Yoko's POV
သွားရောပေါ့။ P'Faye ကို နမ်းလိုက်မိတာပဲ။
တစ်ခန်းလုံးကို ဝေ့ဝိုက်ကြည့်ပြီး ဘာတွေ ဆက်ဖြစ်သလဲကို ကြိုးစား တွေးကြည့်ပေမယ့် ဘာမှ ထပ် မမှတ်မိ။
မဖြစ်သေးပါဘူး။
တကယ်ပဲ ဘာတွေ လုပ်လိုက်မိတာပါလိမ့်။ အခုလောက်ဆို P'Faye ဘယ်လို ထင်နေမလဲ။ စိတ်ပျက်သွားလောက်ပြီလား။အေးစိမ့်နေတဲ့ အခန်းထဲ ချွေးစေးတွေ ပြန်လို့ ...
ရှုပ်ပွနေတဲ့ စားပွဲရယ်၊
ဆိုဖာရှည်ရယ်၊
ခုထက်ထိ အိပ်မောကျနေတဲ့ လူတွေရယ်၊အားလုံးကို ကျော်ခွပြီး လက်ကိုင်ဖုန်းကို အရင် ရှာလိုက်တယ်။
P'Faye ကို တောင်းပန်သင့်လား။ ဘာဆက်လုပ်ရမလဲ။ ဖုန်းကို စစ်ကြည့်တော့ ဘယ် missed call, ဘာစာတိုမှ မတွေ့။ အခုချိန် ဖုန်းခေါ်ဖို့ကလည်း သူငယ်ချင်းတွေက ရှိနေသေးတာ။
မသိချင် ယောင်ဆောင်ပြီးပဲ P'Faye ကို ဆက်ခေါ်ပြောနေရမလား။ မူးပြီး မှားနိုင်တဲ့ အရွယ်လည်း မဟုတ်တော့ ဟန်ဆောင်နေရင်လည်း ဆင်ခြေတစ်ခုသာသာပဲ ဖြစ်နေမှာ။
အခုတော့ ရှင်းစရာ ရှိတာတွေ အရင် ရှင်းပြီး၊ ညမှပဲ ဖုန်းပြောဖို့ လုပ်လိုက်ပါတော့မယ်။
***
Faye's POV
ခံစားချက်ဆိုတာ အမြန် မဖြစ်သင့်ဘူး။
မြန်မြန် ဖြစ်လာတဲ့ ခံစားချက်က မြန်မြန် ပျက်သွားမှာ။အဲအတိုင်းပဲ ...
မြန်မြန် ရောက်လာတဲ့ လူတစ်ယောက်က ခပ်မြန်မြန်ပဲ ပျောက်သွားမှာ။ကိုယ်တောင် မသိလိုက်ခင်မှာ အဲဒီလူက ကိုယ့်ဘဝထဲက ပြန်ထွက်သွားဖို့ အခေါက်ပေါင်းတစ်ရာလောက် ကြိုးစားပြီးသား ဖြစ်ချင်ဖြစ်နေမှာ။
ကျွန်မနဲ့ Yoko က အသက် ၅နှစ်လောက် ကွာတယ် ဆိုပေမယ့် ၅နှစ်ဆိုတဲ့ ကွာခြားချက်က ကြီးတာပဲ။ ဘယ်လိုဖြစ်ဖြစ် ကျွန်မ လောကကြီးကို မြင်တဲ့အမြင်နဲ့ သူ့အမြင်က ခြားနားနေဦးမှာ။ မနေ့ကပဲ ကြည့်လေ ... Paedophile ဆိုတဲ့ စကားလုံး အသုံးအနှုန်းကိုတောင် ကျွန်မက တစ်ခါမှ ကြားဖူးတာ မဟုတ်ဘူး။ အဲလိုမျိုး တခြားအရာတွေမှ အများကြီး။