Chapter 10
ကျန်းရွေ့သည် ဤအထက်တန်းကျောင်းသူကျောင်းသားများ၏ ခေါင်းဆောင်ဖြစ်ပုံရပြီး၊ စုန့်ခယ်မှလွဲ၍ အဖွဲ့အတွင်းရှိသူတိုင်းက သူ၏စကားလုံးတိုင်းကို နာခံကြသည်။
စုန့်ခယ်သည် လူမှုဆက်ဆံရေးအလှည့်အပြောင်းများကို နားမလည်သလို ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သော စိတ်ထားရှိသည်။ ကျန်းရွေ့က သူမကိုသူနဲ့လိုက်ခိုင်းတဲ့အခါ သူမဘေးနားက လူတွေရဲ့ အမူအရာတွေကို ဂရုမစိုက်ဘဲ သူ့ဘေးမှ လိုက်လာခဲ့သည်။
ခရီးစဉ်တစ်လျှောက်လုံး ငြိမ်သက်တိတ်ဆိတ်နေခဲ့ပြီး သူတို့နှစ်ဦးသည် စကားတစ်ခွန်းပြောပြီး အချိန်အတော်ကြာမှ နောက်စကားထပ်ပြောကြသည်။ စုန့်ခယ်သည် စကားအများကြီးပြောတတ်သူမဟုတ်၊ သူမသည် အမြဲတမ်း စကားအနည်းငယ်သာ ပြောတတ်သည်။ တစ်ဖက်တွင် ကျန်းရွေ့သည်တော့ ထူးဆန်းနေခဲ့သည်။ အရင်တုန်းကတော့ သူက ခေါင်းမာပြီး ရမ်းကားတတ်သည်။ သုံးနှစ်နီးပါးကြာသွားတော့ သူ့ရဲ့မဆင်ခြင်စိတ်က သိသိသာသာပျော့ပျောင်းသွားတယ်။ စုန့်ခယ်နဲ့ရင်ဆိုင်ရတဲ့အခါ အတိတ်က နာကျည်းမှုတွေကို လုံးဝမေ့သွားခဲ့သလိုပဲ၊ သူ့ရဲ့အမူအရာတစ်ခုလုံးဟာ လေးနက်တဲ့ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသလို ပြောင်းလဲနေခဲ့တယ်။ သူက လက်ရှိအခြေအနေကို အစပြုပြီးတော့ ရှင်းပြခဲ့တယ်။
"နေရောင်ခြည်ပေါက်ကွဲတဲ့နေ့က ကျောင်းသားတွေ ကျောင်းပြန်တက်တဲ့နေ့လေ လူတော်တော်များများက ရုတ်တရက် မေ့လဲသွားကြတယ် အဲ့အချိန်တုန်းက အခြေအနေ ဒီလောက်ဆိုးရွားမယ်မှန်း ဘယ်သူမှမသိခဲ့ကြဘူး ဒီတိုင်း ရိုးရိုး အပူရှပ်တယ်လို့ထင်ပြီး ဆေးခန်းကို ခေါ်သွားကြတယ် ပထမဆုံးဖုတ်ကောင်က အဲဒီညနေမှာ စပေါ်လာပြီး တဖြည်းဖြည်းဆင့်ပွားလာတယ်၊ နှစ်ရက်မပြည့်ခင်မှာပဲ ကျောင်းက လုံးဝကို ဖျက်ဆီးခံလိုက်ရတယ်"
"ခု-ခုနက ပြောတာ စွမ်းရည်ရှိတဲ့ လူတွေရှိတယ်ဆို"
"ဟုတ်တယ်၊ စွမ်းရည်နိုးထတဲ့လူ သုံးယောက်ရှိတယ်"
"အဲဒီမှာ သာမာန်လူဘယ်နှစ်ယောက်ရှိလဲ"
"တစ်ရာနှစ်ဆယ့်သုံးယောက် လွန်ခဲ့တဲ့နှစ်ရက်က နှစ်ရာနီးပါးလောက်ရှိပေမဲ့ တစ်ချို့က ကျောင်းမှာမနေချင်ဘဲ အိမ်ပြန်တာတို့၊ မဟုတ်လည်း အနီးနားက စခန်းတွေကို နည်းလမ်းရှာပြီး ထွက်ပြေးကြတယ် သူတို့ ထွက်သွားပြီးတဲ့နောက် သူတို့နဲ့ အဆက်အသွယ် ပြတ်သွားတယ်... ဒါကြောင့် ခုရက်ပိုင်းက အပြင်သိပ်မထွက်ကြတော့ဘူး"
ဤအရေးကြီးသောအချိန်ကာလတွင်၊ အဆက်အသွယ်ပြတ်သွားသောကျောင်းသားများသည် ဆိုးရွားသောအခြေအနေများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ စုန့်ခယ်သည် နောက်ထပ်မေးခွန်းများကို လိမ္မာပါးနပ်စွာ ရှောင်ကြဉ်ပေးခဲ့သည်။
"စုန့်ခယ် နင်ရော ဘယ်လိုနေလဲ" ကျန်းရွေ့က ရုတ်တရက် သူမဘက်လှည့်ပြီး မေးသည်။
