Chapter 28

265 26 2
                                    




မူဒီစ်မနက်နိုးလာခဲ့ကထဲက သူ့ကျန်းမာရေးကကောင်းမွန်လာခဲ့တာခံစားမိသည်။ မနက်စာစားပြီးနောက် ကျိုးယန်ဆီက ရေကိုယူလိုက်၏။ ရေခွက်ထဲမှာ ထင်ဟပ်နေသည့် သူ့မျက်နှာဟာ နီမြန်းနေပြီးနဂါးတစ်ကောင်လို ကြောက်ရွံ့စရာကောင်းနေတာကို မြင်လိုက်ရတော့ အံ့သြသွားသည်။

ထို့နောက် သူမျက်နှာဖုံးမပါတာကိုသိသွားတာကြောင့် လန့်သွားကာ သူ့မျက်နှာပေါ်က အမာရွတ်တွေကို ထိကြည့်လိုက်တယ်။

"ငါ့မျက်နှာဖုံးဘယ်မှာလဲ?"

လမ်းပြတွေက တစ်ကယ်အားငယ်တတ်တဲ့လူတွေလေ။စစ်သည်တစ်ဉီးအနေနဲ့ လမ်းပြကို ကာကွယ်ရမဲ့အစား သူ့ရဲ့ ကြောက်ဖို့ကောင်းတဲ့ မျက်နှာကို ပြခဲ့မိသည်။မူဒီစ်စိတ်ထဲ သူ့ကိုယ်သူ အတော်ညံ့သလို ခံစားလိုက်ရ၏။

ကံကောင်းတာကတော့ ကျိုးယန်က သူ့ကိုကြည့်ပြီး ကြောက်နေပုံ မပြခဲ့ပေ။ သူသာကြောက်နေရင် ဒီလိုတည်ငြိမ်နေမှာမဟုတ်။ လမ်းပြနှစ်ယောက်က သူ့ကိုကြည့်ပြီး ကြောက်လန့်ငိုယိုခဲ့တာက သူ့စိတ်ထဲမှာ စိတ်ဒဏ်ရာတစ်ခုဖြစ်နေသည်။

"ကျွန်တော်တို့အိမ်မှာ အပြင်လူမရှိဘူး အမြဲမျက်နှာဖုံးကို တပ်ထားရင် အိုက်စပ်ပြီး မျက်နှာအတွက်မကောင်းဘူး။ အိမ်မှာနေရင်းတော့ မျက်နှာဖုံးတပ်စရာမလိုပါဘူး အပြင်ထွက်မှတပ်ပါ"

ကျိုးယန်က ကြားပေမယ့် သူ့မျက်နှာဖုံးကို မရှာပေးခဲ့ပေ။

သူ့ကိုသူကြည့်ကောင်းတယ်လို့ မတွေးခဲ့သလို မူဒီစ်ကိုလဲ ရုပ်ဆိုးတယ်လို့ မတွေးခဲ့ပါ။ မူဒီစ်က ဘယ်လိုဘဲဖြစ်ဖြစ် မူဒီစ်အတွက် သူစိတ်မကောင်းဖြစ်နေတာဘဲရှိသည်။မူဒီစ်က သူတွေးနေတာတွေကို လျစ်လျူပြီး သက်ပြင်းချလိုက်ကာ ကျိုးယန်ရဲ့စကားကို လှောင်ပြောင်နေခဲ့သည်။

"ငါတို့အိမ်မှာဘဲရှိနေတာ အပြင်လူမရှိဘူးဟုတ်လား?"

ကျိုးယန်က ဉပဒေအရ သူ့ကြင်ယာတော်ဆိုပေမယ့် သူကတော့ ကျိုးယန်ကို သူ့ဇနီးအဖြစ် မဆက်ဆံနိုင်ပေ။

ဧကရီလျှောက်သောခရီးလမ်းWhere stories live. Discover now