အခန်း (၇)
"ငါဒီနေ့မင်းအိမ်လိုက်အိပ်လို့ရမလား"
"ဟမ်!"
- အထိတ်တလန့် ဖြစ်သွားသည့် ဟန်ဘင်းပုံစံကို ကြည့်ရင်း မက်သရူးရယ်ချင်သွားသည်။
"အလကား စတာပါကွာ မင်းကလဲ ㅎㅎ"
- နဂိုထဲကမှ မက်သရူးကို ကြည့်ကာ ရင်ခုန်နေသည့် ဟန်ဘင်းမှာ မက်သရူး စနောက်၍ ပြောလိုက်သော စကားကြောင့် နှလုံးခုန်နှုန်းတွေမှာ ပို၍ပင် မြန်ဆန်လာတော့၏။
- စိတ်ကိုမနည်း တည်ငြိမ်အောင်ထိန်းလိုက်ပြီး
"ငါက မင်းတကယ်ပြောနေတယ်ထင်လို့"
"မင်းနဲ့ငါက သူငယ်ချင်းလည်းမဟုတ်ပဲ မင်းအိမ် ငါလိုက်အိပ်စရာလား"
"ခုကစပြီး သူငယ်ချင်းလုပ်လို့ရတာပဲ"
- ဟန်ဘင်းက မက်သရူး၏ မျက်လုံးများဆီသို့ တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်။
- ဟန်ဘင်း စကားကြောင့် မက်သရူး ခဏမျှ ငြိမ်သွားခဲ့၏။။
- "သူငယ်ချင်းတဲ့လား" မက်သရူး၌ မရှိတာ ကြာခဲ့ပြီဖြစ်သော ဖြစ်တည်မှုပင်။
- အချိန်အနည်းငယ်ခန့် တွေဝေနေပြီးသည့်နောက်
"အင်း....."
"အဲ့ဒါဆို မင်းနဲ့ငါသူငယ်ချင်းတွေ ဖြစ်သွားပြီနော်"
- မက်သရူးခေါင်းညိတ်ပြလိုက်တော့ ဟန်ဘင်းက သူ့ပါးပေါ်ရှိ ပါးချိုင့်လေးများ ပေါ်သည်အထိ ပြုံးလိုက်လေသည်။
- ဟန်ဘင်း၏ ပါးချိုင့်လေးများကို မက်သရူးခုမှ သေချာ သတိထားကြည့်မိသည်။ ပါးချိုင့်လေးတွေရှိနေပုံမှာ ထူးထူးခြားခြားဖြင့် ကြောင်နှုတ်ခမ်းမွှေးလေးများနှင့်ပင် တူနေသေးတော့၏။
"မင်း အိမ်ပြန်တော့မှာလား။ ငါနဲ့အိမ်ချင်းနီးတာပဲ။ တူတူပြန်မယ်လေ"
"မပြန်သေးဘူး။ ငါဂိမ်းဆိုင်သွားမလို့"
- မက်သရူးမှာ ဒီနေ့ အိမ်ပြန်ချင်စိတ် လုံးဝမရှိနေ။
- အိမ်သို့ပြန်လျှင် ခုနကလူများ အိမ်ရှေ့၌စောင့်နေမည်ကို မက်သရူးစိုးရိမ်နေမိသည်။ ထို့ကြောင့် အိမ်မပြန်ချင်။
"မင်း ဂိမ်းဆိုင်သွားမယ်ဆို ငါလည်းလိုက်ခဲ့မယ်လေ"
"သဘောပဲ"
------------------------------------------------------
- ဂိမ်းဆိုင်သို့ သွားရာလမ်းတလျှောက်၌ ဟန်ဘင်းခေါင်းထဲတွင် အတွေးတွေများနေ၏။
- အဓိကမှာ ဂိမ်းဆိုင်၌ ကင်ဂရူဗင်း ရှိနေဦးမည်ကို စိုးသောကြောင့်ပင်။
- နေမကောင်းဘူးဟုပြောကာ အိမ်ပြန်သွားသော သူ့အား ဂိမ်းဆိုင်၌ မက်သရူးနှင့် တူတူတွေ့လိုက်ရလို့ကတော့ဖြင့် ဂရူဗင်း၏ သံသယမေးခွန်းပေါင်းများစွာကို သူရင်ဆိုင်ရပေတော့မည်။
- ဂိမ်းဆိုင်သို့ရောက်တော့ ဟန်ဘင်း မျက်စိကျွတ်မတတ် ဂရူဗင်းအား လိုက်ရှာမိသည်။ တွေ့လျှင် ပုန်းရအောင် ကြိုတင်၍ ရှာနေခြင်းပင်။
- တော်သေးသည်က ဂရူဗင်းကို ဆိုင်ထဲတွင်မတွေ့။
- ပြန်သွားလောက်ပြီထင်သည် ဟုတွေးမိပြီး ဟန်ဘင်းလည်း ခုမှ သက်ပြင်းချနိုင်တော့သည်။
"မာရှူး ဘာဆော့မှာလဲ။ LOL (league of legend) ဆော့မလား ငါနဲ့"
"မက်သရူးပါဆိုမှကွာ။ တော်ပြီ မင်းဘာသာမင်း ခေါ်ချင်သလိုသာ ခေါ်တော့"
"ဟား ဟား"
"ဘာရယ်တာလဲ"
"မင်းရန်တွေ့တာ ချစ်ဖို့ကောင်းလို့"
- ဟန်ဘင်းကို မက်သရူး နှုတ်ခမ်းဆူလျက် မျက်စောင်းလှမ်းထိုးလိုက်သည်။
- မက်သရူး၏ စူပုတ်ပုတ်ဖြစ်နေသော ပုံလေးမှာ ချစ်ဖို့ကောင်းလွန်း၍ ဟန်ဘင်းတစ်ယောက် ကိုယ့်စိတ်ကိုယ် မနည်းထိန်းနေရသည်။ မဟုတ်လျှင် အူယားလွန်း၍ မက်သရူး၏ ပါးအိအိလေးများအား ဆွဲညစ်မိတော့မည်။
- မက်သရူး၏ စူထော်ထော်ဖြစ်နေသော နှုတ်ခမ်းလေးဆီသို့ အကြည့်တို့ရောက်သွားသောအခါ ဟန်ဘင်း ရင်တွေခုန်လာမိပြန်၏။
- အောက်နှုတ်ခမ်းတို့ကို ဖိကိုက်၍ မက်သရူးဆီရောက်နေသော အကြည့်တိို့ကို နေရာလွှဲလိုက်ရသည်။
- ဟန်ဘင်းအတွက်တော့ တခါမှ မတွေ့ကြုံဖူးသော ခံစားချက်အသစ်များ စတင်ဖြစ်ထွန်းလာတော့သည်။
----------------------------------------------------
tbc >>
YOU ARE READING
In Our Own World
Fanfictionbinthew fanfic (complete) "မင်းနဲ့ငါက ဘာဆိုင်လို့လဲ" - (ဆော့မက်သရူး) "ငါကဆိုင်ချင်တယ် ဆိုရင်ရော.. ငါမင်းကို ပိုင်ဆိုင်ချင်တယ် ဆော့မက်သရူး" - (ဆောင်းဟန်ဘင်း)