စုန့်ခယက သူ့ကို အံ့သြတကြီး စိုက်ကြည့်နေတယ်။ ဤမေးခွန်းသည် ရုတ်တရက်ဆန်ပြီး သူမ မည်သို့ဖြေရမည်ကို မသိပေ။ သူ အဆင်ပြေနေတယ်လို့ပြောရင် လိမ်ညာရာကျလိမ့်မယ်။ သူမ၏ မိသားစုများမှ မရှိတော့ဘဲ ဘယ်လိုလုပ် "အဆင်ပြေသည်" ဟု ယူဆနိုင်ပါ့မလဲ။ သူမ အဆင်မပြေဘူးဆိုရင်လဲ သူမဟာ အရင်က ဒီခရီးမှာ ဖုတ်ကောင်တွေရဲ့ အကိုက်ခံခဲ့ရပြီး ကျန်းရွေ့နဲ့ ဒီမှာ ရပ်ပြီး စကားစမြည်ပြောနိုင်မှာ မဟုတ်ပါဘူး။
ကျန်းရွေ့သည် သူ့မေးခွန်းသည် အခြေအနေနဲ့ မကိုက်ကြောင်း သဘောပေါက်သွားပုံရသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
...
မိနစ်အနည်းငယ်ကြာတော့ အနောက်တိုင်းပုံစံ စားသောက်ဆိုင်တစ်ခုကိုတွေ့ပြီး ဝင်ပေါက်မှာ သော့ခတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်နိုင်ခဲ့တယ်။ အထဲမှာရှာဖွေဖို့ အဖွဲ့နှစ်ဖွဲ့ခွဲရန် ပြင်ဆင်နေပါသည်။
"အရင်က ဒီစားသောက်ဆိုင်ကို တစ်ခါမှ မရောက်ဖူးဘူး လူခွဲပြီးခန်းမနဲ့ ဒုတိယထပ်ကို သွားကြမယ် ကျန်းဟောက်၊ မင်းတို့အုပ်စုက စားစရာရှာဖို့ မီးဖိုချောင်ကိုသွားကြ"
"တိတ်တိတ်လုပ်နော်၊ ဖုတ်ကောင်တွေကို မဆွဲဆောင်မိစေနဲ့"
ကျန်းရွေ့သည် အဖွဲ့များကို လျင်မြန်စွာ စီစဉ်ခဲ့သည်။ စုစုပေါင်း လူဆယ့်နှစ်ယောက် ရှိတယ်။ သူနဲ့အတူ ခုနစ်ယောက်ကို ခေါ်သွားပြီး ကျန်ငါးယောက်ကိုတော့ ကျန်းဟောက်နဲ့အတူ ထားခဲ့လိုက်တယ်။ ချောင်ရီရီအား ကျန်းရွေ့အဖွဲ့တွင် တာဝန်ပေးအပ်ထားပြီး သူမသည် အမျှော်အမြင်ရှိစွာ စုန့်ခယ်နှင့် စကားစမြည်ပြောဆိုခြင်းကိုရှောင်ကြဉ်ပြီး ခေါင်းငုံ့ကာ တွေးတောနေခဲ့သည်။
စုန့်ခယ် အလှည့်ရောက်သောအခါ ကျန်းရွေ့ ခဏတုံ့ဆိုင်းသွားသည်။
"စုန့်ခယ် ကျန်းဟောက်နဲ့ အတူ မီးဖိုခန်းကို သွားလိုက်"
ဒီတာဝန်ကို လက်ခံရရှိခဲ့တဲ့ ကျန်းဟောက်က ဒါကိုကြားတာနဲ့ တစ်စုံတစ်ရာကန့်ကွက်ခြင်းမရှိပါဘူး။ သူ သဘောမတူမီ စုန့်ခယ်ကို တဝဲလည်လည် တစ်ချက်ကြည့်လိုက်သည်။
ပင်မခန်းမသည် လမ်းနှင့်မျက်နှာချင်းဆိုင်ဖြစ်ပြီး ဒုတိယထပ်တွင် ပြင်ပလသာဆောင်များရှိသည်။ စားသောက်ဆိုင်၏ အတွင်းကျဆုံးရှိ မီးဖိုချောင်နှင့် နှိုင်းယှဉ်ပါက အန္တရာယ်အဆင့်မှာ သဘာဝအရ ပိုမိုမြင့်မားပါသည်။ စုန့်ခယ်ကို ကျန်းဟောက်၏အဖွဲ့တွင် တာဝန်ပေးခြင်းက သူမကိုဂရုစိုက်ပေးနေကြောင်း လူတိုင်းနားလည်ခဲ့ကြသည်။
စုန့်ခယ်က စိတ်မ၀င်စားဘူး။ ဘယ်သွားသွား အဆင်ပြေပါတယ်။ အဖွဲ့က ခွဲထားပြီမို့ သူမ ရိုးရိုးရှင်းရှင်းပဲ သဘောတူပြီး ကျန်းဟောက်ရဲ့နောက်မှာ ရပ်လိုက်တယ်။
မီးဖိုချောင်သည် အနောက်တိုင်းစတိုင် စားသောက်ဆိုင်ရဲ့ အတွင်းကျဆုံးနေရာတွင် တည်ရှိသည်။ သူတို့သည် ပင်မခန်းမကိုဖြတ်ကျော်ကာ စင်္ကြံတစ်လျှောက်တွင် ခဏတာ လမ်းလျှောက်ခဲ့ကြသည်။ တစ်စုံတစ်ယောက်က
"ဒီမှာ အအေးခန်းရှိတယ်!"
