[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၈🦋
🦋 ~ 🦋 ~ 🦋
"ဘာတွေချက်ပြုတ်နေပါသလဲခင်ဗျာ၊"
အသံနဲ့အတူအနားရောက်လာသော ရသက မြင်လိုက်တိုင်း အေးချမ်းစေတဲ့သူ့အပြုံးချိုချိုလေးတွေကို ဖောဖောသီသီထုတ်သုံးနေလျက်။နေနိုင်းလည်း ဘုန်းကြီးကျောင်းဆွမ်းပို့ရန် ပြင်ဆင်နေရာမှ...
"ဆွမ်းချိုင့်ပို့ရမယ့်နေမို့ချက်နေတာ... အလုပ်မရှိဘူးလား ဒီနေ့၊"
"ပြန်လာပြီ... ဪ ငါဘာမှမစားရသေးလို့၊အုန်းနို့ခေါက်ဆွဲရသေးလား၊"
"ဆိုင်သိမ်းချိန်ဖြစ်နေပြီ၊နာရီလည်းကြည့်ဦး ၉နာရီထိုးခါနီးပြီ၊"
"ဟွန်...ဒါဆို မစားရတော့ဘူးပေါ့၊"
ယောက်ျားဆန်စွာစူပုတ်သွားတဲ့ ရသရဲ့မျက်နှာလေးကိုကြည့်ကာ နေနိုင်းမှာ သဘောတကျရယ်မိလျက်...
"စားနေကြဖောက်သည်ကြီးအတွက် တစ်ပွဲချန်ထားပါတယ် ခင်ဗျာ၊ဟိုးအုပ်စောင်းအောက်မှာ ကိုယ့်ဘာသာထည့်စားလိုက်၊"
"အဲ့ဒါကြောင့် နိုင်း...မင်းကိုချစ်နေရတာ အူးးးမွ၊"
ရသက နေနိုင်းရဲ့ပါးတစ်ဖက်ကို ခပ်ဖွဖွဆွဲညှစ်လျက် လေထဲကနေပင် kiss sign လုပ်လာသည်။သူက ရိုးရိုးသားသားပေမယ့် မရိုးသားသူကိုယ့်မှာ ရင်ခုန်သံတွေ ဆူညံသွားရ၏။
"ခွန်း"
ထိုအချိန်တွင် ဆိုင်ထဲဝင်လာကာ လှမ်းခေါ်လာသူကြောင့် လှည့်ကြည့်မိတော့ မဟာမင်းမြတ်။
"ဪ မင်းမြတ်...ကိစ္စရှိလို့လား၊"
"ဟုတ် တိုဟူးနွေးစားချင်လို့၊"
"အယ် ကုန်ပြီကွ...စောစောမလာပဲနဲ့၊"
ရက်မြတ်နဲ့မဟာမင်းမြတ်က ဘာမှမပတ်သက်ခဲ့ပဲ သူက နေနိုင်းတို့သူငယ်ချင်းနှစ်ယောက်လုံးကို ကစားချင်ခဲ့တာမဟုတ်မှန်း ရက်မြတ်ဆီကနေ သိရပြီးပြီမို့ မင်းမြတ်ကို ပြန်မချစ်နိုင်သည့်တိုင်အောင် တရင်းတနှီးဆက်ဆံဖို့ ဝန်မလေး။
"ဗိုက်ဆာနေလို့လား နေဦး ခေါက်ဆွဲပြုတ်တော့ရမယ် စားမလား၊"