1. အားလုံးရဲ့ အစ

404 27 6
                                    

February is Everything for me. 🖤

ဇန်နဝါရီလ။
ဇန်နဝါရီလဟာ အရာအားလုံး ဖြစ်သည် ဆိုသူများလည်း သူတို့အတွက်တော့ မှန်ချင်မှန်မှာပေါ့။

ဇန်နဝါရီလထဲမှာတော့ အဖြစ်အပျက်တွေက စုံလင်များပြားလှပြီး၊ ကာလအားဖြင့်တော့ ကြာလွန်းတတ်၏။

လူတွေဟာ ဘယ်အရာမှာမဆို အစဆုံး ပထမဆုံး ဆိုတာတွေကို ပို အလေးပေးတတ်တာကြောင့် ပို ခံစားရတာပေါ့။ အဲလိုမျိုး ... နှစ်တစ်နှစ်ရဲ့ ပထမဆုံး လမှာ ဘာဖြစ်ရမယ် ဘယ်လိုဖြစ်ရမယ် ဆိုပြီး plan ထားသမျှဟာ အလွဲအမှားတစ်ခုခုက ဝင်တိုက်လိုက်မိတာနဲ့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ အရေးကြီးဆုံး ဆိုတဲ့ စိတ်ခံစားချက်တွေဟာ ကြေမွတော့တာပဲ။ ကြာမှသာ အရေထူပြီး ဖြစ်ပျက်သမျှက ဟာသ ဖြစ်သွားတာ။

အဲလိုနဲ့
ဖေဖော်ဝါရီမှာ မပျော်ပျော်အောင် စနေရတော့တာပဲ။
တစ်နေ့တာရဲ့ flow အတိုင်း တစ်နေ့ချင်းစီ ရှင်သန်မယ်၊ တခြား မစဥ်းစားနဲ့ ဆိုတာတွေ ဖြစ်လာရော။

ဒီလိုလလေးမှာ
ချစ်သူခင်သူတွေနဲ့ ဖြတ်သန်းရတာ
ပျော်စရာတွေ ဖွေရှာရတာ
လှပပါလား သိလာတဲ့အခါ
ဒါ ဖေဖော်ဝါရီ ဆယ့်ငါးပဲ။

တကယ်တော့
မှားနေတယ် ထင်တာတွေလည်း
မှားတယ်ဆိုတာ မရှိပါဘူး။

.....

ကဖေးရဲ့ အပေါ်ထပ် ထောင့်တစ်နေရာက စားပွဲဝိုင်းမှာ ထိုင်ရင်း ပြတင်းမှန်ကတဆင့် အပြင်က ​လူသွားလူလာတွေကို Faye ငေးကြည့်နေမိတယ်။ စားပွဲပေါ်မှာ စာအုပ်အကြမ်းတစ်အုပ်နဲ့ ခဲတံတစ်ချောင်းလည်း ထုတ်ထားတယ်။ ပုံမှန်ဆိုရင်တော့ ဖုန်းရဲ့ notepad မှာ ချရေးရုံပေါ့။ ဒီနေ့တော့ ပုံမှန်ထက် ထူးလို့လေ။

အယ်ဒီတာနဲ့ အခုလေးတင် တွေ့ပြီးတာ ဖြစ်သလို စာအုပ်အသစ် ရေးနိုင်ဖို့အတွက် အယ်ဒီတာက လောသွားတော့ ကျွန်မ တစ်ခုခု စမှ ဖြစ်တော့မယ်။ ကျွန်မ ကြိုက်တဲ့ Espresso အနံ့က နှာခေါင်းထဲ တိုးဝင်နေပြီး၊ ဒီဆိုင်က ဖွင့်နေကျ Jazz ဂီတနဲ့ဆို ဦးနှောက်က အလုပ်လုပ်နိုင်မလားလို့။ ဒါပေမယ့်လည်း စိတ်က တခြားကိုပဲ ပျံလွင့်နေပြီး၊ ဖေဖော်ဝါရီလနဲ့ ပတ်သက်တဲ့ စာတိုလေးပဲ ထွက်လာတယ်။

EvermoreWhere stories live. Discover now