အခန်း (၁၉)"သား မေမေ့ကို မြင်ရလား ဖြည်းဖြည်းချင်း မျက်လုံးကို ဖွင့်ကြည့်နော်"
- အမှောင်ထုနှင့် နှစ်အတန်ကြာ နေသားကျနေသော မက်သရူး၏ မျက်လုံးအိမ်ထဲသို့ အလင်းတန်းစူးစူးက တိုးဝင်၍လာ၏။
"မျက်လုံးကို အားမစိုက်ပဲ ဖြည်းဖြည်းချင်းဖွင့်ကြည့်ပါ.... မြင်ရပြီလား"
- အမြင်အာရုံတစ်ခုလုံး လင်းထိန်၍နေသောကြောင့်ဆရာဝန်နှင့် မေမေ့အသံကို မက်သရူးအာရုံမစိုက်နိုင် ဖြစ်နေသည်။
- မျက်လုံးကို ကျင့်သားရအောင် ပိတ်လိုက်ဖွင့်လိုက်လုပ်ပြီးနောက် မျက်စိရှေ့ရှိအရာများကို သဲသဲကွဲကွဲ မြင်လာရ၏။
"မေမေ"
"သားလေး!! သားလေး မျက်လုံးပြန်မြင်ရပြီပေါ့နော် မေမေဝမ်းသာလိုက်တာ"
- သူ့မျက်စိရှေ့တွင် ဝမ်းသာ၍ငိုနေသော မေမေ့အား မက်သရူးပြုံးပြလိုက်သည်။
- မမြင်ရတာကြာနေပြီဖြစ်သည့်ကောင်းကင်ကြီးကိုလည်း ပြတင်းပေါက်မှတဆင့် တမေ့တမော ငေးကြည့်နေမိ၏။
"မျက်လုံးကို ချက်ချင်းအလုပ်အများကြီးပေးလို့မရသေးဘူး၊ လောလောဆယ် မျက်မှန်တပ်ပြီး နေရမယ်နော်"
- ဆရာဝန်၏ စကားကြောင့် မက်သရူးမျက်လုံးများကို အလန့်တကြား ပြန်ပိတ်လိုက်မိသည်။ သူရဲ့ အမြင်အာရုံတွေကို ထပ်ပြီး မဆုံးရှုံးချင်တော့။
"အဲ့လောက်လည်း မလန့်ပါနဲ့ အရမ်းကြီးအားမစိုက်နဲ့ဦးလို့ပဲပြောတာပါ"
"ဟုတ်ကဲ့ဆရာ ကျွန်တော်စိုးရိမ်သွားလို့ပါ"
- ဆရာဝန်က မက်သရူးအားပြုံးပြပြီးနောက် အခန်းထဲမှ ထွက်သွား၏။
"မေမေလိုက်သွားလိုက်ဦးမယ် ခဏလေးနော်"
"ဟုတ်ကဲ့"
- မျက်စိကို မှိတ်ထားကာ ခေါင်းအုံးပေါ်သို့ ပြန်လှဲချလိုက်သည်။
- သူ့ရဲ့မျက်ဝန်းအိမ်ထောင့်စွန်းမှမျက်ရည်များစီးကျလို့လာ၏။
"ဟန်ဘင်း ငါ့ကိုမေ့များသွားပြီလား"
- ခပ်တိုးတိုးရေရွတ်ရင်း မက်သရူး၏ စိတ်အာရုံများက အတိတ်ဆီသို့ ပျံ့လွင့်ကာသွားလေသည်။
YOU ARE READING
In Our Own World
Fanfictionbinthew fanfic (complete) "မင်းနဲ့ငါက ဘာဆိုင်လို့လဲ" - (ဆော့မက်သရူး) "ငါကဆိုင်ချင်တယ် ဆိုရင်ရော.. ငါမင်းကို ပိုင်ဆိုင်ချင်တယ် ဆော့မက်သရူး" - (ဆောင်းဟန်ဘင်း)