[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၅🦋
🦋 ~ 🦋 ~ 🦋
နေနိုင်းနဲ့ရသကို ပြန်နှင့်ခိုင်းလိုက်ရသည်။သူ့ဆန္ဒတွေပြီးသွားတော့ ရက်မြတ်ကို သူ့ရင်ခွင်ဆီမှာ မှီစေလျက် Vapeကိုဖွာသည်။စတော်ဘယ်ရီရနံ့ရှိတဲ့ အခိုးအငွေ့တွေက အလုံပိတ်ကားထဲမှာ ပျံ့နှံ့နေလျက်။
ရက်မြတ်မှာတော့ ဘာကိုမှ ပြောချင်စိတ်မရှိတော့အောင် စိတ်ကုန်ရလျက် သူ့အလိုကျ သူ့ရင်ခွင်မှာမှီနေရင်း မျက်ရည်ဝဲရသည်။ထို့အတူ စိတ်ထဲ အလိုမကျမှုများနဲ့။ကိုယ့်ဘဝကြီးကို တော်တော်လေး သနားသွားရသည်။ငါက သူလိုတိုင်းသုံးရတဲ့ အပျက်ကောင်အဆင့်ပါလားဆိုပြီး ဒေါသထွက်ရသည်။
သူ့ကိုတွယ်တာလွန်းလို့မဟုတ်သည့်တိုင်အောင် ကိုယ့်ဘဝက အဲ့လောက်တန်ဖိုးမဲ့နေတာကိုတော့ တကယ်ကြီးမကြိုက်တာ။
"ဘေဘီ ကိုယ်နဲ့လက်ထပ်ချင်လား၊"
တိတ်ဆိတ်နေတဲ့ကားလေးထဲမှာ လေပြေလေးက တိုးဝှေ့သွားသလိုပင်။ဝမ်းနည်းစိတ်ကြီးနေရာမှ သူ့ကို တအံ့တဩမော့ကြည့်မိတော့ ဦးလင်းနောင်က ရက်မြတ်ကို ကြင်နာခြင်းတွေပါတဲ့မျက်ဝန်းနဲ့ အမြတ်တနိုးငုံ့ကြည့်နေသည်။
"ကိုကြီး ဘာပြောလိုက်တာလဲ၊"
"ကိုယ့်ရဲ့တရားဝင် လက်တွဲဖော်ဖြစ်ချင်လားလို့၊ကိုယ် ဘေဘီနဲ့မခွဲနိုင်တော့ဘူး၊"
ဦးလင်းနောင်က ရက်မြတ်ရဲ့နဖူးလေးကို မက်မောစွာ နမ်းလာသည်။
"ဟို..."
"ကိုယ်ဝန်ခံတယ် ကိုယ်ဘေဘီ့ကိုစပြီးပတ်သက်မိတုန်းက အပျော်အိပ်ဖော်အနေနဲ့ သဘောထားပြီး ခနတာပဲသာယာချင်ခဲ့တာ၊ဒါပေမယ့် အချိန်ကြာလေ ဘေဘီ့အပေါ်စွဲလမ်းတာက ပိုပိုလာလေပဲ၊ဘေဘီ့ကို သံယောစဉ်ရှိလာတယ်၊အဲ့လိုပဲ ချစ်မိသွားတယ်၊"
ဘယ်လိုမှမထင်မှတ်ထားတဲ့ အခြေအနေကြီးပါ။ခုနလေးကမှ သူ့ကိုစိတ်ဆိုးမိနေရာကနေ ဒီစကားတွေကြားရတော့ အံ့ဩမှုနဲ့အတူ မယုံနိုင်ဖြစ်ရတာတော့ အမှန်ပဲ။ဦးလင်းနောင်လို လူစားမျိုးက ရက်မြတ်ကို အတည်ကြံသတဲ့လေ။