အခန်း (၉)
- လမ်းသွယ်လေး၏ အဆုံးတွင် တည်ရှိသည့် ခြံစည်းရိုးအဖြူရောင်ကို သေသပ်စွာခတ်ထားသော တစ်ထပ်တိုက်ပုလေးတစ်လုံးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ရှိနေလေ၏။
- အိမ်နှင့်ခြံဝန်းကျဉ်းကျဉ်းလေးကြားတွင်တော့ အလေ့ကျပေါက်သော အပင်ငယ်လေးများက အစီအရီရှိနေကြသည်။
- အိမ်ထဲတွင်တော့ ပရိဘောဂဟူ၍ များများစားစားသိပ်မရှိ။
- တခြားသော လူနေအိမ်များနှင့် မတူစွာ တိတ်ဆိတ်ခြောက်ကပ်လို့နေ၏။
- ထိုအိမ်လေး၏ တစ်ခုတည်းသော အခန်းအတွင်းတွင်တော့ ဆော့မက်သရူးဆိုသည့် ကောင်လေးတစ်ယောက် ရှိနေလေသည်။
- အိပ်ခန်းတွင်းရှိ အိပ်ရာထက်၌ လှဲ၍ မနေ့ကအကြောင်းများကို မက်သရူး ပြန်တွေးနေမိ၏။
-------------------------------------------------------
[မနေ့က]- မက်သရူး အတန်းသန့်ရှင်းရေးအတွက် တာဝန်ကျသောကြောင့် ညနေကျောင်းကပြန်တော့ အတော်ပင် နောက်ကျနေလေပြီ။
- ပုံမှန်ပြန်နေကျဖြစ်သော လူရှင်းသည့် ဖြတ်လမ်းမှပင် မက်သရူးပြန်လာခဲ့သည်။
- လမ်းကွေ့တစ်ခုအရောက်တွင်မူ မက်သရူးရှေ့သို့ လူတစုရောက်လာပြီး မက်သရူးသွားမည့်လမ်းကိုပိတ်ကာ ရပ်လိုက်ကြသည်။
- အသားကျနေသည့် ခြေထောက်များက လှည့်ပြေးဖို့ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားချေပြီ။
- မက်သရူး၏ အင်္ကျီဂုတ်နေရာမှနေ၍ ဆောင့်ဆွဲထားခြင်းကို ခံရသောကြောင့် မက်သရူးပြေး၍မရတော့။
- လူပြတ်သည့် လမ်းသွယ်တစ်ခုဆီသို့ ဆွဲခေါ်ခြင်းခံသွားရပြီးသည့်နောက် ထိုလူစုထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူသော အင်္ကျီအပြာရောင်ဝတ်ထားသည့်သူမှ
"မင်းက ဆော့ဝူဂျင်းရဲ့သားမလား"
"----"
"မင်းအဖေဘယ်မှာလဲ?"
"မသိဘူး"
"အသားမနာချင်ရင် မေးနေတုန်းမှာ ဖြေလိုက်နော်"
YOU ARE READING
In Our Own World
Fanfictionbinthew fanfic (complete) "မင်းနဲ့ငါက ဘာဆိုင်လို့လဲ" - (ဆော့မက်သရူး) "ငါကဆိုင်ချင်တယ် ဆိုရင်ရော.. ငါမင်းကို ပိုင်ဆိုင်ချင်တယ် ဆော့မက်သရူး" - (ဆောင်းဟန်ဘင်း)