Chapter 1
နေဝင်ချိန်တွင် ကောင်းကင်မှ ရုတ်တရက် မိုးကြိုးများပေါ်ထွက်လာသည်။ မိုးကုပ်စက်ဝိုင်းသည် နေ၏တစ်ဝက်တွင် ရှိထားဆဲဖြစ်ပြီး ပူလောင်သော အပူလှိုင်းများနှင့် ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာသော လျှပ်စီးကြောင်းများက ထိတွေ့နေသည်။ သို့သော် လျှပ်စီးကြောင်းများက တခဏချင်း ပျောက်ကွယ်သွားကာ မီးခိုးဖြူ အခိုးအငွေ့များအဖြစ်သာ ကျန်ရစ်ခဲ့သည်။ မိုးက လျင်မြန်စွာ ကျဆင်းလာကာ စူးရှပြီးမှောင်မိုက်သော "နေပူဆာလှုံ" ပုံရိပ်ကို ဖန်တီးနေသည်။
ဒီမိုးသည် သတိပေးချက်မရှိဘဲ ရောက်လာသော်လည်း အချိန်ကွက်တိဖြစ်ပြီး အပူချိန်မြင့်မားသောနေ့များတွင် ဖြစ်ပေါ်တတ်သော အိုက်စပ်ခြင်းနှင့် လေဖိအားများကို ချက်ချင်းဖယ်ရှားပေးလိုက်သည်။
"မိုးလေဝသကို အတုခိုးတဲ့စနစ်... ဒီနှစ်တင် ဘယ်နှစ်ခါရှိပြီလဲ"
မိုးစက်တွေဖုံးလွှမ်းနေတဲ့ မြို့ထဲမှာ ဆံပင်ဖြူဖြူနဲ့ သက်ကြီးရွယ်အိုတချို့က ကောင်းကင်ကို မော့ကြည့်ရင်း ညည်းတွားနေကြတယ်။
အာရှမဟာမိတ်သည် အရှေ့ပိုင်းဒေသရှိ ကျွန်းတစ်ကျွန်းဖြစ်သည်။စိမ်းလန်းစိုပြေသော တောင်တန်းများနှင့် သစ်တောများကြားတွင် အနက်ရောင်ထီးတစ်လက်သည် မိုးရေထဲတွင် လျင်မြန်စွာ ရွေ့လျားနေသည်။
ထီးကိုင်ထားသူ၏မျက်နှာသည် မရှင်းမလင်းဖြစ်နေပြီး သူ့နောက်ကျောတွင် ရှည်လျားပြီးပါးလွှာသော အထုပ်ကြီးတစ်ခုပါလာသည်။ မိုးကာသားမပါတဲ့ အနက်ရောင်အကျီက အဆက်မပြတ်ကျနေသော မိုးရေစက်တွေကြောင့် ရွှဲစိုနေခဲ့တယ်။ ကြမ်းတမ်းပြီး မညီမညာသော တောင်တက်လမ်းကြားကို ထိုလူက သိမ်းငှက်တစ်ကောင်ကဲ့သို့ သွက်လက်သွက်လက်ပင် မဆိုင်းမတွ ရွေ့လျားနေ၏။
တောင်ပေါ်ကို တစ်ဝက်လောက်ရောက်သွားတဲ့အချိန်မှာ ထီးကစောင်းသွားပြီး ဆွဲဆောင်မှုရှိတဲ့မျက်နှာကို ပေါ်လွင်သွားစေတယ်။
စိုစွတ်သောမိုးရေများကိုဖြတ်၍ အဝေးမှတောင်ပေါ်ကိုကြည့်ရင်း ကောင်မလေး၏ နက်မှောင်သော မျက်လုံးများက မှိန်ဖျော့သွားသည်။ မိုးရွာခြင်းကြောင့် တောင်ပေါ်ရှိ တိရစ္ဆာန်များက သူတို့အသိုက်ဆီသို့ ပြန်သွားကြပြီး ပုံမှန်မဟုတ်သော တိတ်ဆိတ်သည့် လေထုကို ဖန်တီးနေခဲ့သည်။ တစ်ဖက်ကမ်းရှိ ဆိပ်ကမ်းသည်သာ တစ်ခုတည်းသော အသံဗလံများ ဖြစ်ပေါ်စေခဲ့သည်။