Chapter 12
အဖျားက သဘာဝလွန်စွမ်းရည်တွေနိုးထလာတဲ့ အချက်ပြများလား။
ထျန်းရီထွက်သွားပြီး သိပ်မကြာခင်အထိ စုန့်ခယ်က ဒီမေးခွန်းကို တွေးနေတုန်းပါပဲ။
သူမရဲ့ သုံးရက်ကြာအဖျားကြီးခြင်းက သူမရဲ့ သဘာဝလွန်စွမ်းအားများအပေါ် သက်ရောက်မှုရှိနိုင်ပါသလား။ သူမ နိုးထလာခဲ့တဲ့ စွမ်းအားက ဘာလဲ။
ပြဿနာတစ်ခုကို ဖြေရှင်းလိုက်သည်နှင့်အမျှ၊ မေးခွန်းအသစ်များ အဆက်မပြတ်ထွက်ပေါ်လာပြီး စုန့်ခယ်ကို ခေါင်းကိုက်စေခဲ့သည်။ကျန်းရွေ့သည် နောက်ပိုင်းမှာလည်း သူမဆီခဏခဏအလည်လာခဲ့ရာ များပြားလှတဲ့အကြည့်များကိုရင်ဆိုင်ရပြီး စုန့်ခယ်အတွက် အစားအစာတစ်ချို့နှင့် မွေ့ရာတစ်ခုကိုယူဆောင်လာခဲ့ပေးသည်။ အရင်တုန်းကတော့ သူ့ကိုဒုက္ခများတဲ့သူတစ်ဦးလို့ အမြဲမှတ်ယူခဲ့ပေမယ့် သုံးနှစ်ကြာတဲ့အထိ သူဒီလိုဖြစ်နေဦးမယ်လို့ သူမ မထင်ထားခဲ့ပါဘူး။ သူမ သူ့ကို အရေးမလုပ်ချင်ခဲ့ပေ။
သူမ၏ စိတ်မရှည်မှုကိုခံစားလိုက်ရသဖြင့် ကျန်းရွေ့လည်း သိပ်ကြာကြာမနေခဲ့ပေ။ ပစ္စည်းတွေချပြီးတာနဲ့ သူထွက်သွားတယ်။
ညဘက်မှာ ကစားကွင်းထဲရှိလူတိုင်းသည် မိမိတို့၏အိပ်ရာပေါ်တွင်လှဲနေကြရင်း အတွေးထဲနစ်ကာ တဖြည်းဖြည်း ငိုက်မျဉ်းလာကြသည်။
စုန့်ခယ်က သူမကျောပိုးအိတ်ကို မြေကြီးပေါ်ကနေကောက်ယူပြီး ပစ္စည်းတွေကိုသယ်ကာ အခန်းထဲကို တိတ်တဆိတ် ဝင်သွားတယ်။ကျဉ်းမြောင်းသော သိုလှောင်ခန်းအတွင်းမှာ သူမက ခန္ဓာကိုယ်အနှံ့ပတ်ထားသော ပတ်တီးများကိုဖယ်ရှားကာ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
ပိတ်စကို သူမ၏အရေပြားမှ အနည်းငယ်ဆွဲကာခွာလိုက်ပြီး ပတ်တီးများအားလုံးကိုဖယ်ရှားပြီးနောက် စုန့်ခယ်သည် တခဏချင်း အံ့အားသင့်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများစွာသည် အရင်က အရိုးများပေါ်လောက်အောင် နက်ရှိုင်းခဲ့သော်လည်း ရက်အနည်းငယ်အတွင်း လုံးဝပျောက်ကင်းသွားခဲ့ပြီ။ လတ်ဆတ်ပြီးနုပျိုသော အရေပြားအသစ်များ ပေါ်ထွက်လာပြီး ပွတ်လိုက်သည့်တိုင် နာကျင်မှုကိုသိပ်မခံစားရပေ။