English Title : Doomsday Spiritual Artifact Master
Total Chapter : 195
Update schedule : 2 Chapter per week
Summary
ကမ္ဘာပျက်ကပ်ရောက်လာသောအခါ စွန့်ပစ်ထားသောနယ်မြေ၌ကြီးပြင်းလာခဲ့သော စုန့်ခယ်၏အထူးစွမ်းရည်များက မမျှော်လင့်ဘဲနိုးထလာခဲ့သည်။ သူမ၏ အမြင်အာရုံအတွင်း ဘယ်အရာဝတ္ထုကိုမဆိုတွေးကြည့်ရုံဖြင့် ကိုင်တွယ်ထိတွေ့လို့ရသောလက်နက်များအဖြစ် ပြောင်းလဲနိုင်သည်။ သူမနဲ့လိုက်လျောညီထွေဖြစ်တဲ့ အချွန်ထက်ဆုံးဓားတစ်ချောင်းကိုကိုင်ထားခဲ့ပြီး သူမ သွားလေရာတိုင်းတွင် အမျိုးမျိုးသောဖုတ်ကောင်များက သူမကို ကြောက်ရွံ့ထိတ်လန့်ကြရသည်။ရက်အတော်ကြာ တစ်ယောက်တည်းလျှောက်သွားနေပြီးနောက် စုန့်ခယ်က ဒုက္ခိတအမျိုးသားတစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်။ ထိုလူက ခြေထောက်ကျိုးနေပြီး သေခါနီးအချိန်ကဲ့သို့ အားနည်းဖျော့တော့နေသော်လည်း မျက်နှာပေါ်မှာကတော့ ဟန်ဆောင်နေသကဲ့သို့ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုရှိနေသည်။
"ကလေးမလေး၊ ကိုယ့်မှာ မင်းကို ပြန်ပေးစရာ ဘာမှမရှိဘူး ကိုယ့်ကိုကိုယ် မင်းဆီပေးရင်ရော"
စုန့်ခယ်က စက္ကန့်အနည်းငယ်ကြာအောင် သူ့ကို သံသယမျက်လုံးဖြင့် ကြည့်နေပြီးနောက် သူမ၏ဓားကို ဖြည်းညှင်းစွာဆင့်ခေါ်လိုက်သည်။
"ပြော၊ ရှင်ဘယ်လိုမျိုးသေချင်လဲ"
ကိစ္စတွေတစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရပြီးနောက် သူမရဲ့ စွန့်စားခန်းခရီးလမ်းက ထူးခြားတဲ့အလှည့်အပြောင်းတစ်ခုနဲ့ကြုံခဲ့ရသည်။ သူမက ထူးဆန်းသော အသင်းဖော်များကို စုစည်းမိခဲ့သည်။
ကမ္ဘာပျက်ကပ်စတင်ပြီး တစ်နှစ်အကြာတွင် ထူးဆန်းသော ကောလာဟလတစ်ခုသည် အဓိကအခြေစိုက်စခန်းများကြား ပျံ့နှံ့သွားသည်။ရမှတ်စာရင်းထိပ်ဆုံးရှိ စွမ်းရည်နိုးကြားသည့်အဖွဲ့ "V587" သည် ဝက်ဝံကဲ့သို့ ကိုယ်လုံးကိုယ်ထည်များနှင့် သံမဏိကဲ့သို့ခွန်အားရှိကာ ကြောက်စရာကောင်းလောက်အောင်ထွားကျိုင်းပြီး ကြံ့ခိုင်ကြသည်ဟူသော ကောလဟာလပင်။
သူတို့၏အမည်ကိုကြားလိုက်ရုံဖြင့်ပင် ကြောက်လန့်နိုင်လောက်သည့်အထိ "V587"သည် အလွန်ကိုဩဇာရှိပြီး ကြီးစိုးနိုင်လေသည်။V587 သည် ဖုတ်ကောင်ဘုရင်ကို လက်သီးဖြင့်ထိုး၊ ဗီဇမျိုးကွဲသားရဲများကိုကန်ထုတ်ကာ စင်းမြို့၏ သေမင်းထောင်ကိုလုယက်ခဲ့ပြီး မြို့တော်C၏ ရက်စက်ကြမ်းကြုတ်သောအာဏာရှင်များကို တစ်ချက်တည်းဖြင့် အနိုင်တိုက်ခဲ့သည်။
မစ်ရှင်က မည်မျှပင်ခက်ခဲစေကာမူ သူတို့၏လက်ထဲမှာတော့ အေးဆေးပါပဲ။သူတို့၏စွမ်းဆောင်မှုများသည် မဟာမိတ်ဟောပြောပွဲတိုင်းတွင်ပါဝင်ပြီး မရေမတွက်နိုင်သောစွမ်းအားရှင်များထံမှ ချီးကျူးမှုများရရှိခဲ့သည်။
ကြီးကျယ်ခမ်းနားသော စွမ်းအားရှင်စိန်ခေါ်ပွဲဖွင့်ပွဲတွင် ထူးဆန်းသော V587အဖွဲ့ဝင်များက ပထမဆုံးအဖြစ် သူတို့၏အသွင်အပြင်ကို ထုတ်ဖော်ပြခဲ့ကြသည်။
လူအုပ်ထဲရှိမျက်နှာများက တုန်လှုပ်ခြောက်ခြားသွားခဲ့ကာ
"ခဏလေးနေပါဦး၊ ဒီ သက်ကြီးရွယ်အိုရယ်၊ ချာတိတ်လေးရယ်၊ ချူချာတဲ့လူရယ်၊ ဘီးတပ်ကုလားထိုင်နဲ့ ဒုက္ခိတရယ်က ဘယ်သူတွေလဲ သူတို့ကတကယ်ပဲ V587 လား!"