chapter 80

106 9 0
                                    

ဧကရီလျှောက်လှမ်းသောချစ်ခရီးလမ်း အပိုင်း ၈၀

ကုချဲ့ အောက်နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။

သူ သနားစရာကောင်းသောပုံစံလေးဖြင့် ဖိလစ်ကို ကြည့်လိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ မရေမရာ မေးလိုက်သည်။

"ဗိုလ်ကြီး... ကျ.. ကျွန်တော့်ကို တကယ်ပိုက်ဆံအများကြီးပေးမှာလားဟင်၊ ကျွန်တော် အခုကစပြီး ချမ်းချမ်းသာသာနဲ့ နေလို့ရပြီး ရှေ့တန်းဂြိုဟ်ကို ပြန်သွားစရာ မလိုတော့ဘူးလားဟင်။"

"ဒါပေါ့ အလှလေးရဲ့..."

ဖိလစ်က တဏှာရာဂအပြည့်ဖြင့် သူ့ဆီ တွားသွားလာပြီး ကုချဲ့၏အသားကို ထိလိုက်သည်။

ကုချဲ့ အလွန်ရွံရှာသွား၏။ သို့သော် ဖိလစ် သူ့ဆီရောက်လာသောအခါတွင် လက်ဦးမှုယူ၍ သူ့လည်ပင်းကို တွယ်ဖက်လိုက်ကာ သူ့ကို နမ်းလိုက်သည်။
ဖိလစ်က ကုချဲ့၏ လက်ဦးမှုကြောင့် စိတ်ကျေနပ်သွားပြီး ခံစားချက်အပြည့်ဖြင့် သူ့ကို ပွတ်သပ်လိုက်သည်။
ကုချဲ့၏ ဖြူဖျော့ဖျော့မျက်နှာမှာ လူသတ်ရိပ်များ ပြည့်နေသည်။ ယခင်စစ်နတ်ဘုရား ကုမိသားစု၏ မျိုးဆက်များမှာ ပြိုင်ဘက်ကင်းပင်။ သူတို့ စိတ်စွမ်းအင်များ မရှိတော့လျှင်တောင်၊ ကြွက်သားအင်အားများ မရှိတော့လျှင်တောင် နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အရည်အချင်းနှင့်အတွေ့အကြုံများဖြင့် လူသတ်နိုင်သေးပေသည်။

ကုချဲ့က အဝတ်အစားများ ပြန်ဝတ်ရန်လည်း အမှုမထားသလို ကြွက်သားဆုံးရှုံးမှုနှင့် အားအလွန်အကျွံသုံးမိခြင်းကြောင့် ကိုက်ခဲနေသော သူ့လက်မောင်းကို ဝေဒနာပျောက်အောင်လုပ်ဖို့လည်း ဂရုမစိုက်။ သူ ကုတင်ပေါ်မှဆင်းကာ စားပွဲပေါ်ရှိ ထိန်းချုပ်ခလုတ်ကို ယူလိုက်သည်။ မဟာမိတ်အဖွဲ့မှ ခက်ခက်ခဲခဲဆောက်ထားရသော ချိတ်ဆက် ဂြိုဟ်ပတ်ချာလည်ခုခံရေးစနစ် ထိန်းချုပ်ရေးကို သူ တုံ့ဆိုင်းခြင်းမရှိ ဖျက်ဆီးလိုက်လေတော့၏။

နောက်တစ်ခဏတွင် သူ စားပွဲပေါ်က အသီးခွဲဓားကို ကောက်ယူလိုက်ပြီး သူ့လက်မောင်းတစ်နေရာရှိ အသားကို မဆိုင်းမတွ လှီးလိုက်ကာ သူ့အသားထဲမှ မက်ချာအသေးစားလေးတစ်ခု ထုတ်ယူလိုက်သည်။

ဧကရီလျှောက်သောခရီးလမ်းWhere stories live. Discover now