ကျန်းဟောက်က ချက်ချင်း ဆုံးဖြတ်လိုက်ပြီး "အဲဒီကို သွားကြည့်ရအောင်"
စုန့်ခယ်က သူတို့နဲ့ အထဲကို လိုက်ဖို့ကြိုးစားတဲ့အခါ ကျန်းဟောက်က လက်ဆွဲပြီး သူမကိုတားလိုက်တယ်။
"ခဏလေး အတန်းဖော် လျှောက်မသွားနဲ့နော်"
ကျန်းဟောက်သည် တတိယအကြိမ်မြောက် ထွက်လာဖူးတာဖြစ်သည်။ သူသည် အခြားသူများထက် ပိုသတိထားတတ်ပြီး၊ အဖွဲ့ထဲသို့ ကျန်းရွေ့နှင့် အဆက်အစပ်ရှိသူတစ်ဦးဖြစ်ပြီး အထူးသဖြင့် အားနည်းသောမိန်းကလေးတစ်ဦး ထပ်ထည့်ခြင်းသည် သူ့အတွက် အဆင်မပြေပါ။ အကယ်၍ ဤမိန်းကလေးသည် ငိုပြီး ညည်းညူကာ စတင်နှောက်ယှက်လာခဲ့မည်ဆိုလျှင်၊ သူတို့၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည်။ လောလောဆယ်မှာတော့ စုန့်ခယ်ဆီက အကူအညီမယူဘဲ အနှောက်အယှက်မဖြစ်စေသည့် နုနယ်တဲ့အရုပ်လေးလိုပဲ နေဖို့ မျှော်လင့်ထားပါတယ်။
စုန့်ခယ်က သူ့ရဲ့ငြင်းပယ်မှုကို သတိထားမိပြီး သူမရဲ့ မြှောက်ထားတဲ့ ခြေထောက်ကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပါတယ်။
"ဟုတ်ပြီ"
ကျန်းဟောက်နှင့် အခြားကလေးများသည် အအေးခန်းမှ အမဲသား၊ သိုးသား၊ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ဆက်လက်သယ်ထုတ်နေခဲ့ကြသည်။ ထို့နောက် မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသည့် အဖွဲ့ထဲရှိ မျက်နှာဝိုင်းဝိုင်း မိန်းကလေးရှေ့မှာ အစားအသောက်များကို စီရီပြီး သူတို့တွေရဲ့ ကျောပိုးအိတ်ထဲသို့ထုပ်ပိုးဖို့ ပစ္စည်းများကို ပေးလိုက်ကြသည်။
စုန့်ခယ်သည် ဘေးဘက်တွင်ရပ်နေခဲ့ပြီး ထိုကောင်မလေးသည် သူမကို အကူအညီမတောင်းခဲ့ပေ။ သူမသည် စားပွဲပေါ်တွင်ထိုင်ကာ သူတို့လုပ်ကိုင်နေတာကိုကြည့်ရင်း ပြီးဆုံးသွားသည်။
ကျဉ်းမြောင်းသော မီးဖိုချောင်အတွင်းတွင် ကောင်လေးနှစ်ယောက်သည် စူးစမ်းလိုစိတ်ဖြင့် ထောက်ပံ့ရေးပစ္စည်းများကို ရှာဖွေရင်း ဆက်လက်ကြည့်နေကြသည်။
"ဒီစားသောက်ဆိုင်ရဲ့ မီးဖိုချောင်က အရမ်းကျဉ်းတယ် ဒီမှာ သိပ်အများကြီး မရှိနိုင်လောက်ဘူး"
"ဒါဆို ငါတို့ အပြင်ပြန်ထွက်ကြတော့မလား"
"ဘာတွေ အလျင်လိုနေတာလဲ အခုချိန် အပြင်ထွက်ရင် ပစ္စည်းတွေသယ်ဖို့ ကူညီပေးရတော့မှာ"
အရပ်ရှည်ရှည်ကောင်လေးက ခြင်းတောင်းထဲက အညှောင့်ပေါက်နေသည့်အာလူးတချို့ကို ဘတ်စကက်ဘောပစ်သကဲ့သို့ ခပ်ဝဝကောင်လေး၏ ခေါင်းစွပ်အကျီထဲသို့ ရယ်မောရင်း ပစ်ချလိုက်သည်။
"သုံးမှတ် ရိုက်ချက်မိုက်တယ်!"
