Chapter 97

124 11 0
                                    

ဧကရီလျှောက်လှမ်းသောချစ်ခရီးလမ်း အပိုင်း ၉၇

ထန်ယွိကျီနှင့် ဖုန်ပိုင်တို့ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုပြီးသွားပြီးနောက် ရွှယ်မိသားစုစစ်တပ်နှင့် မြေခွေးဝါကြီးတို့ကလည်း အင်ပါယာမြို့တော်တွင် ရှိနေသဖြင့် မူဒီစ်နှင့် ကျိုးယန်တို့သည် ရွှယ်ကျန့်ထင် မတရားခံရမှုကို ပြန်လှန်စစ်ဆေးရန် စီစဉ်ခဲ့ကြသည်။
အကွက်ချအကောက်ကြံသည့်အထဲ ပါဝင်ခဲ့ကြပြီး ရွှယ်ကျန့်ထင်ကို သုတ်သင်ရန် မဲပေးခဲ့ကြသူအများစုမှာ လက်ရှိဖြစ်နေသော ဖြုတ်ချမှုကြီးဖြင့် ရင်ဆိုင်လိုက်ကြရပြီး ကျန်သူများကိုတော့ မူဒီစ်က ကိုင်တွယ်သည်။

ထို့ကြောင့် သူတို့မှာ စိုးရိမ်စရာမရှိ။

ရွှယ်မိသားစုကိစ္စကြောင့် အရှက်ရနေခဲ့ရသော ဧကရာဇ်ဝင်စတန်မှာ သူတို့ကို အင်မတန်ပံ့ပိုးပေး၏။

"လုပ်ကြပါ၊ ငါ မင်းတို့ကို အပြည့်အဝအားပေးတယ်၊ ဒီကိစ္စကြီးပြီးသွားရင် ငါ ရွှယ်မိသားစုနဲ့ နယ်စပ်က‌ပြည်သူတွေကို ဖြေရှင်းချက်တစ်ခု ပေးပါ့မယ်၊ ဒီအပြစ်ကိုသုံးပြီး ငါ ထီးနန်းကဆင်းလိုက်ပါ့မယ်။"

ဝင်စတန်မှာ ဧကရာဇ် မဖြစ်ချင်တော့ဘဲ သူ့မှာ ထိုအရည်အချင်းမရှိသည်ကိုလည်း သိပါသည်။

ဤသို့ဆင်းရဲဒုက္ခများ ခံစားခဲ့ရပြီးနောက် သူ အကြာကြီးစဉ်းစားခဲ့သည်။ လူတွေ၏ သူ့အပေါ်အမြင်ကိုရော နောက်မျိုးဆက်များ၏ သူ့အပေါ်သုံးသပ်အကဲဖြတ်မှုများကိုပါ သူ ဂရုမစိုက်တော့ပေ။

ရွှယ်မိသားစု၏အကြွေးမှာ သူ့အကြွေးသာဖြစ်ပြီး သေချာပေါက် ပြန်ပေးဆပ်ရမည်ဖြစ်ပါသည်။

မူဒီစ်မှာ စိတ်ခံစားချက်များစွာဖြင့် အဖေဖြစ်သူကို ကြည့်လိုက်သည်။

ဧကရာဇ်ဝင်စ်တန်က သက်ပြင်းချကာ စကားလမ်းကြောင်းပြောင်းလိုက်၏။

"မင်းဦးရီးတော်လေးသာ ဒီအ‌ကြောင်းသိရင် သိပ်ဝမ်းသာမှာ၊ အဲဒီတုန်းက သူ ရွှယ်ကျန့်ထင်နဲ့ ရွှယ်မိသားစုအတွက် အသနားခံပေးခဲ့ပေါင်းမနည်းဘူး၊ သူတို့က အတူတူကြီးပြင်းလာခဲ့ကြတာလေ။"
မူဒီစ်မှာ ထိုသို့ဇာတ်‌ကြောင်းမျိုး ရှိနေခဲ့မှန်းမသိ၍ တိတ်တဆိတ်သာ နားထောင်နေလိုက်သည်။

ဧကရီလျှောက်သောခရီးလမ်းWhere stories live. Discover now