chapter 69 (part-2)

133 12 0
                                    

ပွဲအပြီး ကုရှာ အိမ်ပြန်ရောက်တော့ ကိုးနာရီလောက်ရှိပြီ။

တတိယမြောက်မင်းသား လီယို သည် အိမ်ရှေ့မင်းသားအတွက် မြင်းတစ်ကောင်လို တစ်ရက်လောက် အလုပ် လုပ်ပြီးနောက်တွင် ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး သူ့ကို စောင့်နေသည်။ လီယိုသည် အစေခံများစွာနှင့် နေရာကျယ်ဝန်းသော တော်ဝင်မိသားစုရှိ မင်းသားအိမ်တော်တွင် နေထိုင်ရခြင်းကို မနှစ်သက်သောကြောင့် သူတို့လက်ထပ်ပြီးနောက်တွင် အင်ပါယာဂြိုဟ်ပေါ်ရှိ အကောင်းဆုံးဧရိယာတွင် အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းပါသည့် အိမ်ငယ်လေးတစ်လုံးကို ဝယ်ယူခဲ့သည်။

အလုပ်ပြီးနောက် အပြင်လူတွေရဲ့ နှောင့်ယှက်မှုကို မကြိုက်တဲ့အတွက် ပုံမှန်အားဖြင့် သူတို့နှစ်ယောက်တည်းသာရှိတတ်ပြီး အားလပ်ရက်တွေမှာလည်း တခြားဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ပေ။ သန့်ရှင်းရေးကို စက်ရုပ်များဖြင့် ပြုလုပ်လေ့ရှိပြီး သူတို့အတွက် နေရာက အရမ်းရိုးရှင်းပြီး နွေးထွေးသည်။

ကုရှာ သည်လည်း သူ့ရဲ့ နေထိုင်မှုပတ်ဝန်းကျင်အတွက် လိုအပ်ချက်တွေ များများစားစားမရှိပေ။ လူမှုဆက်ဆံရေးတွေ အများအပြားရှိခြင်းကို မနှစ်သက်သူ တစ်ဦးအနေဖြင့်၊ သူသည်လည်း လူအနည်းငယ်သာရှိရန် မျှော်လင့်ထားပြီး လီယို၏ စီစဉ်မှုကို သဘာဝကျကျပင် သဘောတူခဲ့သည်။
ကုရှာ တံခါးမှ ဝင်လိုက်တာနဲ့ လီယိုရဲ့တိဗက် အိမ်စောင့်ခွေးကြီးက ခေါင်းတညိတ်ညိတ်နဲ့ ဦးညွှတ်ပြီး သူ့အပေါ်ကို ခုန်တက်ချင်နေသလိုမျိုး အမြီးနှံ့ပြလာသည်။ ကုရှာ အိမ်ထဲသို့ရောက်ပြီးသည်နှင့် တပြိုင်နက် နူးညံ့သိမ်မွေ့သော၊ ဖော်ရွေပြီး ပေါင်းသင်းဆက်ဆံတတ်သော သူ၏ ပုံမှန်မျက်နှာဖုံးကို ဖယ်ရှားကာ တိဗက် အိမ်စောင့်ခွေးကြီးကို ရွံရှာနေသလိုမျိုး ကန်ထုတ်ကာ လီယိုအား အမူအယာမဲ့သော မျက်နှာဖြင့် မေးလိုက်သည်။
"ဒီနေ့ ကြင်ယာတော်က လမ်းပြအားလုံးကို ခေါ်ခိုင်းတယ်။ တိုင်းပြည်ကို ကူညီဖို့ အတွက် ဧည့်ခံပွဲမှာ လမ်းပြမရှိလို့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ အကျဉ်းသား စစ်သည်တွေကို သူတို့ရဲ့ ဝိညာဉ်နယ်မြေတွေကို သက်သာရာရစေအောင် ကူညီပေးဖို့အတွက် စေတနာ့ဝန်ထမ်း လုပ်ဖို့ ဖိတ်ခေါ်တယ်"