ခပ်ဝဝ ကောင်ကလေးသည် ညှိုးငယ်သော အမူအရာဖြင့်
"ကုန်းဇီချီ၊ လျှောက်ဆော့မနေနဲ့!"
ကုန်းဇီချီက သူ့ကို လျစ်လျူရှုပြီး
"အေးဆေးပေါ့၊ အစ်ကိုကျန်းနဲ့ တခြားသူတွေက အပြင်မှာ ရှိတာပဲ ဟေ့ ထျန်းရီ ရှောင်မနေနဲ့!"
ခပ်ဝဝကောင်လေးသည် နာမှာစိုးတာကြောင့် လှည့်ကာရှောင်လိုက်သည်။ အာလူးသေးသေးလေးမှာ တခြားနေရာကို ထိမှန်ကာ ရပ်တန့်သွားပြီး၊ အသံအနည်းငယ်ဖြင့် ကောင်တာပေါ်မှလိမ့်ဆင်းသွားကာ တစ်စုံတစ်ရာကိုထိမိပြီး အသံကျယ်ကြီး ထွက်လာသည်။ နှစ်ယောက်စလုံး အံ့အားသင့်သွားကာ တစ်ပြိုင်နက်တည်း ခေါင်းမော့လိုက်ကြသည်။ ဖုတ်ကောင်အများအပြားက မတည်မငြိမ် မတ်တပ်ရပ်နေကြပြီး သူတို့ထဲမှ တစ်ကောင်သည် အဖြူရောင်စားဖိုမှူးဦးထုပ်ကို ၀တ်ဆင်ထားကာ ဝတုတ်ထွားကြိုင်းနေသည်။
ကုန်းဇီချီသည် ထိတ်လန့်သွားပြီး စက္ကန့်များစွာ အေးခဲနေခဲ့သည်။ ဖုတ်ကောင်များ၏လက်ထဲတွင် ဓားမနှင့် မီးဖိုချောင်သုံးဓားများကို ကိုင်ဆောင်ထားသည်။
"အမလေး! ထျန်းရီ ပြေးတော့!"
တံခါးနှင့် နီးကပ်လာသောကြောင့် ကုန်းဇီချီသည် ခြေလှမ်းအနည်းငယ်လှမ်းကာ တံခါးဘောင်ကို လှမ်းကိုင်လိုက်ပြီး "မြန်မြန်လာ၊ ထျန်းရီ!"
ထျန်းရီသည် အတွင်းပိုင်းနှင့် ပို၍နီးကပ်နေခဲ့သည်။ သူသည် စားဖိုမှူးဖုတ်ကောင်ကို တိုက်ရိုက်ရင်ဆိုင်ခဲ့ရပြီး ထိတ်လန့်နေခဲ့သည်။ စားဖိုမှူး ဖုတ်ကောင်က လက်ဆန့်ပြီး သူ့ခြေထောက်ကို လှမ်းဆွဲတယ်။ ထျန်းရီက အပြင်းအထန် ကန်ကျောက်ပြီး သူ့မျက်နှာကို နင်းကာ
"ကူညီပါ! ကူညီကြပါ!"
ရုန်းရင်းဆန်ခတ်အသံများသည် အပြင်ဘက်သို့ လျင်မြန်စွာရောက်ရှိလာပြီး ကျန်းဟောက်၏အဖွဲ့သည် အအေးခန်းထဲမှ အမြန်ပြေးသွားကာ ကျန်းရွေ့၏အဖွဲ့သည်ပင် အလျင်အမြန်ရောက်ရှိလာခဲ့သည်။
ကုန်းဇီချီ၏ အသံသည် တုန်လှုပ်နေပြီး အလောတကြီး
"အစ်ကိုကျန်း၊ ထျန်းရီကို ကယ်ပါဦး!"
