chapter 55

282 24 0
                                    

ဧကရီလျှောက်လှမ်သောချစ်ခရီးလမ်း အပိုင်း ၅၅

မူဒီစ် သည် သူတော်စင်မဟုတ်ပေ။ ထို့ကြောင့် ကျိုးယန် ၏ဤကဲ့သို့သောမြူဆွယ်မှု ကို မည်သို့ခံနိုင်ရည်ရှိမည်နည်း။ သူက အခြေအနေကို အခွင့်ကောင်းယူကာ ကျိုးယန် ၏ လက်ကို ဖမ်းကိုင်လိုက်ပြီး နံရံနှင့် ကပ်လိုက်သည်။ထို့နောက်သူ့ကို ပြင်းရှစွာနမ်းရင်း အဝတ်အစားများကိုအလျင်အမြန်ချွတ် ဖို့ကြိုးစားတော့သည်။

"မလုပ်နဲ့! ယူနီဖောင်းဝတ်ထားတာကို ကြိုက်တယ်"

သူ့လက်က အဝတ်တွေကို မထိခင်မှာပဲ ကျိုးယန် က သူ့ကို ရပ်လိုက်ပြီး မူဒီစ် ယူနီဖောင်းဘောင်းဘီ ဇစ်ကို တပ်လိုက်တယ်။

"ဒီစစ်ဝတ်စုံဝတ်ထားတဲ့ပုံစံနဲ့ ကျွန်တော်ကိုအရှင့်သားကြည့်တာ ကြိုက်တယ်"

အရင်က ကျိုးယန်၏ ဤကဲ့သို့သောသွေးဆောင်မှုမျိုး တစ်ခါမှ မမြင်ဖူးသည့် မူဒီစ်အဖို့ ခန္ဓာကိုယ်က သွေးတွေ တဟုန်ထိုး ပြောင်းပြန် စီးဆင်းသွားသလိုပင်။ထို့နောက် သူ့ရည်ရွယ်ချက်အတိုင်း သူ့အဝတ်အစားတွေကို မချွတ်ဘဲ ကျိုးယန် ရဲ့အဝတ်တွေကို တိုက်ရိုက်ချွတ်ပစ်လိုက်တယ်။

"မင်းကတကယ်ကို ဆွဲဆောင်မှု့အားပြင်းတဲ့ မြေခွေးလေးပဲ"

"တရုတ်ဒဏ္ဍာရီမှာ မြေခွေးအထီးတွေရှိသလား၊ သူတို့အားလုံးက မိန်းမတွေလား"

ကျိုးယန် က သူ့ကိုကြည့်ကာပြုံးရင်းခပ်ရွတ်ရွတ်မေးလာသည်။

စစ်ဝတ်စုံကို သပ်ရပ်စွာ ၀တ်ဆင်ထားတဲ့ မူဒီစ် ကို ကြည့်လိုက်မိတော့ အဝတ်ကင်းလွတ်နေတဲ့ကျိုးယန်တစ်ယောက် ရုတ်တရက် ပို၍ စိတ်လှုပ်ရှားလာသည်။

သူတို့နှစ်ဦးသည် မူဒီစ် ၏ စစ်ဝတ်စုံအသစ်ကို ညစ်ညမ်းစေပြီး အသစ်ပြင်ဆင်ရသည်အထိ အချိန်အတော်ကြာအောင် ဆက်ဆံခဲ့ကြသည်။

ထို့နောက် ကျိုးယန် က ရေချိုးသန့်စက်ရန်သူ့ကိုခေါ်သွားဖို့အတွက် မူဒီစ်ဆီကို သူ့လက်အား ဆန့်ပြလိုက်၏။

--

ညနေ ၇ နာရီဝန်းကျင်မှာ စတင်ကျင်းပဖို့ စီစဉ်ထားပေမယ့် ညနေ ၅း၃၀ မှာ လူတွေ တယောက်ပြီး တယောက် ရောက်လာကြသည်။

ဧကရီလျှောက်သောခရီးလမ်းWhere stories live. Discover now