"ဒါကို မင်းဘယ်လိုထင်လဲ ငါသွားရမှာလား"

သူက အလွန်ပုံမှန်ဆန်စွာဖြင့် မေးလိုက်သည်။

"မင်း ဆန္ဒအတိုင်း ဘာမဆို လုပ်လို့ရပါတယ်"

လီယိုက ဆိုဖာပေါ်တွင် မလှုပ်မယှက် အိပ်နေသည်။ တိဗက်အိမ်စောင့်ခွေးကြီးက ချစ်ဖို့ကောင်းရန် ကြိုးစားသော်လည်း လျစ်လျူရှုထားခံရသောကြောင့် သူ့ထံသို့ ဝမ်းနည်းစွာ ပြေးသွားခဲ့သည်။
"မင်းသွားဖို့ ဆန္ဒရှိရင် သွားပါ။ မင်း ဆန္ဒမရှိရင်မသွားနဲ့။ ဘာပဲဖြစ်ဖြစ် မူဒီစ် က ငါ့ကို စော်ကားဖို့ မတတ်နိုင်ဘူးလေ။ သူ့ကို အကြိုက်ဆောင်နေစရာ မလိုဘူး။ အားလုံးက မင်းရဲ့ ဆန္ဒပေါ်မှာပဲ မူတည်တယ်။"

ကုရှာ နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

"ကျွန်တော် သွားချင်စိတ်ပေါက်သွားတယ်။ နောက်ဆုံးတော့ လူ့အသက်တွေကို ကယ်တင်တာက ပိုကောင်းတယ်လေ။ ပြီးတော့ အဲဒါက လူတစ်ယောက်ရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်နေတုန်းပဲ။ အဲ့ဒါကို ခင်ဗျား ဘယ်လိုသဘောရလဲ"

"နောက်ထပ် ဘယ်လို သဘောထားများ ရှိနိုင်မှာလဲကွာ"

လီယိုက ဂရုမစိုက်ဟန်ဖြင့် ဖြေလိုက်သည်။
ကုရှာက သူ့ကို စိုက်ကြည့်နေဆဲ။

"ခင်ဗျားက စစ်သည်ဝါဒီတစ်ယောက်ဖြစ်နေရင်ကော၊ သူများတွေရဲ့ ဝိဉာဉ်နယ်မြေထဲဝင်ပြီး စိတ်စွမ်းအားတွေ ပေးတာကြောင် ကျွန်တော်က ညစ်ပတ်တယ်လို့ ထင်နေရင် ဘယ်လိုလုပ်မလဲ။ နောက်မှ ခင်ဗျားကို တစ်ခုခုအကြွေးတင်နေသလို အောက်ကျခံနေရရင် ကျွန်တော့်အတွက် ဆိုးကျိုးတွေပဲ ရှိလာမှာ မဟုတ်ဘူးလား...."

"မမျှော်လင့်ဘဲ မင်းက ကိုယ့်ထင်မြင်ချက်ကို ဂရုစိုက်သေးတယ်ပေါ့"
ပြုံးလိုက်ရင်း လီယို၏ စိတ်နေစိတ်ထား အနည်းငယ် ရုတ်ခြည်း တိုးတက်လာခဲ့သည်။

"ကန့်ကွက်တာတော့ မရှိပါဘူးကွာ၊ အဲ့ဒါကြောင့်နဲ့ လမ်းပြတစ်ယောက်ကို မသန့်ရှင်းဘူးလို့ ထင်နေတဲ့ စစ်သည်တွေက စိတ်မနှံ့တာမဟုတ်ဘူးလား... မင်းသွားချင်ရင် သွားလို့ရတယ်၊ ကိုယ့်ဘက်မှာ ပြဿနာမရှိပါဘူး"

ကုရှာ က သူ့ကို အကြည့်တစ်ချက်တောင်မပေး။ သူ့အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး စက်ရုပ်ကို သူ့ကိုယ်သူ နို့တစ်ခွက် ပြင်ဆင်ခိုင်းလိုက်သည်။

