7. Yoko ဝန်ခံချက်

184 20 1
                                    

နောက်တစ်ရက်။

Faye, Yoko တိုက်ခန်းဆီ ဒုတိယအ​ကြိမ် ထပ်ရောက်လာခဲ့တယ်။ ညက ဖုန်းဆက်တော့ ကလေးမလေးက သူ စိတ်မထင်ဘဲ ကျွန်မကို နမ်းမိသွားတာပါတဲ့လေ။ အကြောင်းအရင်းနဲ့ တခြား ရင်ဖွင့်စရာကိုတော့ လူချင်းတွေ့မှ ပြောပြချင်တယ်တဲ့။ ကျွန်မဘက်က ကျွန်မအိမ်ခန်းကို ခေါ်ဖို့ အဆင်သင့် မဖြစ်သေးတာကြောင့် ကျွန်မကပဲ Yoko တိုက်ခန်းဆီ သွားလိုက်တာက သိပ်လည်း အပန်းမကြီးပါဘူး။

တံခါးမခေါက်ခင်မှာ ကျွန်မရဲ့ လက်က ချွေးပြ​န်လာပြီး၊ စိတ်မှာ ဟိုတွေးဒီတွေးနဲ့။ မနေ့ည တစ်ညလုံးလည်း မွေးနေ့ညက အဖြစ်အပျက်တွေနဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ မြန်မြန်ဆန်ဆန် ဖြစ်လာတဲ့ ခင်မင်ရင်းနှီးမှုကို တွေးနေမိတာ။ အခုလည်း ကလေးမလေး ပြောလာမယ့် အချင်းအရာတွေကို ကျွန်မ နားထောင်ဖို့ လိုလာပြန်တယ်။

တံခါးက တဖြည်းဖြည်းချင်း ပွင့်သွားပြီး ကလေးမလေးက ဆိတ်ဆိတ်ငြိမ်ငြိမ် ရပ်နေလေရဲ့။ ပြီးတော့ သူ ဘေးဖယ်သွားပြီး ကျွန်မကို အရင် အိမ်ခန်းထဲ ပေးဝင်လိုက်တယ်။

"အဲညက ကိစ္စကို .. အစ်မကို တကယ် အားနာတာ"
Yoko အသံက သူ့ကိုယ်သူ အပြစ်တင်ပြီး ဝမ်းနည်းနေတဲ့ လေသံမျိုးနဲ့။

ပြီးတော့ ကျွန်မကို တစ်ချက်တောင် မကြည့်ဘဲ ဆိုဖာရှည်ပေါ် ထိုင်ပြီး အင်္ကျီလက်ကို ခေါက်တင်နေတယ်လေ။ ကျွန်မကတော့ သူ့ဘေးနား ဝင်ထိုင်ပြီး သူ ပြောလာမှာကို စောင့်နေရတာပေါ့။

"အဲတုန်းက မူးနေတာလည်း ပါတယ်"
Yoko က ကြမ်းပြင်ကို ငိုက်ကြည့်ပြီး ဆက်ပြောလာတော့တယ်။

"ညီမ လုပ်လိုက်လို့ အရာရာက ရှုပ်ထွေးကုန်ပြီး၊ အစ်မလည်း ကြောင်သွားမှာပဲ"

ကလေးမလေးက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး တုန်ယင်နေတဲ့ အသံနဲ့ ဆက်ပြောလာတယ်။

"အစ်မကို နမ်းမိသွားမယ်လို့လည်း မထင်ဘူး။ ညီမ တကယ် တောင်းပန်ပါတယ်"

Yoko ဆိုတဲ့ ကလေးမလေးက မွေးနေ့ညနေထဲက emotional ဖြစ်နေတာလေ။ အခုထိပဲ။ ကျွန်မကတော့ ခေါင်းတညိတ်ညိတ်နဲ့ သူပြောတာ နားထောင်ပြီး ချိုချိုသာသာ ပြန်ပြောလိုက်တယ်။

EvermoreWhere stories live. Discover now