မီးဖိုချောင်တံခါးသည် ကျဉ်းသောကြောင့် တစ်ကြိမ်လျှင် လူတစ်ဦးသာ ဖြတ်သွားနိုင်သည်။ ကျဉ်းမြောင်းသော နေရာအတွင်းတွင်၊ ကျန်းရွေ့သည် သူ၏ညာလက်ရှိ လက်စွပ်ကိုပွတ်သပ်ရင်း တုံ့ဆိုင်းနေသည်။ သူသည် အနီးကပ်တိုက်ပွဲတွင် မကျွမ်းကျင်ပေ။ သို့သော် သူသည် ခေါင်းကိုမော့လိုက်ရာ သူ့ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျှော်လင့်နေသော အကြည့်များကို ရင်ဆိုင်လိုက်သောအခါတွင် သူ့အသက်ရှူသံများ နှေးကွေးသွားပြီး ပြတ်သားသော အသံဖြင့် နောက်ဆုံးတွင်
"ငါအထဲရောက်ပြီဆိုတာနဲ့ မင်းတို့အားလုံး ပြန်ဆုတ်လိုက်" လို့ အမိန့်ပေးလိုက်တယ်။
ဒါပေမယ့် တစ်ယောက်ယောက်က သူ့ထက် ပိုမြန်နေခဲ့တယ်။
စုန့်ခယ်သည် မိန်းကလေးများ ပစ္စည်းတွေကိုထုပ်ပိုးနေစဉ်က သူမ၏ သွယ်လျသောခြေထောက်များကို လှုပ်ခါကာ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေခဲ့သည်။ ထို့နောက် ရုတ်တရက် မီးဖိုချောင်မှ အော်သံကြားလိုက်ရသည်။ မကြာခင်မှာပဲ ကောင်လေးတစ်ယောက်၏ ထိတ်လန့်စွာ အော်သံကို ဆက်လက်ကြားခဲ့ရတယ်။
သိပ်စဉ်းစားမနေဘဲ စားပွဲပေါ် လက်တစ်ဖက်ဖြင့်ထောက်ကာ ခုန်ချလိုက်သည်။ လေပွေတစ်ခုကဲ့သို့ အခန်းထဲကို ပြေးဝင်သွားတယ်။ သူသည် ထွားကြိုင်းသော စားဖိုမှူး ဖုတ်ကောင်၏ ဗိုက်ဆီသို့ လျင်မြန်သော ကန်ချက်များစွာကို ပေးပို့ရင်း နောက်ဆုတ်စေခဲ့သည်။ ထို့နောက် သူမသည် လျင်မြန်စွာရေပုံးတစ်ပုံးကိုဆွဲယူပြီး ဖုတ်ကောင်၏ဦးခေါင်းပေါ်သို့ ပစ်ချလိုက်သည်။ ဖုတ်ကောင်လက်မှ လွတ်ပြီး တုန်လှုပ်ချောက်ခြားနေသေးသော ကောင်ကလေး၏ ကော်လာကို ကိုင်ဆွဲကာ "အခု ပြေးတော့" ဟု လျင်မြန်စွာပြောလိုက်သည်။
ပေါင် ၁၆၀ ဝန်းကျင် အလေးချိန်ရှိသော ကောင်လေးထျန်းရီသည် မီးဖိုချောင်ထဲမှ ဘောလုံးတစ်လုံးကဲ့သို့ သူမနှင့် လွင့်ထွက်လာသည်။ အနောက်မှလည်း ဖုတ်ကောင်များသည် လိုက်လာကြသည်။ စုန့်ခယ်သည် သူတို့၏ ထိခိုက်လွယ်သော အဆစ်များကို ပစ်မှတ်ထားပြကန်လိုက်ကာ လျက်တပြက်ကွဲအက်နေသော အရိုးသံများထွက်လာသည်။
ဖုတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေ ကမောက်ကမဖြစ်နေတုန်း သူမသည် ထျန်းရီပစ်ချလိုက်တဲ့ ဘေ့စ်ဘောတံကို ကောက်ကိုင်လိုက်တယ်။ ပြင်းထန်သောအသံနှင့်အတူ သူမသည် ပုံးထဲမှ လွတ်မြောက်လာခဲ့သည့် စားဖိုမှူးဖုတ်ကောင်၏ ဦးခေါင်းကို ရိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဘောလုံးကဲ့သို့ နောက်သို့ပြန်လဲကျသွားသည်။ ထို့ကြောင့် အခြားသော ဖုတ်ကောင်များနှင့် တိုက်မိပြီး တုန်လှုပ်ချောက်ချားဖွယ် ရုန်းရင်းဆန်ခတ်အသံ ဖြစ်ပေါ်လာစေသည်။
ပရမ်းပတာဖြစ်မှုကို အခွင့်ကောင်းယူပြီး စုန့်ခယ်သည် တံခါးကို အမြန်ပိတ်ကာ သော့ခတ်ပြီး စားပွဲများကို အခန်းရှေ့ပိတ်လိုက်သည်။
လှည့်ကြည့်လိုက်ရာ ဆယ်ကျော်သက်လူငယ်တစ်စုက သူမကိုကြည့်ရင်း မေးရိုးတွေ အောက်ကျနေခဲ့ပြီ။
စုန့်ခယ်က သူတို့ကို ကြင်နာစွာ အသိပေးလိုက်ပြီး "ဒါကို ဖြေရှင်းပြီးပြီးဆိုတော့ ငါတို့ ထွက်သွားသင့်ပြီ.."