"စကားမစပ်၊ ခင်ဗျား ထီးနန်းကို ဘယ်လိုထင်လဲ၊ ခုတလောလေးတင်ကမှ တစ်ယောက်ယောက်က ကျွန်တော့်ကို ပြောသေးတယ်။ ထီးနန်းအတွက် တိုက်ခိုက်ချင်ရင်တောင် ကျွန်တော်တို့မှာ အခွင့်အရေးမရှိဘူးလို့ ပြောတယ်"

အလွန်ပေါ့ပေါ့ပါးပါး လေသံဖြင့် မေးသည်။

"ကိုယ် ဘယ်လိုထင်ရမှာ လဲ။ မင်းအစ်ကိုက အိမ်ရှေ့မင်းသားရဲ့ဘက်မှာ ရှိတယ်။ မင်းရဲ့ ကု မိသားစုက မူဒီစ် နဲ့ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တာကြာပြီမို့လား။"

လီယိုရဲ့ မျက်နှာက ဘာကိုမှ ဂရုမစိုက်သည့်ဟန်ပေါ်နေသည်။

ကုရှာ သည် စက်ရုပ်ထံမှ နို့ကို ယူလိုက်သည်။

"ကျွန်တော့်အစ်ကိုက ကျွန်တော့်အစ်ကိုပဲ။ ကျွန်တော်က ကျွန်တော်။ သူ့ရဲ့ ရပ်တည်ချက်က ကျွန်တော့်ကို ဘယ်တော့မှ ကိုယ်စားမပြုဘူး"

"ဒါဆို ကိုယ်သာ တိုက်ခိုက်ချင်ရင် မင်းအစ်ကိုရဲ့ရန်သူဖြစ်လာပြီး ကိုယ့်ဘက်ရပ်တည်မှာလား"

လီယို ရုတ်တရက်ထရပ်ကာ သူ့ဆီလျှောက်လာပြီး သူ့ကိုစိုက်ကြည့်နေသည်။ ကုရှာက ဒီကိစ္စကို မစဉ်းစားဘဲ ဖြေလိုက်သည်။

"ဟုတ်တယ်။ ကျွန်တော် ခင်ဗျားကိုလက်ထပ်ဖို့ရွေးချယ်ခဲ့ပြီးတည်းက သဘာဝအတိုင်းပဲ ခင်ဗျားနဲ့ ကျွန်တော်က ကြိုးတစ်ချောင်းတည်းနဲ့ချည်ထားတဲ့ နှံကောင်တွေလိုပဲလေ"

"ဒါဆို ကိုယ်က ထီးနန်း မလိုချင်ဘူး လို့ပြောရင် ဘာဖြစ်မလဲ"

လီယိုက သူ့ကို မေးသည်။

ကုရှာက သိပ်ဂရုမစိုက်။

"ဒါဆိုလည်း ခင်ဗျားရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားရမှာပေါ့"
"မင်း ဧကရီ ဖြစ်ချင်လား"


ကုရှာ သည် စိတ်ဝင်တစားမရှိသော အကြည့်ဖြင့် ခေါင်းယမ်းလိုက်သည်။

"ကိစ္စမရှိပါဘူး၊ ကျွန်တော့်မှာ ထွေထွေထူးထူး အတွေးမျိုးမရှိဘူး။ ဧကရီလုပ်ရတာက ပျင်းစရာကောင်းတဲ့အလုပ်တစ်ခုပဲလေ။ အရာအားလုံးက ခင်ဗျားသဘောပဲ"

