Chapter 13
ဖုတ်ကောင်အသေများ သူတို့ဆီသို့ရောက်လာသောအခါ၊ ကျန်းချီက သူ၏ဖောင်းကားနေသော လက်မောင်းကြွက်သားဖြင့် အစွမ်းကုန် အဝေးသို့ထိုးပစ်လိုက်သည်။
သူ့နောက်က လက်အောက်ငယ်သားတွေကတော့ သူ့လောက်ကံမကောင်းခဲ့ကြဘူး။ စုန့်ခယ်က သေချာချိန်ရွယ်ထားခဲ့ရာ ခေါင်းမပါသော ဖုတ်ကောင်များက သွေးများစီးကျနေသော လည်ပင်းငုတ်တိုများဖြင့် သူတို့ကိုယ်ပေါ်သို့ ကျသွားသည်။ ဖုတ်ကောင်တွေက သေပြီးသားဆိုတာ မသိခဲ့တာကြောင့် နှလုံးသားတွေ ကွဲကြေမတတ် အသီးသီး အော်ဟစ်ခဲ့ကြပါတယ်။
"မင်းက စွမ်းအားရှင်ပဲ"
ကျန်းချီက အဟန့်အတားဖြစ်နေတဲ့ ဖုတ်ကောင်တွေကိုဖယ်ထုတ်လိုက်ပြီး စုန့်ခယ်ကို စကားလုံးတစ်လုံးချင်းဖြင့် အတည်ပြုပြီး သူ့အကြည့်တွေကို ပြင်လိုက်တယ်။
စုန့်ခယ်က တိတ်ဆိတ်နေခဲ့တယ်။ သူမ၏ သွယ်လျသောခါးနှင့် လက်ဖျံမှခွန်အားဖြင့် ကြီးမားသောတူကြီးကို အရုပ်တစ်ခုလို မြှောက်လိုက်သည်။ တူ၏ခေါင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာထိုးကျသွားပြီး ကျန်းချီဆီသို့ အရှိန်ပြင်းပြင်း လှိုင်းလုံးကြီးတစ်ခု ဖန်တီးသည်။ သူ့ပခုံးတွေက ပေါင်တစ်ထောင်ကိုထမ်းထားသလိုခံစားရပြီး သူ့ခြေထောက်တွေက မြေကြီးထဲကိုစိုက်ဝင်နေခဲ့ပြီ။ သူအံကြိတ်ရင်း၊ ဤကြီးမားလှသောစွမ်းအားကို ခံနိုင်ရည်ရှိရန် သူ၏ ရှိသမျှအစွမ်းတွေကို အသုံးပြုခဲ့ရသည်။
သူမ သူ့ကို ခြိမ်းခြောက်နေတယ်။ သတ္တိရှိလှချည်လား! ဘယ်လိုတောင် သတ္တိရှိတာလဲ!
ကျန်းချီသည်လည်း စွမ်းအားရှင်တစ်ဦးဖြစ်သောကြောင့် စုန့်ခယ် ထုတ်ဖော်လာသောဖိအားသည် ဘယ်လောက်ထိ ကြောက်စရာကောင်းကြောင်း သူသိသည်။ သူ့လက်ချောင်းလေးတောင် မလှုပ်နိုင်ခဲ့ဘူး။ သူမရဲ့ သဘာဝလွန်စွမ်းရည်က သူ့ထက် အများကြီး ပိုမြင့်တာသေချာပါတယ်။ စုန့်ခယ်က သာမာန်စွမ်းအားရှင်တစ်ဦးမျှသာမဟုတ်ကြောင်း ထင်ရှားပါသည်။ အခြေခံစွမ်းရည် နိုးထထားပုံပင်။ အဲ့ဒါကြောင့် သူမက သူ့ကို လုံးလုံးလျားလျား ဖိနှိပ်နိုင်ခဲ့သည်။ စောစောက သူမကိုပညာပေးဖို့ ကြိုးစားခဲ့တာကို သူ နောင်တရမိတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဒီလိုလုပ်ခဲ့တာက ဟာသ သဖွယ်ပင်။