အခန်းသည် တိတ်ဆိတ်နေတုန်းပင်၊ ကြောက်မက်ဖွယ် တိတ်ဆိတ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊ တစ်စုံတစ်ယောက်သည် သူတို့၏ အံ့အားသင့်မှုကို မထိန်းနိုင်တော့ပေ။
"ငါခံစားရတာ..." ကုန်းဇီချီက ထျန်းရီကို ကြည့်ရာ ခက်ခက်ခဲခဲ တံထွေးမျိုချလိုက်ပြီး
"သူက ဖုတ်ကောင်တွေထက် ပိုကြောက်စရာကောင်းသလိုပဲ"
ကျန်းရွေ့သည် စုန့်ခယ်၏ သွယ်လျသောပုံရိပ်ကို ကြည့်ရင်း လူအုပ်ရှေ့တွင်ရပ်နေသည်။ သူ့နဖူးပေါ်က အမာရွတ်ဟောင်းက အနည်းငယ် စုတ်ပြဲသွားပုံပဲ။ သူ့ ရုတ်တရက် ပြုံးမိသွားသည်၊ သူအတွေးလွန်သွားခဲ့ပုံပဲ။ အဲဒီနေ့တုန်းကတောင် စုန့်ခယ်က တစ်တန်းလုံးကို တစ်ယောက်တည်းထိန်းနိုင်ခဲ့တာ။ သူ့ကို ဘာလို့ အကာအကွယ်လိုအပ်တယ်လို့ ထင်ခဲ့တာပါလိမ့်။
"ထုပ်ပိုးပြီး မြန်မြန်သွားရအောင်"
ကျန်းရွေ့၏အဖွဲ့သည် လမ်းကြောင်းနှင့် ရင်းနှီးလာသလိူ လမ်းတစ်လျှောက်တွင် ဖုတ်ကောင်များ ထပ်မံမတွေ့ရတော့သောကြောင့် ကျောင်းသို့ပြန်သည့်ခရီးသည် အံ့အားသင့်စရာကောင်းလောက်အောင် ချောမွေ့နေခဲ့သည်။
အထက်တန်းကျောင်းသူလေးများသည် စုန့်ခယ်၏နောက်ကွယ်တွင် တိုးတိုးလေး စကားပြောကာ သူ့ကို ပြောင်ပြောင်တင်းတင်း မလှောင်ပြောင်ဝံ့တော့ပေ။ ယခင်က စုန့်ခယ် အဖွဲ့တွင်ရှိခဲ့ဖူးသော မျက်နှာဝိုင်းမိန်းကလေး လင်းရှသည် ချောင်ရီရီ၏အကျီလက်ကိုဆွဲကာ အံ့အားသင့်စွာဖြင့်
"ရီရီ၊ နင့် အတန်းဖော်ကဘာတုန်းက တော်တော် အံ့သြစရာကောင်းတယ်"
ချောင်ရီရီသည် မျက်လွှာချလိုက်ပြီး သူမ၏အသံသည် နူးညံ့ကာ ဖတ်ရခက်လေသည်။
"ဟုတ်လား? သူက အရင်ကတည်းက တိုက်ခိုက်ရတာ ကြိုက်တယ်လေ"
ဟွားမြို့ No.1 အလယ်တန်းကျောင်းသို့ သွားနေစဉ် စုန့်ခယ်သည် သူမ၏စိတ်ထဲတွင် ရှိနေခဲ့သော မေးခွန်းကို နောက်ဆုံးတွင် ထုတ်မေးလိုက်သည်။
"မေးစရာရှိတယ်"
"ဘာမေးခွန်းလဲ?"