"ခင်ဗျားကော၊ ခင်ဗျား ဧကရာဇ်ဖြစ်ချင်လား"
သူက လီယို ဘက်လှည့်ပြီး မေးလိုက်သည်။

"တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိုယ်လည်း ဂရုမစိုက်ပါဘူး။ ဒီနိုင်ငံကို အုပ်ချုပ်ဖို့က အရမ်း စိတ်ရှုပ်စရာကောင်းမှာ ဘယ်သူမှ ဂရုမစိုက်နိုင်လို့ ခမည်းတော်က တောင်းဆိုခဲ့ရင်တော့ ကိုယ်လုပ်နိုင်တယ်။ အခုက မူဒီစ်လုပ်နိုင်တယ်လေ။ အဲ့တော့ ကိုယ်က နောက်မှာနေမယ်။ ကိုယ့်ကို ဘယ်သူမှမတိုက်တွန်းရင် ကိုယ်တကယ် ဂရုမစိုက်ဘူး..."
လီယိုက သူ့ကို ပြုံးပြုံးလေးကြည့်လိုက်သည်။

"အဲဒါလုံးဝ စိတ်ညစ်စရာကောင်းတာကြီးကို၊ တိုင်းပြည်ကို ပြန်ပြီး သန့်ရှင်းဖို့က နှစ်ပေါင်းများစွာ ကြာတဲ့အထိ ကြိုးကြိုးစားစားလုပ်ရဦးမှာ။ ကျရှုံးရင်လည်း ထောင်စုနှစ်များစွာအထိ ဂုဏ်သတင်းက ညစ်ညမ်းနေလိမ့်ဦးမယ်။ မူဒီစ် ကျရှုံးရင်လည်း အဲဒါ အိုးပူကြီးကို သယ်ထားရတဲ့ ဒုက္ခပဲပေါ့။ သူအောင်မြင်ရင်လည်း ဒါ သူ့အရည်အချင်းပဲ။ ကိုယ် မနာလို မဖြစ်ဘူး။"

သူက ကုရှာ ၏ဘေးတွင်ထိုင်ရန် အခွင့်အရေးကို အမိအရယူကာ တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူ့လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။

"ဒီလိုမင်းသားတစ်ယောက် ဖြစ်ရတာ ဘာကိုမှတာဝန်ယူစရာ မလိုဘူး၊ အလုပ်ပြီးရင် အိမ်ပြန်လာပြီး အလှလေးနဲ့ တွေ့ရမယ်..... အရမ်းကျေနပ်စရာကောင်းနေပြီ"

"ကျွန်တော့်ကိုလာမထိနဲ့!"

လီယိုထိုင်ပြီး သူ့လက်ကိုကိုင်လိုက်တာနဲ့ ကုရှာ၏ အေးစက်သောမျက်နှာဖုံးသည် နောက်ဆုံးတွင် အက်ကွဲသွားသည်။ သူက လီယိုကို လွှတ်ခိုင်းပြီး စိတ်မရှည်စွာ ရုန်းကန်လိုက်သည်။

ပါရှန်းကြောင်သည်လည်း အမွှေးများ ထောင်ထလာကာ သတိပေးခြင်းမရှိဘဲ တိဗက်အိမ်မွေးခွေးကြီးကို ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။

လီယိုက သူ့စကားကိုနားမထောင်ဘဲ ကုရှာ ကို ဆွဲ၍ နမ်းလိုက်သည်။

"ဒီည စိတ်ခံစားချက်တွေ အရမ်းကောင်းနေတယ်။ ဘေဘီ ကိုယ်တော့ ကိုယ်တို့ လုပ်လို့ရမယ်ထင်တယ်..."

သူ့စကားထဲက အရိပ်အမြွက်က အရမ်း ပြင်းထန်လွန်းသည်။


ကုရှာ သူ့ဆိုလိုရင်းကို နားလည်သွားပြီး ရုတ်ချည်းပင် ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်သည်။

လီယိုက သဘောမတူ။ သူ့အိတ်ကပ်ထဲက ထိုးဆေးကို ထုတ်ပြီး ကုရှာ၏ လည်ပင်းနောက်သို့ ထိုးသွင်းလိုက်သည်။

"ဘေဘီ မင်းတကယ်ပဲ အဲ့တာကို လိုချင်လာတဲ့အခါ မင်းရဲ့ အပြုအမူတွေက ပိုပြီး အေးစက်လာတတ်တာသိလား"

