အခန်း (၁၃)
- ဟန်ဘင်း၏နှုတ်ခေါင်းဝသို့ ဆေးရုံများတွင် ရလေ့ရှိသောအနံ့က တိုးဝင်၍လာသည်။ဦးခေါင်းမှ တဆစ်ဆစ်နာကျင်နေသည်ကိုလည်း ခံစားလိုက်ရသည်။
- မျက်လုံးများကို အားယူ၍ဖွင့်ကြည့်လိုက်တော့ အဖြူရောင်မျက်နှာကျက်က ဆီးကြိုလို့နေ၏။
"ဟန်ဘင်း"
"သား.. သတိရလာပြီလား"
- မက်သရူးနှင့်မေမေ့၏ စိုးရိမ်တကြီးမေးသံကို တဆက်တည်းကြားလိုက်ရသည်။
"မေမေ"
"မာရှူး""မေမေဆရာဝန် သွားခေါ်လိုက်ဦးမယ်၊ ခဏလေးနော် သား"
"ဟုတ်"
- မေမေ ကုတင်နားမှ ထွက်သွားပြီးနောက် မက်သရူးရှိရာဖက်သို့ ခေါင်းငဲ့ကြည့်လိုက်သည်။
- ဘယ်လောက်တောင် ငိုထားသည်မသိ။ မက်သရူး၏ မျက်လုံးလေးများက ဖောင်းအစ်လို့နေသည်။
"မာရှူး"
"မင်းနေလို့ သက်သာရဲ့လား ခေါင်းရောမူးနေလား"
"ငါသက်သာပါတယ် ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ မာရှူးငိုထားတာလား"
*ရွှီ
- အဲ့အချိန်မှာပဲ မေမေပြန်ရောက်လာကာ ကုတင်အား ကာထားသောလိုက်ကာစအား ဆွဲဖယ်လိုက်သောကြောင့် ဟန်ဘင်းစကားစပြတ်သွားသည်။မေမေနှင့်အတူ ဆရာဝန်လည်း ပါလာသည်။
"ဘယ်လိုနေလဲ ခေါင်းမူးတာတို့ အန်ချင်တာတို့ဖြစ်လား"
"မဖြစ်ပါဘူးဆရာ သက်သာပါတယ်"
"အကယ်၍ အန်ချင်လာတယ်ဆိုရင် ဆရာတို့ကိုချက်ချင်းပြောနော်"
"ဟုတ်ကဲ့"
"MRI result ကလည်းကောင်းပါတယ်။ လောလောဆယ် သွေးထွက်များသွားလို့ အားတော့နည်းနေလိမ့်မယ်။ ခေါင်းကဒဏ်ရာကလည်း သိပ်မနက်တော့ ၄,၅ ရက်လောက် သေချာအနားယူလိုက်ရင် သက်သာသွားမှာပါ။
"ဟုတ်ကဲ့ပါဆရာ"
- ဟန်ဘင်းကို လိုအပ်တာတွေ စစ်ဆေးပြီးနောက် ဆရာဝန်က မေမေ့ဖက်လှည့်ကာ
"လိုအပ်တာလေးတွေ ထပ်ပြောရအောင် အုပ်ထိန်းသူ ခဏလောက်လိုက်ခဲ့ပေးပါဦး"
YOU ARE READING
In Our Own World
Fanfictionbinthew fanfic (complete) "မင်းနဲ့ငါက ဘာဆိုင်လို့လဲ" - (ဆော့မက်သရူး) "ငါကဆိုင်ချင်တယ် ဆိုရင်ရော.. ငါမင်းကို ပိုင်ဆိုင်ချင်တယ် ဆော့မက်သရူး" - (ဆောင်းဟန်ဘင်း)