"ကျောင်းထဲမှာ ဖုတ်ကောင်တွေကပ်နေတယ်ဆိုရင် ဘာလို့ ဘေးကင်းတဲ့စခန်း ရှိနေတာလဲ"
"အင်း... မင်း မကြာခင် သိလာမှာပါ"
ပင်မတံခါးမှ ကျောင်းထဲသို့ဝင်မည့်အစား တောင်ကုန်းတစ်ဝိုက်မှ ကွေ့ပတ်သွားကြသည်။ တောင်စောင်းကနေ အထဲကို ငုံ့ကြည့်လိုက်ရာ အရှေ့က မြင်ကွင်းကြောင့် စုန့်ခယ်က တခဏတာ စကားမပြောနိုင်တော့ပေ။
ဟွားမြို့ No.1 အလယ်တန်းကျောင်းဝတ်စုံများ ၀တ်ဆင်ထားသော ရာနှင့်ချီသောဖုတ်ကောင်များသည် ကစားကွင်း၊ အဆောင်များနှင့် သင်ကြားရေး အဆောက်အဦများကို သိမ်းပိုက်နေခဲ့သည်။ သူတို့ရဲ့များပြားသောတည်ရှိမှုက ခေါင်းတောင် ကိုက်စေလောက်အောင်ပါပဲ။ သူတို့သည် တစ္ဆေသရဲများကဲ့သို့ နေရာတိုင်းသို့ လှည့်လည်သွားလာကာ လှည့်ပတ်ကြည့်ရင်း ခေါင်းများ တဆတ်ဆတ်မော့ကာ လေထဲတွင် သက်ရှိလူသားများ၏ ရနံ့ကို ရှူရှိုက်နေကြသည်။
ဒါသည် ကမ္ဘာပျက်ပြီးနောက် စုန့်ခယ်မြင်ခဲ့သည့် အကြီးဆုံးဖုတ်ကောင်အသိုက်ဖြစ်ပြီး အအေးဆေးဆုံးလည်းဖြစ်သည်။
သူတို့သည် တစ်ချိန်က ဆယ်ကျော်သက်အရွယ်အတွင်း အသက်ဝင်နေသော ယောက်ျားလေးများနှင့် မိန်းကလေးများဖြစ်ပြီး နောင်အနာဂတ်တွင် တောက်ပသောအနာဂတ်ရှိသည့် မဟာမိတ်နယ်မြေ၏ မျှော်လင့်ချက်များဖြစ်သည်။ အခုတော့ သူတို့ဟာ အသက်မဲ့ လမ်းလျှောက်နေတဲ့ အလောင်းတွေ ဖြစ်သွားပါပြီ။
လူတိုင်း၏အမူအရာမှာ လေးလံလာသည်။
ထျန်းရီ၏ ဝမ်းနည်းမှုက သူ့မျက်နှာပေါ်မှ ပြည့်လျှံနေသည်။
"ငါတို့အတန်းထဲမှာ၊ ငါနဲ့ ကုန်းဇီချီကလွဲရင် အားလုံး အဲ့လိုဖြစ်သွားကြပြီ အတန်းပိုင်ဆရာမက ငါတို့ကို ကာကွယ်ဖို့ ကြိုးစားရင်း ဖုတ်ကောင်တွေ ကိုက်တာကို ခံလိုက်ရတာ"
အမြဲတမ်း ရွှင်မြူးနေတတ်တဲ့ ကုန်းဇီချီက လှည့်ထွက်သွားတုန်းက မျက်လုံးနီရဲနေခဲ့တယ်။
ကျန်းရွေ့က ဦးတည်ချက်ကို ညွှန်ပြသည်။
"စခန်းက ဟိုမှာ"
သူသည် မဟာမိတ်နယ်မြေမှ ပံ့ပိုးပေးသည့် နောက်ဆုံးပေါ်ပစ္စည်းများကို အသုံးပြု၍ တည်ဆောက်ထားသော ကျောင်းအစွန်းအနီးရှိ ငလျင်ဒဏ်၊ မုန်တိုင်းဒဏ်ခံနိုင်သော အားကစားကွင်းကို ညွှန်ပြလိုက်သည်။ အနောက်တွင် ဗို့အားမြင့်လျှပ်စစ်ကို ခြံစည်းရိုးခတ်ထားသည်။
စုန့်ခယ်သည် အားကစားကွင်းအပြင်ဘက်တွင် ပြည့်ကျပ်နေသော ဖုတ်ကောင်များကို စိုက်ကြည့်နေသည်။
"ငါတို့ ဘယ်လိုဝင်ရမှာလဲ"
"ဒီကနေဝင်လို့ရတယ်"
ကျန်းရွေ့က ဦးဆောင်ပြီး တခြားသူတွေက သူ့နောက်ကို လိုက်ကြတယ်။ သူတို့သည် အားကစားကွင်းနောက်ဘက် စောင်းတန်းကို လှည့်ပတ်သွားကြသည်။ သူတို့ နီးကပ်လာသောအခါတွင် စုန့်ခယ်သည် ဗို့အားမြင့်လျှပ်စစ်ခြံစည်းရိုးတွင် အပေါက်တစ်ခုကို သတိပြုမိသည်။ ပြင်းထန်သောအပူရှိန်ဖြင့် ဖွင့်ထားသကဲ့သို့ အရွယ်ရောက်ပြီးသူ ဖြတ်သန်းသွားလာနိုင်လောက်အောင် ကြီးမားပါသည်။ သို့သော်၊ ဖုတ်ကောင် ၂ ကောင် ၃ ကောင်သည် အနီးနားတွင် လှည့်လည်နေခဲ့သည်။