လီယိုနှင့် ဂူရှားတို့ လက်ထပ်ပြီး စိတ်ဝိညာဉ်ချင်း ပေါင်းစပ်ခဲ့ပြီးနောက် လီယို၏ဆေးဘက်ဆိုင်ရာအဖွဲ့မှ စစ်ဆေးသည့် ရလဒ်အရ ကုရှာ သည် estrus ၏ ဇီဝဗေဒဆိုင်ရာလုပ်ဆောင်မှု အားနည်းနေ၍ စိတ်ပိုင်းဆိုင်ရာပေါင်းစပ်နိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။

ကုရှာက ကွာရှင်းရန် တောင်းဆိုသော်လည်း လီယိုက ကဏ္ဍပေါင်းစုံတွင် သူ့အတွက် ပိုသင့်တော်မည့် လမ်းပြတစ်ဦးကို ရှာမတွေ့တော့သောကြောင့် ငြင်းဆိုခဲ့သည်။ ပေါင်းစပ် Heat မရှိဘဲ၊ လိင်ဆက်ဆံသည့်အခါမျိုးတွင် လမ်းပြများအတွက် အလွန်နာကျင်ရသည်။

ထို့ကြောင့်၊ တော်ဝင်ဆေးအဖွဲ့သည် ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ လိင်စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်သော ဤ aphrodisiac ကို အထူးတီထွင်ခဲ့သည်။

Aphrodisiac ၏အကျိုးသက်ရောက်မှုသည်အလွန်မြန်ဆန်သည်။ ခံနိုင်ရည်ရှိနေဆဲ သူတောင် ဆေး ထိုးလိုက်တာနှင့် ရုတ်တရက် နီမြန်းလာပြီး လီယို၏ ခန္ဓာကိုယ်ပေါ်တက်ကာ နမ်းရန် တောင်းဆိုလာလိမ့်မည်။

သူ၏ ပြင်းထန်သော ပါရှန်းကြောင်သည် ချက်ချင်းပင် ၎င်း၏လုပ်ဆောင်မှုတို့ ပြောင်းလဲသွားပြီး မူလက အလွန်မုန်းတီးနေခဲ့သော တိဗက် အိမ်မွေးခွေးကြီးကို ပွတ်သပ်လာသည်။

လီယိုသည် နူးညံ့နေသော ကုရှာကို ချီကာ အိပ်ခန်းထဲသို့ တိုက်ရိုက် သယ်ဆောင်သွားပြီး တံခါးကို ပိတ်လိုက်သည်။


ထိုအချိန်မှာပဲ မြို့တော်ရှိ အိမ်တစ်လုံး၌ လမ်းပြအမျိုးသားတစ်ယောက်က ရွှယ်ကျန့်ထင် ရဲ့ အသက်မဲ့ပြီးသား ခန္ဓာကိုယ်ကို ပွေ့ပိုက်ထားရင်း ယနေ့ည ကျိုးယန် လုပ်ခဲ့တာတွေကို ပြန်ပြောနေသည်။

"မင်းရဲ့မြေးက တကယ်ကို ဆီမရှိတဲ့ မီးအိမ်တစ်ခုတော့ မဟုတ်ဘူးပဲ။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ အကျဉ်းသား စစ်သည်တွေကို ကူညီဖို့ လမ်းပြတွေကို ဆွဲဆောင်ခဲ့တယ်တဲ့။ တကယ်ကို ထိုက်တန်တယ်။ တကယ် ထိုက်တန်တယ်။ ဒီလို နည်းလမ်းမျိုးကိုသုံးတာက အဲ့ခွေးမရဲ့ သွေးသားဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ။ လမ်းပြတွေရဲ့ သန့်ရှင်းစင်ကြယ်မှုကို ဂရုမစိုက်ဘဲ အကျဉ်းချခံထားရတဲ့ အောက်တန်းစား အဆင့်နိမ့် စစ်သည်တွေအတွက် ဧည့်လမ်းညွှန်လုပ်ပေးမယ်တဲ့။ တကယ်ကို မရှက်မကြောက်နဲ့ နိမ့်ကျလိုက်တဲ့ စိတ်ဓာတ်ပဲ"
"ဒါပေမဲ့ ဒါကလည်း ကောင်းတယ်။ အဲ့ဒီလင်မယား နှစ်ယောက်က ပိုပြီး လိုက်ဖက်လာတာပေါ့ ၊ ပြီးရင် အော့စဖီးယားကတော့ ပိုပြီး ဖရိုဖရဲ ဖြစ်လာလိမ့်မယ် ဟားဟား"

