[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၇🦋
🦋 ~ 🦋 ~ 🦋
"ဘေဘီ ကုမ္ပဏီမှာအလုပ်ဝင်ချင်လား၊"
ရုံးသွားခါနီး ဦးလင်းနောင်ကို နက်ခ်တိုင်ကူစည်းပေးနေတုန်း မေးလာတာမို့ ရက်မြတ်လည်း နက်ခ်တိုင်စည်းခြင်းကို လက်စသတ်လိုက်ပြီးမှ...
"နောက်ကြာရင်တော့ ဝင်မှာပေါ့ ကိုကြီးရယ်၊ဒါပေမယ့် အခုချိန်မှာဝင်လိုက်ရင် ပတ်ဝန်းကျင်က ပြောစရာဖြစ်မှာလေ၊ဂရုမစိုက်ပေမယ့် အခုတော့ လုပ်ချင်စိတ်လည်းမရှိသေးလို့၊ဘာလဲ ကိုကြီးက ဘေဘီ့ကို ဒီတိုင်းတင်ကျွေးမထားချင်ဘူးပေါ့လေ ဟွန့်!"
မျက်စောင်းလေးချီကာ စူပုတ်ပုတ်ပြောလိုက်တော့ ကိုကြီးက တဟားဟားအော်ရယ်ကာ ရက်မြတ်ရဲ့ဆံပင်တွေကို ဆွဲဖွလျက်။
"ဟားဟား မကျွေးထားချင်စရာလား၊ဘေဘီ တစ်သက်လုံး ဘာမှမလုပ်ပဲထိုင်စားရင်တောင် ကိုကြီးကမငြိုငြင်ဘူး၊ဒါပေမယ့် လူဆိုတာကလေ ဘာမှမလုပ်ပဲထိုင်နေရင် ဓားတွေလိုပဲ တုံးပြီး သံချေးတက်တတ်တယ်၊အမြဲ ကိုယ့်အရည်အချင်းတွေကို သွေးနေမှာပေါ့ ကလေးရဲ့၊ကိုယ်ပြောပြမယ် ကိုယ်ကလေ ဘေဘီ့ကို ခြေမွှေးမီးမလောင်ထားချင်တာမှန်ပေမယ့် ကိုယ့်အရည်အချင်းနဲ့ကိုယ်ရပ်တည်နိုင်အောင်လည်း အတောင်တပ်ပေးချင်သေးတာ၊"
"ဟုတ် ဘေဘီက စတာပါ၊ကိုကြီးရဲ့စေတနာကို နားလည်တယ်နော်၊စိတ်ချ တစ်လလောက်နားပြီးရင် ကိုကြီးရဲ့ကုမ္ပဏီမှာ ဝင်မယ် ဟုတ်လား၊"
"အိုကေဗျာ...ဪ ဒါနဲ့ ဘေဘီ့ညီလေးကို တစ်ခုခုဝယ်ပေးချင်ရင်လည်း ဘေဘီ့ကိုလုပ်ပေးထားတဲ့ဘဏ်ကဒ်ထဲကနေ ယူသုံးလို့ရတယ်နော်၊ကိုကြီးကို အားနာနေမှာစိုးလို့၊"
"အိုခေခ"
"ဒါဆို ကိုကြီးအလုပ်သွားတော့မယ်၊ညရောက်မှ ချစ်ကြမယ် နော်..."
ရက်မြတ်ရဲ့မေးဖျားလေးကိုဆွဲယူကာ နှုတ်ခမ်းကို ဖျတ်ခနဲအနမ်းပေးကာထွက်သွားလေသူ။ရက်မြတ်လည်း လုပ်စရာမရှိတော့ပြီမို့ ဖုန်းကိုယူကာ နေနိုင်းကို လှမ်းခေါ်လိုက်၏။