Chapter 47

313 32 2
                                    


ကုချဲ့ ထွက်သွားတော့မည်ပြုသည်ကို မြင်သောအခါ တင်းဟွေးက သူ ရှေ့တန်းမှယူလာသော လက်ဆောင်ကို အိတ်ထဲမှ အလျင်အမြန်ထုတ်၍ ပေးလိုက်သည်။ ၎င်းကရှေ့တန်းဂြိုဟ်တွင် သဘာဝအလျောက် ပြုစုပျိုးထောင်ထားသော ကြက်သားအသားစိမ်းသုံးတုံး ဖြစ်လေ၏။ ထို့နောက် သူက ပြောသည်။

"ဒါဖြင့်... ဒါလေး ယူသွားလိုက်ပါ၊ ဒါ ကျွန်တော် သာ့ပိုင်ကို.. အဲ အားပုကို ပေးတာပါ။"

"ကျေးဇူး၊ ဒါပေမယ့် အားပုက ဆက်နွယ်သားရဲမို့လို့ ကြက်သားမစားဘူး။"

ကုချဲ့က တုံ့ဆိုင်းမနေဘဲ ငြင်းဆိုလိုက်သည်။

တင်းဟွေးက လက်မလျှော့ပေ။

"ဒါဆိုလည်း ကစားလို့ရတာပေါ့ဗျာ၊ ကစားလို့ ဝသွားရင်တော့ ခင်ဗျားပဲ စတူးလုပ်စားပြီး အားဖြည့်လိုက်ပေါ့၊ ကျွန်တော် ပြောမယ် ဒါ ကျွန်တော်ကိုယ်တိုင် မွေးထားတာနော်၊ ခင်ဗျားတို့ မြို့တော်မှာ လုံးဝ ဝယ်မရဘူး။"

"....ကျေးဇူးပါ။"

ဖော်ရွေမှုကို ငြင်းဆန်ဖို့ ခက်ခဲပါသည်။ နောက်ဆုံးမှာတော့ သခင်လေးကုချဲ့သည် မိမိက အဘယ်ကြောင့် ထိုကြက်သားသုံးတုံးကို လက်ခံပြီး အိမ်သို့ယူလာခဲ့မိမှန်း မသိပါတော့ချေ။

--

အင်ပါယာမှာ အော့စ်ဖီးယား၏ မြို့တော်ဖြစ်ပြီး အကြွယ်ဝ အစည်ကားဆုံးဂြိုဟ် ဖြစ်လေသည်။

အလယ်ခေါင်အကျဆုံးနေရာသည် အော့စ်ဖီယားနန်းတော် ဖြစ်သည်။ နန်းတွင်းအနီးတွင်မူ အင်ပါယာမြို့တော်တစ်ခုလုံး၌ အကြီးဆုံးရင်ပြင်ဖြစ်သည့် ပရိုင်းမစ်စ်ရင်ပြင် တည်ရှိသည်။ အော့စ်ဖီးယားကို တည်ထောင်သူ ပထမဆုံးဧကရာဇ်ပရိုင်းမစ်စ်အတွက် အမှတ်တရ တည်ဆောက်ထားခြင်းဖြစ်ပြီး ရင်ပြင်၏ အလယ်တွင် ဧကရာဇ်ပရိုင်းမစ်စ်၏ရုပ်တု ထားရှိလေသည်။ ၎င်းရင်ပြင်ကို မြို့တော်ရင်ပြင်ဟုလည်းကောင်း၊ မဟာဧကရာဇ်ရင်ပြင်ဟုလည်းကောင်း သိကြသည်။

နှစ်တိုင်းနှစ်တိုင်း နိုင်ငံတော်အခမ်းအနား သို့မဟုတ် စစ်ရေးပြပွဲများရှိတိုင်း ထိုရင်ပြင်၌ ကျင်းပပြုလုပ်လေ့ရှိသည်။ ခမ်းနားကြီးကျယ်သော တော်ဝင်မျိုးနွယ်တို့၏ မဂႅလာပွဲများသည်ပင် လူအများ ကြည့်ရှုနိုင်ရန် ဤရင်ပြင်ကို ဖြတ်သွားရလေသည်။

ဧကရီလျှောက်သောခရီးလမ်းWhere stories live. Discover now