Part 10

71 11 0
                                    

အခန်း (၁၀)

[တနင်္လာနေ့]

- ဆောင်းဟန်ဘင်း ဝီရိယကောင်းကာ ဒီနေ့အစောကြီးနိုးနေသည်။ အရင်နေ့တွေဆို ကျောင်းသွားဖို့အရေး သူ့အမေက အနောက်မှ လိုက်အော်နေရမြဲပင်။

- ဒီနေ့တော့ စောစီးစွာပင် ပြင်ဆင်ပြီး၍ မနက်စာ ထမင်းစားပွဲတွင် အဆင်သင့် ဝင်ထိုင်နေ​၏။

"အမယ် ဒီနေ့ ထူးထူးဆန်းဆန်းပါလား။ အဖေကြီးရေ ရှင့်သားကိုလည်းကြည့်ဦး"

- ထမင်းစားပွဲထိပ်၌ ထိုင်ကာ သတင်းစာဖတ်နေသော အဖေက ဟန်ဘင်းကိုလှမ်းကြည့်သည်။

"သားကအစောကြီး ကျောင်းသွားတော့မလို့လား? ဖေဖေ ကုမ္ပဏီသွားရင် တခါတည်း သားပါလိုက်ခဲ့လေ။ ကျောင်းရှေ့မှာချပေးခဲ့မယ်"

"အာ... ရတယ်ဖေဖေ။ သားဝင်စရာလေးရှိလို့"

- အရင်နေ့များဆိုလျှင် ဟန်ဘင်းမနက်စာစားဖို့ ဆင်းလာသည့် အချိန်များတွင် ဖေဖေက ကုမ္ပဏီသို့ သွားနှင့်ပြီဖြစ်သည်။

- ဒီနေ့တော့ မက်သရူးနှင့်ချိန်းထားသည့်အတွက် စိတ်လှုပ်ရှားပြီး ဟန်ဘင်းအစောကြီးထဲက နိုးနေခဲ့​၏။

- မက်သရူး ကျောင်းသွားသည့် အချိန်နှင့် လွဲသွားမည်စိုးသောကြောင့် မက်သရူးတို့လမ်းထိပ်သို့ စောစောသွားကာ စောင့်နေချင်သည်။

- ထို့ကြောင့် အမြန်ပြင်ဆင်ပြီး မုန့်စားဖို့ဆင်းလာရာ ဖေဖေနှင့် မနက်စာစားပွဲ၌ ယခုလို ဆုံရခြင်းပင်။

--------------------------------------------------

- မနက်စာကို ခပ်သွက်သွက်စား၍ ဟန်ဘင်းအိမ်ကထွက်လာခဲ့​၏။

- မက်သရူးတို့လမ်းထိပ်ရောက်တော့ လမ်းထိပ်၌ရှိသော အုတ်ခုံလေးတွင်ထိုင်ကာ မက်သရူးအား စောင့်နေခဲ့သည်။

- သိပ်မကြာခင်မှာပင် လမ်းထဲ၌ ခေါင်းငိုက်စိုက်ကာ လျှောက်လာသော မက်သရူးအား လှမ်းတွေ့လိုက်ရသည်။

"မာရှူး"

- ဟန်ဘင်း မက်သရူးအား အော်ခေါ်ရင်းနှင့် လက်ဝှေ့ယမ်းပြလိုက်​၏။

"မင်းရောက်နေတာကြာပြီလား"

"မကြာသေးပါဘူး ခုနလေးကမှရောက်တာ"

In Our Own WorldWo Geschichten leben. Entdecke jetzt