Chapter 11
မိုးလုံလေလုံ ကစားကွင်းအတွင်းတွင် လူတစ်ရာခန့်က ထိုင်နေတဲ့သူထိုင် ရပ်နေတဲ့သူတွေရပ်နေကြကာ အားလုံးက "အစ်ကိုကျန်းတို့ ပြန်လာကြပြီ"ဟု အော်လိုက်ကြသည်။
သူတို့ဝင်လာတဲ့တံခါး လုံးဝပျောက်ကွယ်သွားပြီးနောက် စုန့်ခယ်က သူမဘေးတွင် ကောင်လေးတစ်ယောက် ရပ်နေတာကို သတိပြုမိသည်။ သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေသော်လည်း သူ့မျက်လုံးများက အလွန်တောက်ပနေသည်။ သူ့ဦးခေါင်းမှာ အပြာရောင် အားကစားခေါင်းစည်းကို ဝတ်ဆင်ထားပြီး သူ့လက်တွေကို နံရံကနေခွာလိုက်သည်။
စုန့်ခယ်က သူ့ကို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေတယ်။ ကျန်းရွေ့သည် သူမ၏အကြည့်ကိုသတိပြုမိပြီး သူမနားကိုချဉ်းကပ်ကာ
"သူက လျိုဇီရွှမ်လို့ခေါ်တယ် သူ့စွမ်းအားက 'တံခါးဖွင့်တာ' လေ သူက ဘယ်လို မျက်နှာပြင်မှာမဆို စက္ကန့်နှစ်ဆယ်ကြာအောင် တံခါးကိုဖွင့်နိုင်တယ် ငါတို့ စခန်းထဲကိုဝင်ထွက်ဖို့ ဒီနည်းလမ်းကို အသုံးပြုတယ်"
စုန့်ခယ်သည် သူနှင့် အလွန်နီးကပ်နေတာကို သိပ်အသားမကျသောကြောင့် သူမသည် 'အင်း' ဟုပြောပြီး ခြေနှစ်လှမ်းဆုတ်သွားခဲ့သည်။
စွမ်းအားကိုအသုံးပြု၍ လေဟာနယ်ကနေ တံခါးဖွင့်တယ်။ ဤနေရာမှာ ဘေးကင်းသောစခန်းတစ်ခု ထူထောင်နိုင်သည်မှာ အံ့သြစရာမဟုတ်ပေ။ မိုးလုံလေလုံကစားကွင်းတစ်ခုလုံးကို လေးဘက်လုံးတွင် အလုံပိတ်ထားသည်။ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ အလိုအလျောက်ပွင့်သည့်တံခါးများကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး ထိုအနောက်တွင် လေးလံသော အရာဝတ္ထုများစွာကို စုပုံထားသည်။ ဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုတွေကိုခုခံကာကွယ်ဖို့ အမာခံနယ်မြေတစ်ခုလိုပါပဲ။ လျိုဇီရွှမ်၏စွမ်းရည်နှင့်အတူ၊ သူတို့သည် ဖုတ်ကောင်များနဲ့ ထိပ်တိုက်တွေ့ခြင်းကို တတ်နိုင်သမျှရှောင်ရှားနိုင်မည်ပင်။
လူဆယ့်သုံးယောက်အုပ်စုသည် မိုးလုံလေလုံ ကစားကွင်းအလယ်ဆီသို့လမ်းလျှောက်လာရင်း လူရွယ်တစ်ယောက်က သူတို့စောင့်နေသည်။