5. Yoko's first POV

146 22 1
                                    

ခေါင်းတွေ ထုံကျဥ် ပူထူပြီး နိုးထ လာတော့တယ်။

နာရီကို ကြည့်တော့ နေ့ခင်း ၁၁နာရီတောင် ထိုးတော့မယ်။ ဧည့်ခန်းထဲမှာ Yoko တို့ ၃ယောက်ထဲဆိုတော့ ၁ယောက် ပျောက်နေတာပေါ့။ Yoko သူငယ်ချင်းနှစ်ယောက်ကတော့ မနိုးသေး။ တစ်ညလုံး AC ဖွင့်ထားတော့ တစ်ခန်းလုံးလည်း အေးစိမ့်နေပြီး၊ စားပြီးသား ပန်းကန်တွေ၊ ဘီယာဘူးခွံတွေက ညကအတိုင်း ပြန့်ကြဲနေလို့။ မွေးနေ့မှာ သောက်စားထားသမျှက နောက်တစ်ရက်မှာ ဆေးကြောရတော့တာပဲ။

ဒါထက် P'Faye က မနက်မှ စောစော ထပြန်သွားတာလား။ ညကတည်းက ပြန်သွားတာပဲလား။

***

flashback

"Yoko က အခု ဘယ်နှနှစ် ပြည့်တာ"
Big ကနေ မေးခွန်း စထွက်လာတော့တယ်။

"အဲဒါထက် P'Faye နဲ့ Yoko က ဘယ်နှနှစ် ကွာတာလဲ"
အမြဲ cool kid အထာလို လုပ်နေတတ်တဲ့ Bam ကပါ စကားဝိုင်းထဲ ပါလာတယ်လေ။

"ညီမက ဒီနေ့ ၂၃ ပြည့်သွားတာ။ အစ်မကရော"
"ဘာလို့လဲ။ အရေးကြီးလို့လား"
"ဟာ ... အစ်မကလည်း ပြောပြလေ"
"တို့က ၂၈နှစ် ပြည့်ပြီးပြီ"

"အော် ... ဒါဆို အစ်မတို့ ၅နှစ်ကွာတာပေါ့"
Big က ဖြည့်စွက်ပြီး ဝင်ပြောလာတယ်။

"ဒါပေမယ့် P'Faye ကြည့်ရတာ Paedophile ဖြစ်ချင်တဲ့ပုံ မပေါ်ပါဘူး"
အဲဒါကတော့ Bam. ဘာလို့လဲ။ ရုတ်တရက်ကြီး။

(Paedophile ဆိုတာ ကိုယ့်ထက် [အနည်းဆုံး အသက် ၅နှစ်နဲ့အထက် ကွာတဲ့] အငယ်တွေကိုမှ မြှူဆွယ်တတ်၊ စိတ်ဝင်စားတတ်တဲ့ လူမျိုးကို ခေါ်တာပါ)

တကယ်တော့ တွေ့တာ၊ ခင်တာ သိပ်မကြာသေးတဲ့ လူတစ်ယောက်ကို သူငယ်ချင်းတွေနဲ့ အကျွမ်းတဝင် မိတ်ဆက်ပေးမိတော့ သူငယ်ချင်းတွေက အပိုတွေ တွေးကြတာ နေမယ်။ မွေးနေ့ပွဲပါ ဖိတ်လိုက်တော့ ပိုဆိုးတာပေါ့။

Bam က Yoko ကို ကြည့်လိုက်၊ P'Faye ကို ကြည့်လိုက်နဲ့။ သူ ဒီနေ့မှ နှုတ်သွက်နေတာ။

"နင် ဘာတွေ လျှောက်ပြောနေတာလဲ"
Bam ကို အတင်း နှုတ်ပိတ်လိုက်ရတယ်။

"Paedophile ဆိုတာ ဘာပြောတာလဲ"
P'Faye မေးလာတာလေ။

စကားလမ်းကြောင်းတွေ ပြောင်းရတော့မှာပေါ့။ ဒါပေမယ့် P'Faye က Yoko ထက် အသက် ၅နှစ်လောက် ကွာပြီး၊ အတွေ့အကြုံတွေ ပိုများမှာကို။ အခုမှ ဘဝကို အစပျိုးမယ့် လူငယ်တွေက ဘဝရဲ့ သုံးပုံတစ်ပုံလောက်ကို ဖြတ်သန်းပြီးတဲ့ လူကို အာရုံပြောင်းဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ။

EvermoreWhere stories live. Discover now