Chapter 19

267 27 2
                                    


အမြီးကိုးချောင်း မြေခွေးသည် ဒဏ္ဍာရီထဲက သတ္တဝါတစ်ကောင်ဖြစ်သော်လည်း အမြီးကိုးချောင်းရှိသော မြေခွေးလမ်းပြက ဒဏ္ဍာရီပိုဆန်သည်။

ကျိုးယန်ရဲ့ ဆက်နွယ်သားရဲပေါ်မလာခင်အထိ လူတွေက အမြီးကိုးချာင်းမြေခွေး သားရဲရှိနေတာကို ကြားဖူးပေမယ့် ဘယ်သူကမှ ကိုယ့်မျက်စိနဲ့ မမြင်ဖူးတာကြောင့် ဒဏ္ဍာရီလို ဖြစ်လာခဲ့တာပင်။

ဒီနေ့ ဒီမင်္ဂလာပွဲမှာတော့ ကျိုးယန်၏ သားရဲပေါ်လာချိန်တွင် အမြီးကိုးချောင်းရှိသော မြေခွေး အဖော်သားရဲ အမှန်တကယ် ရှိနေကြောင်း လူတို့ သိရှိခဲ့ကြသည်။

အမြီးကိုးချောင်းပါတဲ့ နှင်းဖြူမြေခွေးက နည်းနည်းလေးမှ ညုတုတာမျိုးတောင် မပြပေ။ဆန့်ကျင်ဘက်အနေနဲ့ ၎င်းသည် အေးစက်ပြီး သီးသန့်ခံစားချက်ရှိကာ ပတ်ဝန်းကျင်ကိုတောင် မကြည့်ဘဲ ၎င်း၏သခင်နောက်မှ မွန်မြတ်ပြီး စွဲမက်ဖွယ်ကောင်းသည့်ပုံစံဖြင့် ကော်ဇောနီအဆုံးထိ လျှောက်လှမ်းသွားသည်။

"ဂုဏ်သရေရှိ အိမ်ရှေ့မင်းသား မူဒီစ်ဘရစ်ကာနီးယား ဘေးနားက လမ်းပြကိုလက်ထပ်ချင်ပါသလား၊ မင်းရဲ့လက်တွဲဖော် အဖြစ်သူ့ကိုလက်ခံပါသလား၊ သူ့ကိုလေးစားမှာလား၊ ကာကွယ်ပေးမှာလား၊ မင်းကိုယ့်ကိုကိုယ်ချစ်သလို သူ့ကိုချစ်နိုင်မှာလား။ နောင်လာမဲ့နေ့ရက်တွေမှာ သူ ဆင်းရဲသည်ဖြစ်စေ ၊ချမ်းသာသည်ဖြစ်စေ ၊ ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ သူ့အပေါ် အမြဲသစ္စာရှိမှာလား။ မင်းဘဝက ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ ၊ ဒီလောကကနေ ထွက်သွားတဲ့အထိ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်နိုင်မှာလား "

တော်ဝင်မင်္ဂလာပွဲကို ဦးစီးတဲ့ ဘုန်းတော်ကြီးက စင်ပေါ်မှာ ရပ်ပြီး လေးနက်စွာ မေးသည်။

မူဒီစ်သည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်ကာ ကျိုးယန်ကို မော့ကြည့်ရင်း အနည်းငယ် ပျော့ညံ့သော်လည်း တည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။

"ကျွန်တော် လုပ်နိုင်ပါတယ်"

ဒီအိမ်ထောင်ရေးက ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်...သူ့ဘဝတွင် တစ်ခုတည်းသော အိမ်ထောင်ရေး ဖြစ်သင့်သည်။ သူက ကျိုးယန်ကိုကောင်းကောင်း ဂရုစိုက်ရမည်။

ဧကရီလျှောက်သောခရီးလမ်းWhere stories live. Discover now