Part 11

78 10 4
                                    

အခန်း (၁၁)

"ဟေ့ကောင်! မက်သရူးလို့ပဲခေါ်ပါဆို"

- မက်သရူးပုခုံးကိုဖက်လျက် ကျောင်းအတွင်းသို့ဝင်ရောက်သွားသော ဂရူဗင်း​၏ နောက်ကျောဆီမှ ဟန်ဘင်း​၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ​၏။

- ဘေးကနေ သူ့ပုခုံးပေါ်လက်တင်လျက်နှင့်  စကားတတွတ်တွတ် ပြောနေသော ဂရူဗင်းကို မက်သရူး တအံ့တဩ ကြည့်နေမိသည်။

- ခုမှစသိသည့် သူ့အား ငယ်ပေါင်းကြီးဖော်သဖွယ် ပြောဆိုနေသောကြောင့်ပင်။

- အနောက်တွင် ကျန်ခဲ့သော ဟန်ဘင်းကိုလှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်အား ခါးထောက်၍ကြည့်နေလေ​၏။

- ဟန်ဘင်း​၏ပုံစံကို သဘောကျပြီး မက်သရူးအသံထွက်ကာ ရယ်လိုက်မိသည်။

"ဟား ဟား"

"ဘာရယ်တာလဲ"

"ဆောင်းဟန်ဘင်းကို ရယ်ချင်လို့"

"ထားလိုက်... သူ့ဘာသာလိုက်လာလိမ့်မယ်"

- ဖော်ရွေစွာ ဆက်ဆံတတ်သော ဂရူဗင်းကြောင့် မက်သရူးလည်း အနေမခက်တော့ပဲ စကားအပြန်အလှန် ပြောရင်းဖြင့်ပင် အတန်းရှိရာသို့ ရောက်လာခဲ့​၏။

- အတန်းထဲရောက်တော့ ဟန်ဘင်း​၏ ခုံနေရာသို့ လှမ်းကြည့်လိုက်မိရင်း မနက်က အကြောင်းက ခေါင်းထဲရောက်လာသည်။

- ဟန်ဘင်းပြောခဲ့သည့် နေ့တိုင်းကျောင်းတူတူသွားဖို့ကိစ္စကို ငြင်းလိုက်မိသည်ကို မက်သရူး စိတ်မကောင်းဖြစ်နေမိ​၏။

- သူ့မှာလည်း သူ့အကြောင်းနှင့် သူမလို့ပင်။ ဟန်ဘင်းနှင့် သူ့အဖေကိုလိုက်ရှာနေကြသော လူမိုက်လိုလိုလူများ တွေ့သွားမည်ကို မက်သရူးမလိုလား။ သူ့ကြောင့် ဟန်ဘင်းကိုပါ ရန်ရှာကြမည်ကို မက်သရူးစိုးရိမ်မိသည်။

- ဟန်ဘင်းနှင့် နေ့တိုင်းသာ ကျောင်းသို့ သွားအတူလာအတူ လုပ်နေပါက တချိန်မဟုတ် တချိန်တွင် လမ်း၌ ထိုလူများနှင့် တွေ့သွားနိုင်သောကြောင့် ငြင်းလိုက်ရခြင်းဖြစ်သည်။

- အတန်းထဲသို့ ဟန်ဘင်း ဝင်လာသည်ကို တွေ့၍ စကားသွားပြောမည်လုပ်ပြီးမှ ဆရာရောက်လာသောကြောင့် မက်သရူး ကိုယ့်နေရာတွင်ကိုယ် ပြန်ထိုင်လိုက်ရ​၏။

In Our Own WorldWo Geschichten leben. Entdecke jetzt