Chapter 39

269 26 1
                                    



ကျိုးယန်မှာ နဂိုကတည်းက ကြာပန်းဖြူယောင်ဆောင်ရာ၌ အလွန်ကျွမ်းကျင်သည်။ သို့သော် ဒီတစ်ခေါက်မှာတော့ သူ ထိုသို့သရုပ်ဆောင်စရာပင် မလိုလိုက်၊ အသံတစ်သံပင် ထွက်စရာမလိုလိုက်ပေ။ လူထု၏ထောက်ခံမှုက သူ့ဘက်တွင်ရှိနေနှင့်ပြီးဖြစ်သည်။

တားမြစ်ဆေးများ သုံး၍လမ်းပြတစ်ယောက်၏ ၀ိဉာဉ်စွမ်းအင်ကို ထိခိုက်စေခြင်းက အင်မတန်ယုတ်မာကောက်ကျစ်လွန်းလှ၏။

ယခင်က ကျိုးယန်အား အကြောင်းရင်းမရှိ အသားလွတ် မုန်းနေခဲ့ကြသူများ၊ ရှရှို့ကျီတို့ မိသားစုဘက်တွင် ရပ်တည်ခဲ့ပြီး အိမ်ရှေ့စံကြင်ယာတော်က အမှန်တကယ် အပြစ်ကင်းနေသူမဟုတ်ဟု စွပ်စွဲခဲ့ကြသူများ၊ ရှရှို့ကျီ၏မိသားစုကသာ နစ်နာသူဖြစ်သည်ဟု ပြောချင်ကြသော မုန်းတီးရေးပရိတ်သတ်များပင်လျှင် ကျိုးယန်အား အသရေဖျက်သည့်စကားများ မပြောနိုင်တော့သလို ရှရှို့ကျီတို့မိသားစုအတွက်လည်း ပြန်ချေပမပေးနိုင်ကြတော့ချေ။

လူတိုင်းက ရှရှို့ကျီ၏ လုပ်ရပ်များကို အရိုးထဲမှ စက်ဆုပ်ရွံ့ရှာကြပြီး တားမြစ်ဆေးများ သုံး၍ လမ်းပြများကို ထိခိုက်စေသောလူများအပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေးပါရန် ဥပဒေအား တောင်းဆိုလာကြ၏။

ထိုကိစ္စက ပို၍အချိန်ကြာရှည်လာသည်နှင့်အမျှ ရှရှို့ကျီမှာ 'ယုတ်မာသောမိထွေး'ဟူသော စကားလုံး၏ နာမ်စားတစ်ခု ဖြစ်လာခဲ့သည်။

ရှရှို့ကျီဟူသည့် စာလုံးသုံးလုံးက စနိုးဝှိုက်ပုံပြင်ထဲမှ မိထွေးစုန်းမကြီးနှင့် တူညီသောအဓိပ္ပာယ်ရှိသည်။ အော့စ်ဖီးယားရှိ ရှရှို့ကျီနာမည်နှင့်လူအများမှာ အလွန်ရှက်လှ၍ နိုင်ငံသားကိုယ်ရေးအချက်အလက် စီမံခန့်ခွဲရေးသို့ သွားကာ နာမည်ပြောင်းကြလေသည်။

အိမ်ရှေ့စံမင်းသား၏ အာဏာက ဖြည်းဖြည်းချင်း တိုးလို့လာသည်။ မကြာခင်မှာဘဲ ထိုအချိန်က ရှရှို့ကျီ မည်သည့် တရားမဝင်ဈေးကွက်မှ တားမြစ်ဆေးများကို ဘယ်လိုဝယ်ယူခဲ့ကြောင်း၊ ကျိုးယန်၏ အစားအသောက်ထဲသို့ ဆေးကို ဘယ်သို့ထည့်၍ ဝိဉာဉ်စွမ်းအင်ကို ထိခိုက်စေခဲ့ကြောင်းများမှာ ရှင်းရှင်းလင်းလင်း စစ်ဆေး၍ရခဲ့ပြီး သက်သေများက မှန်ကန်ကြောင်း ခိုင်မာနေခဲ့သည်။ လူလည်းသက်သေလည်းရှိသလို ပစ္စည်းသက်သေလည်း ရှိ၏။ ထို့အပြင် ထိုသို့သော တားမြစ်ဆေးများ ရောင်းချ၍ လူအများကို ထိခိုက်စေခဲ့သော မြေအောက်တရားမဝင်အဖွဲ့အစည်းတစ်ခုကိုပင် ဖမ်းမိသွားခဲ့သေးလေသည်။

ဧကရီလျှောက်သောခရီးလမ်းWhere stories live. Discover now