[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၆🦋
🦋 ~ 🦋 ~ 🦋
"ဒါက မင်းငါ့ကိုရှာခိုင်းထားတဲ့ အိမ်မှာအကူလုပ်ပေးမယ့်ကောင်လေး၊"
ကိုကြီးရဲ့အိမ်ကပြန်လာပြီး တစ်ဆက်တည်းမှာပဲ ညီဖြစ်သူရှာခိုင်းထားတဲ့ အိမ်အကူတစ်ယောက်ကို ရက်မြတ် ရအောင်ရှာလာခဲ့သည်။
"နာမည်ဘယ်လိုခေါ်လဲ၊"
လမြတ်လည်း အစ်ကိုဖြစ်သူခေါ်လာတဲ့ကောင်လေးကို တစ်ချက်အကဲခတ်မိသည်။အသားဖွေးအုနေတာများ နှင်းပွင့်လေးလိုပဲ။မျက်နှာလေးကလည်း နုနုကလေး။ရှပ်အကွက်စိတ်လက်ရှည်ကို ဝတ်ထားပြီး မလှမ်းမကမ်းမှာ ရိုရိုသေသေလေးရပ်နေလေရဲ့။
လမြတ်က မေးလိုက်တော့ ကောင်လေးက ခေါင်းငုံ့ထားရာမှ...
"ကျွန်တော့်နာမည်က အလင်းသိမ့်ပါခင်ဗျ၊"
အလင်းသိမ့်တဲ့လေ။နာမည်လေးကဆန်းသား။
"မင်းကို တို့တစ်ခုပြောထားမယ်၊ဒီအိမ်မှာ တို့နဲ့တို့ညီလေးနဲ့နှစ်ယောက်တည်းနေတာ၊တို့က အိမ်မှာ မရှိတာများတယ်၊နောက်ဆို ဒီမှာနေဖြစ်ချင်မှလည်း နေဖြစ်မှာ၊ဆိုတော့ မင်းရဲ့တာဝန်က ညီလေးရဲ့ဝေယျာဝစ္စနဲ့ အိမ်အလုပ်လေးလုပ်ရုံပဲ၊ထွေထွေထူးထူးလုပ်စရာတော့မရှိဘူး၊သူစားဖို့သောက်ဖို့ကို သေချာပြင်ဆင်ပေးရင်ရပြီ၊"
"ဟုတ်ကဲ့၊"
"ငါ့ညီက တစ်နေကုန် အခန်းအောင်းနေတာများတော့ မင်းရဲ့တာဝန်က အိမ်ကိုသေချာစောင့်ရှောက်ဖို့လည်း လိုတယ်၊လုပ်စရာမရှိရင် ဖုန်းသုံးလို့ရတယ်၊TVကြည့်လို့လည်း ရတယ်၊လွတ်လွတ်လပ်လပ်နေပြီး ကိုယ့်အိမ်လိုသဘောထား၊လစာကိုလည်း မနည်းစေရသလို မင်းရဲ့အရည်အချင်းပေါ်မူတည်ပြီး ဘောနပ်စ်လည်း စီစဉ်ပေးမယ်၊အဓိကက မင်းဘက်ကနေ မိသားစုစိတ်နဲ့ ရိုးရိုးသားသားရှိဖို့ပဲ ဟုတ်လား၊"
"ဟုတ်ကဲ့ဗျ စိတ်ချပါ၊ကျွန်တော့်တာဝန်ကို ကျွန်တော်ကျေစေရပါ့မယ်ခင်ဗျ၊"
"ကောင်းပြီ...ဪ ဈေးဖိုးကို ငါတစ်ပတ်တစ်ခါပေးမယ်၊လိုတာမှန်သမျှကို ရေခဲသေတ္တာထဲမှာ အကုန်ဖြည့်ထား၊နေ့တိုင်းဝယ်မှဖြစ်မယ့်ဟာဆိုလည်း ငါ့ဆီဈေးဖိုးထပ်တောင်းလို့ရတယ်၊စရင်းစစ်မှာမဟုတ်လို့ ငါမသိပေမယ့် တစ်ခုခုညာတာမိခဲ့ရင် မင်းကိုငါကညှာမှာမဟုတ်ဘူး၊ဈေးဖိုးပိုရင် ယူလို့ရတယ်ဆိုပေမယ့် အပိုရချင်တာနဲ့ပဲ ဘတ်ဖို့မကြိုးစားဖို့ အဓိကပြောချင်တာ၊မင်းအတွက် မုန့်ဖိုးလည်းပေးမှာမို့ မညာဖို့ပဲလိုတယ်၊"