[Unicode]
🦋ချစ်လှစွာသော🦋
🦋အပိုင်း~၉🦋
🦋 ~ 🦋 ~ 🦋
"ခွန်း"
မနက်ဆိုင်ဖွင့်ရန် ဆိုင်အတွက်လိုအပ်တာတွေဝယ်ဖို့သွားနေတုန်း အနောက်ကနေခေါ်ကာ အပြေးလေး နံဘေးရောက်လာသူကြောင့် လှည့်ကြည့်မိတော့...မင်းမြတ်။
"အိမ်သွားခဲ့တာ ဈေးဝယ်သွားတယ်ဆိုလို့လိုက်လာတာ၊ပေး ကျွန်တော်လိုက်ချင်လို့၊"
မင်းမြတ်က သူ့ဘာသာသူပင်ပြောကာ နေနိုင်းရဲ့လက်ထဲမှ ဈေးခြင်းကို ဆွဲယူသွားသည်။
"ကုမ္ပဏီမှာအလုပ်ဝင်တော့မယ်ဆိုပြီး ဘာလို့ တစ်နေ့နှစ်ခါလောက်ပေါ်လာနေတုန်း၊"
"ဟဲဟဲ ကိုယ်နောက်လမှအလုပ်ဝင်တော့မှာ၊"
"ဟင် ဘာလို့..."
"ခွန်းကို အလုပ်မဝင်ခင် အရပိုးပန်းမလို့လေ၊"
မဟာက ခပ်ပြုံးပြုံးကျီစယ်တော့ စူပုတ်သွားတဲ့မျက်နှာထားလေးက ချစ်ပစ်ချင်စရာ။
"ကိုယ့်မျှော်လင့်ချက်တွေနဲ့ကိုယ်ပိတ်မိပြီးတော့ ခံစားရရင် ကိုယ်တာဝန်မယူဘူးနော် မင်းမြတ်၊တားမရလို့ ပိုးပန်းချင်သပါ့ဆိုလည်းသဘော၊ကိုယ်ကတော့ ငြင်းထားပြီးသား၊"
မဟာ ခွန်းကိုသဘောကျတဲ့အထဲမှာ ထိုအချက်လည်းပါသည်။စကားကို ဝေ့မနေပဲ ဒဲ့ဆော်တတ်တာလေးကို ချစ်ရသည်။
"ငြင်းတာကခွန်းရဲ့အခွင့်အရေးဆို ပိုးပန်းမှာကလည်း ကိုယ့်အခွင့်အရေးပဲလေ၊လွတ်လပ်တဲ့ကောင်လေးတစ်ယောက်ကို လွတ်လပ်တဲ့ ကိုယ့်လိုလူပျိုကလေးက လိုက်ပိုးပန်းတာ အပြစ်တော့မဟုတ်ဘူးမလား ဟင်၊"
ခါးလေးကိုင်းကာ ခွန်းရဲ့မျက်နှာနားကို တိုးကပ်လျက် ပြုံးစစပြောလာပုံက တခြားသူသာဆိုရင် ကြွေပစ်ချင်စရာတော့ကောင်းသား။သို့ပေမယ့် နေနိုင်းရဲ့ရင်ထဲမှာ တစ်ယောက်သောသူက အမြစ်တွယ်ထားနှင့်ပြီမို့ တခြားသူမတိုးတော့ပါ။
"ဒါနဲ့မေးပါဦးမယ်၊မင်းလေ တခြားမင်းထက်ကြီးတဲ့သူတွေနဲ့ဆို ကျွန်တော်လို့ပြောရဲ့သားနဲ့ ကိုယ်နဲ့ဆို တကိုယ်တည်းကိုယ်နေတာ ဘာလို့တုန်း၊"