တော်ဝင်မျိုးနွယ်အတွင်း ဧည့်ခံပွဲလုပ်၍ ကြေငြာပြီးနောက် ကျိုးယန် နဲ့ မူဒီစ်တို့ သည် ပြည်သူတစ်ရပ်လုံးအား အသိပေး ကြေညာရန် ရည်ရွယ်၍ သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲ မစမီတွင် အယူသည်းသည့် တော်ဝင်မျိုးနွယ် အများအပြားသည် ပြန်လည်ကျန်းမာလာနေပြီဖြစ်သော ဧကရာဇ်ဝင်စတန်အား အိမ်ရှေ့မင်းသားနှင့် ကြင်ယာတော်တို့ကို အပြစ်ပေးရန် တောင်းဆိုလာကြသည်ကို တွေ့ခဲ့ရသည်။ ထိုကဲ့သို့ ရယ်စရာကောင်းသော အရာများကို ပြုလုပ်ရန် ခွင့်မပြုသင့်ဟု ဆိုကြသည်။

ဧည့်လမ်းညွှန်လုပ်ရမယ်တဲ့လား။ လမ်းပြတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားကြတော့ဘူးလား။ ဒီလို လွတ်လပ်ပြီး မျှတမှုကို ရှာဖွေမယ်ဆို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကကော ဘယ်မှာလဲ။

၎င်းသည် စစ်သည်ဝါဒီနဲ့ စစ်သည်တို့အတွက် မြင့်မြတ်သောအခွင့်ထူးခံစားမှုများကို ထိခိုက်စေမည်ဖြစ်သည်။ ၎င်းတို့သည် မူဒီစ် ကို ထိုသို့သောပြောင်းလဲမှုမျိုး မပြုလုပ်စေလိုသော်လည်း မူဒီစ် ကိုလည်း မည်သို့မျှ နားမချနိုင်ကြပေ။

ဧကရာဇ်ဝင်စတန်နှင့် စတင်၍ အယူလွဲ ဖောက်ပြန်လျက်ရှိသည့် သားတော်နှင့် သမက်ကို ချုပ်တည်းရန် ကြိုးပမ်းမှုကလည်း အချည်းနှီး ဖြစ်ရမည်ကိုတော့ မသိကြ။

"မူဒီစ် မင်းတကယ်လုပ်ချင်နေတာလား။ ခေတ်ဟောင်းအတွေးအခေါ်တွေကို ပြောင်းလဲဖို့က လွယ်မယ်ထင်လို့လား"

ဧကရာဇ်ဝင်စတန်သည်လည်း အကူအညီမဲ့နေခဲ့သည်။ သူ အငြိမ်းစားယူခဲ့သော်လည်း မှူးမတ်အများအပြားက သူ့သားကို ထိန်းချုပ်ရန် တောင်းဆိုနေခဲ့ကြသည်။ ထို့ကြောင့် သူက တပ်မဟာဆယ်ခုမှ တပ်မှူးအများအပြားနှင့် လေးစားထိုက်သော မိသားစုဘိုးဘေးအချို့ကို ဖိတ်ကြားခဲ့ပြီး လူတိုင်းရှေ့တွင် မူဒီစ် ကို ဆွေးနွေးမေးမြန်းခဲ့လေသည်။

ဧကရီလျှောက်သောခရီးလမ်းWhere stories live. Discover now