"နောက်ပြန်ဆုတ်"
အဖွဲ့သည် ဖုတ်ကောင်များနှင့် မနီးမဝေး တောအုပ်ထဲတွင် ရပ်သွားခဲ့သည်။ ကျန်းရွေ့၏ အသံသည် တင်းမာနေသည်။
အခြားလူများ နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ကြပြီး စုန့်ခယ်သည် သူတို့နှင့် လိုက်လျောညီထွေမဆုတ်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ သူမသည် ဘယ်ညာကြည့်ကာ သေးငယ်သောခြေလှမ်းများလှမ်းပြီး တူညီအောင် အခြားသူများနှင့် ညှိယူသည်။
ကျန်းရွေ့သည် သူ့လက်စွပ်ကိုချွတ်လိုက်ပြီး ဖုတ်ကောင်များဆီသို့ လျှောက်သွားသည်။ စုန့်ခယ်၏ စူးရှသော မျက်လုံးများက သူ့လက်ခလယ်အရင်းတစ်ဝိုက်တွင် အနီရောင်အမှတ်အသားကို သတိပြုမိခဲ့သည်။ ထိုအချိန်မှာပဲ ကျန်းရွေ့က သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးကနေ နှစ်မီတာရှည်တဲ့ မီးတောက်မြွေတစ်ကောင် ပေါက်ကွဲထွက်သွားပြီး မီးတောက်နေတဲ့ နှင်တံအဖြစ် ပြောင်းလဲသွားပါတယ်။ သူက ဖုတ်ကောင်အများအပြားကို ရိုက်ခဲ့ပြီး အသားနှင့်အရေပြား၏ အနံ့သည် လျင်မြန်စွာပျံ့နှံ့သွားသည်။ ဖုတ်ကောင်များသည် ဝေဒနာကြောင့်အော်ဟစ်ပြီး မကြာမီ မြေပြင်ပေါ်သို့ လဲကျသွားသည်။
နောက်ဆုံးတွင် စုန့်ခယ်ကို သဘောပေါက်စေခဲ့သည်—ကျန်းရွေ့သည် စွမ်းရည်အသုံးပြုသူတစ်ဦးဖြစ်နေခဲ့သည်။
ဖုတ်ကောင်များနှင့် တိုက်ခိုက်ပြီးနောက် ကျန်းရွေ့သည် နောက်ပြန်လှည့်ကာ စုန့်ခယ်ကို ကြည့်လိုက်သည်။ သူ တစ်ခုခု ပြောချင်နေပုံရပေမယ့် တခြားသူတွေကတော့ ပီတိဖြစ်နေကြပါပြီ။
"အစ်ကိုကျန်းက အံ့သြစရာပဲ!"
"စွမ်းရည်ကျွမ်းကျင်ကြီးကတော့ အဲဒီဖုတ်ကောင်တွေကို ရိုက်လိုက်တာက လုံးဝ ကျေနပ်စရာကောင်းချက်ပဲ!"
သူတို့၏လမ်းကြောင်းတွင် ပိတ်ဆို့နေသော အသေးစားအတားအဆီးကို ဖယ်ရှားပြီးနောက်၊ အဖွဲ့သည် လျှပ်စစ်ခြံစည်းရိုး အကွာအဝေးကိုဖြတ်သွားကာ မကြာမီ မုန်တိုင်းဒဏ်ခံ အားကစားကွင်းနောက်ဘက်ရှိ နံရံအောက်သို့ ရောက်ရှိလာခဲ့သည်။
ကျန်းရွေ့က သူ့ဖုန်းကိုထုတ်ပြီး တစ်ခုခုကို စာရိုက်လိုက်တယ်။
နှစ်မိနစ်လောက်ကြာတော့ မယုံနိုင်စရာ တစ်ခုခု ဖြစ်သွားတယ်။ သူတို့ရှေ့က တံတိုင်းကြီးဟာ လျင်မြန်စွာ ပြိုကျပြီး တံခါးပုံသဏ္ဍာန်က ရုတ်တရက် ငေါက်ခနဲ ထွက်လာတယ်။
...အသွင်ပြောင်း တံခါးလား။
"စုန့်ခယ်၊ စခန်းကနေ ကြိုဆိုပါတယ်" ကျန်းရွေ့ ပြောပြီးသည်နှင့် မဆိုင်းမတွ တံခါးကို တွန်းဖွင့်လိုက်သည်။
အုပ်စုဝင်ပြီးနောက်တံခါးကို ပြန်ပိတ်လိုက်ရာ တံခါးက ဆယ်စက္ကန့်ခန့်ရှိနေပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားသည်။
စုန့်ခယ် လှည့်ကြည့်လိုက်ရာ နံရံက အရင်ကလို ချောမွေ့နေတာကို တွေ့လိုက်ရတယ်။
__________