကျောင်း၌ နာမည်ကြီးသော ကျောင်းသားနှစ်ယောက်​၏ ရန်ပွဲဖြစ်သည့် အလျောက် စိတ်ဝင်စားကာ လာကြည့်သူများက ခေါင်မိုးထပ်တခုလုံး ပြည့်လုနီးနီးပင်။

- ဝိုင်းအုံနေသော ကျောင်းသားများနှင့် မလှမ်းမကမ်းတွင် နံရံကိုမှီ၍ ဂရူဗင်း ထိုင်နေလေသည်။

- ဂရူဗင်း​၏ ကျောင်းအင်္ကျီမှာ ညစ်ပတ်ပေကျံနေ၍ မျက်နှာတွင်လည်း ဒဏ်ရာများနှင့်။ သူ့ဘေးတွင်တော့ တရှုံ့ရှုံ့ငိုနေသော ဟန်ယူဂျင်း။

- ဂရူဗင်းတို့နှင့် မလှမ်းမကမ်းတွင် ဟန်ဘင်းနှင့် ဂျုံဝူးတို့ အပြန်အလှန်ထိုးကြိတ်နေကျသည်။

- ဂျုံဝူး​၏နောက်လိုက်ဖြစ်သော တခြားကျောင်းသားများသည်လည်း ဟန်ဘင်းလက်ချက်နှင့် အတုံးအရုံးလဲကျနေကြ​၏။

- ဟန်ဘင်း​၏မျက်နှာသည် ဒေါသကြောင့် နီမြန်းနေပြီး နှုတ်ခမ်းထောင့်စွန်းတွင်လည်း သွေးများစို့လျက်။

- ဂျုံဝူး၏ မျက်နှာမှာလည်း ဖူးရောင်လို့နေလေသည်။ ပါးစောင်တွင်ရှိနေသော သွေးများအား ထွေးထုတ်လိုက်ပြီး..

"ထွီ! မင်းနဲ့မဆိုင်တဲ့ ပြဿနာကို ဘာလို့ဝင်ပါချင်နေရတာလဲ ဆောင်းဟန်ဘင်း?"

"မင်းတို့ ဂရူဗင်းကိုမထိရင် ငါလည်း ဝင်ပါစရာအကြောင်းမရှိဘူး"

"မင်းကောင်ကို ငါအစောကြီးထဲက ပြောထားပြီးသား။ ယူဂျင်းလေးနားကနေ ဝေးဝေးနေပါလို့။ ဒီကောင်က နားမှမပါတာ"

In Our Own WorldWhere stories live. Discover now