Chapter 3
စုန့်အန့်သည် ကျောင်းသားအားလုံးတွင် ထိန်းရအခက်ဆုံး ကျောင်းသားဖြစ်သည်။
သူသည် အိမ်ခေါင်မိုးပေါ်ဖက်တက်ချင်သည့်အခါတက်ပြီး လိပ်ဖမ်းမည်ဆိုသောအကြောင်းပြချက်နဲ့ပင် ပင်လယ်ထဲသို့သွားချင်သွားတတ်သူဖြစ်သည်။
စည်းကမ်းဖောက်သူစာရင်း ထွက်လာတိုင်း သူ့နာမည် အမြဲပါခဲ့ပါသည်။ ကြိမ်ဖန်များစွာ ရိုက်နှက်ခြင်းခံရပြီးနောက် စုန့်အန့်သည် အမှန်တရားကို တဖြည်းဖြည်းနားလည်လာသည်- အခြားသူများမှာ အားကိုးလို့မရသည့်အပြင် သူ့အပေါ်ဂျူနီယာညီမတစ်ဦးတည်းကသာ သစ္စာရှိခဲ့သည်။ နောက်ပိုင်းမှာ သူဘယ်လောက်ပြဿနာရှာပါစေ စုန့်ခယ်ကိုပါ အပါခေါ်ဖို့ ဘယ်တော့မှ မမေ့ဘူး။ အရိုက်ခံရလို့ ငိုကြွေးနေရင်တောင် အနည်းဆုံးတော့ သူနဲ့လိုက်ငိုဖို့ တစ်စုံတစ်ယောက်ရှိနေပြီလေ။
အနားယူခန်းထဲတွင် စုန့်အန့်သည် အိပ်ယာပေါ်တွင် အားနည်းစွာ လဲလျောင်းနေပြီး သူ့လက်တွင်IV တစ်ခုချိတ်ထားတာကိုတွေ့လိုက်ရသည်။
စုန့်ခယ်သည် သူ့ဘေးတွင်ထိုင်ကာ လက်ဖက်ကြက်ဥကို ခွံ့လိုက်သည်။
နံနက်ခင်းသတင်းသည် နောက်ဘက်တွင် တဖျပ်ဖျပ် ပဲ့တင်သံထပ်နေကာ အရာအားလုံးကို ဖမ်းစားနိုင်လောက်အောင် အင်အားနည်းပါးလွန်းလှသည်။
"မဟာမိတ်မိုးလေဝသဌာနမှ အပူချိန်မြင့်မားသည်ဟူ၍ အနီရောင်သတိပေးချက် ထုတ်ပြန်ထားပြီး၊ အပြင်ဘက်တွင် လှုပ်ရှားသွားလာခြင်းများ ရပ်ဆိုင်းထားရန်၊ ခရီးသွားလာမှု လျှော့ချရန်"
"ပုံမှန်မဟုတ်တဲ့ အခြေအနေကိုတွေ့ရင် အမြန်သတင်းပို့ပါ"
တံခါးဝတွင် အန်တီပန်သည် ကျောင်းသားကို ညွှန်ကြားနေကာ သူမ၏ ကျယ်လောင်သော အသံသည် သတင်းကို တခဏအတွင်း လွှမ်းမိုးသွားသည်။
"ချင်းလန် သုတေသနဌာန... နေရောင်ခြည် ဖြာကျမှု အထွတ်အထိပ်... စတင်နေသည့်... ရာသီဥတု သရုပ်ဖော်စနစ်"
သုတေသနဌာန၏ဖော်ပြမှုကြောင့် စုန့်ခယ်၏အာရုံစူးစိုက်မှုမှာ စက္ကန့်အနည်းငယ်မျှ လွင့်ပျံသွားသည်။ ခေါင်းငုံ့လိုက်သောအခါတွင် သူမခွံ့နေသော လက်ဖက်ကြက်ဥများသည် လက်ထဲတွင် အခွံအလွတ်များသာ ကျန်တော့သည်။
ကုတင်ပေါ်၌ စုန့်အန့်သည် ခေါင်းကို ကိုင်ကာ အဆက်မပြတ်ဝါးနေသည်။