Yoko's POV
P'Faye နဲ့ ညနေခင်းကို ဘယ်လိုမှ မေ့မရနိုင်ဘူးလေ။ အမှတ်မထင် နမ်းမိတာ ဆိုပေမယ့် Yoko ကိုယ်တိုင်လည်း ဘာဖြစ်လို့ဆိုတာကို နားမလည်ဘူး။ P'Faye ကိုသာ ဒါက မရည်ရွယ်ဘဲ ဖြစ်သွားတာ၊ ဒီလိုမျိုး နောက်ထပ် အမှားတွေ ထပ်မလုပ်မိချင်ဘူး ဆိုပြီး ပြောလိုက်ပေမယ့် ကိုယ်ကိုယ်တိုင်က ဘာဖြစ်ချင်တယ်၊ ကိုယ့်ရဲ့ ခံစားချက်ကို အမှန်အတိုင်း ဝန်ခံဖို့က တကယ် ခက်တယ်။
စိတ်မှာ စိုးမိုးထားလွန်းလို့ အဖြစ်အပျက်တစ်ခုလုံးကို မေ့ပစ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ကျောင်းစာမှာ၊ ပန်းချီမှာ ပိုအာရုံစိုက်ပြီး၊ သူငယ်ချင်းတွေနဲ့ အတူတူ အချိန်တွေ ပိုဖြုန်းကြည့်တယ်။
ဒါပေမယ့် P'Faye ကတော့ Yoko ရှင်းမပြနိုင်တဲ့ ဆွဲအားတစ်ခုပဲ။ အဲဒါကြောင့်မို့လို့လည်း ကော်ဖီဆိုင်မှာ ဒီတိုင်း ဆုံမိရုံကို Yoko ဘက်ကစပြီး အတင်း ခင်ချင်ခဲ့တာလေ။ အတွေးတွေက အရင် ... တုံ့ပြန်မှုက နောက်မှ ဖြစ်တတ်တဲ့ လူကြီးတစ်ယောက်ကို စိတ်ဝင်တစား ရှိခဲ့တာ။
ဒါပေမယ့် အဲနေ့ကတည်းက P'Faye နဲ့ အဆက်အသွယ် ပြတ်သွားတယ်။ P'Faye ကတော့ Yoko သဘောအတိုင်း ဆိုပြီး စာတွေ ပို့သေးပေမယ့် အဲနောက်ပိုင်း ဘာ အဆက်အသွယ်မှလည်း ထပ်မရ၊ လူချင်းလည်း ထပ်မတွေ့။
တကယ်တော့ စိတ်ခံစားချက်တွေ မရှိတဲ့အခါမှသာ ဘဝက ဗလာ မဟုတ်ဘူးပဲ။ ပိုကောင်းမယ် ထင်လို့ ရွေးဖြစ်တဲ့ လမ်းက ပို အထီးကျန်ဆန်နေရတယ်။ P'Faye နဲ့ စကားမပြောရတဲ့ နေ့တွေမှာ မြင်မြင်သမျှ အရောင်တွေဟာ ပိုမှိန်နေသလိုမျိုး။ ဒါပေမယ့် ဒါတွေကို Yoko တစ်ယောက်တည်း ခံစားနေရတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ သူ ခံစားရသလို P'Faye ခံစားရပါ့မလား။ အဲလိုသာဆို သူ့ကို တခြားမိန်းကလေးတွေနဲ့ မတူဘဲ သာမန်မဟုတ်ဘဲ ထူးခြားတယ်လို့ P'Faye အထင်လွဲသွားမလား။
ထားပါ။
အစိမ်းရောင်တွေကို မြင်နိုင်ပြီး မြက်ခင်းစိမ်းပေါ် ဖြတ်လျှောက်ရင်း မြေသင်းနံ့ ရတတ်တဲ့ လမ်းလေးထဲ Yoko ဝင်လာလိုက်တယ်။ လမ်းကြားလေးက ကော်ဖီဆိုင်က လမ်းမတန်းတွေက ဆိုင်တွေလို ဆူညံတာမျိုး မရှိ။ Yoko က လက်ဖက်ရည် ပိုသောက်ဖြစ်ပေမယ့် ကော်ဖီရနံ့က လူကို လန်းစေတယ်လို့ ထင်လို့ ကော်ဖီဆိုင် ထိုင်ဖြစ်တာ ပိုများတယ်။